နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာရက်ဇ် နေရာမှာ စိတ်လှုပ်ရှားဖွယ် အစားထိုးမှု ပြုလုပ်တော့မယ့် မန်စီးတီး (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၆ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မာရက်ဇ် နေရာမှာ စိတ်လှုပ်ရှားဖွယ် အစားထိုးမှု ပြုလုပ်တော့မယ့် မန်စီးတီး

မန်ချက်စတာစီးတီးဟာ လက်ရှိမှာ အသင်း ကနေ ထွက်ခွာသွားခဲ့တဲ့ ရီယက်ဒ် မာရက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ညာတောင်ပံ ကစားသမားသစ် ခေါ်ယူဖို့ စဉ်းစားနေပြီး ပြီးပြည့်စုံတဲ့ကစားသမားကို ခေါ်ယူသွားဖွယ်ရှိပါတယ်။

မာရက်ဇ်ဟာ ယခုနွေရာသီမှာ အယ်လ်ဟီလာလ် အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဆော်ဒီကလပ် အသင်းက ပေါင်သန်း ၃၀ နဲ့ အယ်လ်ဂျီးရီးယား ကြယ်ပွင့်ကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးနဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး နည်းပြ ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီ ဆုဖလား ၃ လုံး တပြိုင်နက်ရရှိခဲ့တဲ့ အောင်မြင်မှု အတိုင်း ဆက်လက် လုပ်ဆောင်နိုင်ဖို့ အတွက် တောင်ပံကစားသမားသစ်က မရှိမဖြစ် လိုအပ်တယ် ဆိုတာကို သိရှိနေတာ ဖြစ်ပါတယ်။

Football Insider ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ချန်ပီယံဟာ ခရစ္စတယ်ပဲလေ့စ် ကြယ်ပွင့် မိုက်ကယ် အိုလစ်ကို မာရက်ဇ်ရဲ့ နေရာမှာ ပြီးပြည့်စုံတဲ့ အစားထိုးခေါ်ယူမှု အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်ယူ-၂၁ ကစားသမားရဲ့ စာချုပ် လျော်ကြေးဟာ ပေါင် ၃၅ သန်းသာ ရှိတယ်လို့ သိရပါတယ်။


မန်စီးတီး ကြယ်ပွင့်ကို ချီးကျူးလိုက်တဲ့ ရက်ရှ်ဖို့ဒ်

မားကပ်စ် ရက်ရှ်ဖို့ဒ်က မန်ချက်စတာစီးတီး နောက်ခံ ကစားသမား ကိုင်လီ ဝေါ်ကာဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ၎င်းရဲ့ ယှဉ်ပြိုင်လို့ မရနိုင်တဲ့ မြန်နှုန်းနဲ့ ကြံ့ခိုင်မှု တို့ကြောင့် နေရာပေးခြင်း ခံခဲ့ရတာ ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ မြို့ခံပြိုင်ဘက် အသင်း အတွက် ကစားပေးနေတဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဖော်နဲ့ မကြာခဏဆိုသလို ရင်ဆိုင်ခဲ့ရပြီး ယှဉ်ပြိုင်ကစားရတာ ခက်ခဲခဲ့တယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023
ပေါ်တူဂီ
ဗီယက်နမ်
1X2 ဗီယက်နမ် @ 14.50
ဂိုးပေါ် 3.00 @ 1.92
ဂိုးပေါင်း 0-1 @ 4.50
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လုပ်နိုင်စွမ်းတွေက မယုံနိုင်စရာ ကောင်းပါတယ်။ သူနဲ့ ရင်ဆိုင်ရရင် အမြဲတမ်း ခက်ခဲတဲ့နေ့ တစ်နေ့ ဖြစ်လာမှာပါ။ ခင်ဗျား သူ့ကို ကာကွယ်ဖို့နဲ့ အမီလိုက်ဖို့ ဒါမှမဟုတ် သူ့ကို မှားယွင်းတဲ့ နေရာကို ရောက်သွားအောင် လုပ်ဖို့ ကြိုးစားရမှာပါ။ ဒါပေမယ့် အဲဒီလို ဖြစ်သွားရင်တောင်မှ သူက ပြန်ပြီး မှန်ကန်အောင် လုပ်နိုင်တယ်။ သူနဲ့ ရင်ဆိုင်ရတဲ့ ပွဲက အမြဲတမ်း ခက်ခဲခဲ့ပါတယ်။ ကျွန်တော် သူ ချိုးမဝင်နိုင်တဲ့ နေရာတွေထဲကို ချိုးဝင်နိုင်ဖို့ ကြိုးပမ်းတာ ဒါမှမဟုတ် သူ ကျွန်တော့်ကို ဖြတ်ကျော်သွားနိုင်တဲ့ နေရာကို ဝင်နိုင်ဖို့ ကြိုးပမ်းတာမျိုး လုပ်တယ်။ သူ ကျွန်တော့်ကို ဖြတ်ကျော်သွားတဲ့ အခါမှာ ကျွန်တော် နောက်ကို နည်းနည်းပြန်ဆုတ်တယ်။ ကွင်းလယ်ခံစစ် ကစားသမားနဲ့ အဝေးကိုပေ့ါ။ ဒါမှမဟုတ် တခြား ဘယ်နေရာကိုပဲ ဖြစ်ဖြစ်ပေါ့။”လို့ ပြောကြားခဲ့ပြီး ကီဗင် ဒီဘရိုင်းနား ကိုလည်း ပရီးမီးယားလိဂ်ရဲ့ ပြီးခဲ့တဲ့ ၄ နှစ်၊ ၅ နှစ် အတွင်း အကောင်းဆုံး ကစားသမားလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။


စတုတ္ထမြောက် ခေါ်ယူမှု အပြီးသတ်နိုင်တော့မယ့် အာဆင်နယ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ မကြာသေးမီက သတင်းတွေသာ ယုံကြည်ရမယ် ဆိုရင် လာမယ့်အပတ်မှာ ယခုနွေရာသီ စတုတ္ထမြောက် ခေါ်ယူမှုကို ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဂရီမီယို ကစားသမား ဘီတယ်လိုကို ခေါ်ယူနိုင်တော့မယ့် အာဆင်နယ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ မကြာသေးမီက သတင်းတွေသာ ယုံကြည်ရမယ် ဆိုရင် လာမယ့်အပတ်မှာ ယခုနွေရာသီ စတုတ္ထမြောက် ခေါ်ယူမှုကို ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ ရာသီ ဆုဖလား ရရှိခါနီးမှ လက်လွှတ်ခဲ့ရပြီးနောက် ယခုနွေရာသီမှာ ခိုင် ဟာဗတ်ဇ်၊ ယူရီယန် တင်းဘား၊ ဒီကလန် ရိုက်စ်တို့ကို ခေါ်ယူ အားဖြည့်ထားခဲ့တာ ဖြစ်ပါတယ်။ Tuttotmercatoweb ရဲ့ ဖော်ပြချက်အရ ဂရီမီယို ကွင်းလယ် ကစားသမား ဘီတယ်လိုကို ယခုအပတ်မှာ အပြီးသတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အသက် ၂၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဘီတယ်လို အတွက် အာဆင်နယ် အသင်းဟာ ဂရီမီယိုကို ပေါင် ၆.၈ သန်း ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်ထဲမှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မလား ဆိုတာကို စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်