နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အပြောင်းအရွှေ့ အသုံးစရိတ် အများဆုံး ကလပ် အဖြစ် ရပ်တည်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ဆက်လက်ပြီး ၂၀၁၅ ကနေ ၂၀၂၄ ခုနှစ် အထိ ဆယ်စုနှစ်တာ ကာလ အတွင်း ကမ္ဘာတစ်ဝှမ်း အပြောင်းအရွှေ့ အသုံးစရိတ် အများဆုံး ဘောလုံး ကလပ်တွေကို CIES က ဆက်လက် ဖော်ပြခဲ့ပါတယ်။ CIES ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးမှာ ရပ်တည်နေပြီးတော့ ထိပ်ဆုံး ၁၀ သင်း စာရင်းမှာတော့ ပရီးမီးယားလိဂ်က ၆ သင်း အထိ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန် အခြေစိုက် ဘောလုံးသုတေသန အဖွဲအစည်းတဲ့ CIES ကပဲ အစီရင်ခံစာ ထုတ်ပြန်လာခဲ့တာ ဖြစ်ပြီး ဆယ်စုနှစ် တစ်ခု အတွင်းမှာ ယူနိုက်တက်က အပြောင်းအရွှေ့ အသုံးစရိတ် အများဆုံး ကလပ် အဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ စာရင်းအရ ဆိုရင် ယူနိုက်တက်ဟာ ၂၀၁၅ ကနေ ၂၀၂၄ ခုနှစ် နွေရာသီ အထိ အသုံးစရိတ် စုစုပေါင်းမှာ ပေါင် ၁.၀၈ ဘီလီယံ (ယူရို ၁.၃ ဘီလီယံ) အထိ ရှိခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အနောက် မှာတော့ ချဲလ်ဆီးက ပေါင် ၁.၀၇ ဘီလီယံ (ယူရို ၁.၂ ဘီလီယံ)၊ ပီအက်စ်ဂျီက ပေါင် ၈၂၅ သန်း (ယူရို ၉၉၁ သန်း)၊ အာဆင်နယ်က ပေါင် ၆၆၁ သန်း (ယူရို ၇၉၅ သန်း)၊ စပါးက ပေါင် ၅၉၁ သန်း (ယူရို ၇၁၁ သန်း)၊ မန်စီးတီးက ပေါင် ၅၈၅ သန်း (ယူရို ၇၀၃ သန်း) တို့နဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။

ဒါကြောင့် အသုံးစရိတ် အများဆုံး ထိပ်ဆုံး ၁၀ သင်း စာရင်း မှာတော့ ပရီးမီးယားလိဂ် ကလပ် ၆ သင်း အထိ ပါဝင်နေပြီး လီဂူးဝမ်း၊ စီးရီးအေ၊ လာလီဂါနဲ့ ဆော်ဒီပရိုလိဂ် ကလပ် တို့က တစ်သင်းစီသာ ပါဝင်နေခဲ့တာ တွေ့ရပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေ အများဆုံး ပါဝင်နေတဲ့ ငွေသုံးအကြမ်းဆုံး စာရင်း

အဆိုပါ အသင်းတွေရဲ့ နောက်မှာတော့ အေစီမီလန်က ပေါင် ၅၂၇ သန်း (ယူရို ၆၃၃ သန်း)၊ နယူးကာဆယ်က ပေါင် ၅၂၁ သန်း (ယူရို ၆၂၆ သန်း)၊ ဘာစီလိုနာက ပေါင်သန်း ၅၀၀ (ယူရို ၆၀၁ သန်း)၊ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ်က ပေါင် ၄၆၂ သန်း (ယူရို ၅၅၆ သန်း)နဲ့ အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် အသုံးစရိတ် အများဆုံး ထိပ်ဆုံး ၁၀ သင်း စာရင်း မှာတော့ ပရီးမီးယားလိဂ် ကလပ် ၆ သင်း အထိ ပါဝင်နေပြီး လီဂူးဝမ်း၊ စီးရီးအေ၊ လာလီဂါနဲ့ ဆော်ဒီပရိုလိဂ် ကလပ် တို့က တစ်သင်းစီသာ ပါဝင်နေခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းက ပေါင် ၄၅၆ သန်း (ယူရို ၅၄၈ သန်း) နဲ့ အဆင့် ၁၁၊ အက်စတွန်ဗီလာက ပေါင် ၄၃၃ သန်း (ယူရို ၅၂၁ သန်း)နဲ့ အဆင့် ၁၃၊ ဘုန်းမောက်က ပေါင် ၃၁၈ သန်း (ယူရို ၃၈၃ သန်း)နဲ့ အဆင့် ၁၆၊ လစ်ဗာပူးလ်က ပေါင် ၃၀၄ သန်း (ယူရို ၃၆၆ သန်း)နဲ့ အဆင့် ၁၇၊ ခရစ္စတယ်ပဲလေ့စ်က ပေါင် ၃၀၁ သန်း (ယူရို ၃၆၃ သန်း)နဲ့ အဆင့် ၁၈၊ ဝုဗ်က ပေါင် ၂၈၇ သန်း (ယူရို ၃၄၅ သန်း)နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် ထိပ်ဆုံး အသင်း ၂၀ စာရင်း မှာတော့ ပရီးမီးယားလိဂ် ကလပ် ၁၂ သင်း အထိ စံချိန်တင် ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်