မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အဲဗာတန်နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ခံစစ် ကစားသမား ဟယ်ရီ မက်ဂွိုင်းယားရဲ့ ဆိုးရွားတဲ့ ခံစစ်ကစားပုံကြောင့် ပေးဂိုး ၂ ဂိုး ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက ဒီအင်္ဂလန်သားကို လူမှုကွန်ရက် စာမျက်နှာတွေ အပေါ်မှာ ဒေါသတကြီး ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။
ဘီတိုနဲ့ ဒူကိုရေး တို့က အဲဗာတန် အတွက် ဂိုးတွေ သွင်းယူပေးခဲ့ပြီးတော့ ပထမပိုင်းမှာပဲ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးတော့ မက်ဂွိုင်းယား ကလည်း ဘယ်သွင်းဂိုး ကိုမှ ကာကွယ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒုတိယဂိုး မှာတော့ မက်ဂွိင်းယားက ဂျက် ဟယ်ရီဆန်ကို လူကပ်ပုံ ညံ့ခဲ့တာကြောင့် ဒူကိုရေး ကလည်း သူ့ကို ကျော်ဖြတ်ပြီး ခေါင်းတိုက် သွင်းယူသွားခဲ့တာကြောင့် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက မက်ဂွိုင်းယားကို အလွန်အမင်း ဒေါသထွက်နေကြပြီး X ပေါ်မှာ တောက်လျောက် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်နေကြပါတယ်။ ပထမ တစ်ဦးက “ဒါက နောက်ပြောင်နေတာ မဟုတ်ဘူး။ မက်ဂွိုင်းယားရဲ့ စာချုပ်ကို ပထမပိုင်းပြီးချိန်မှာပဲ ဖျက်သိမ်းလိုက်ပါ။ လုံးဝ ရှက်စရာပါပဲ။”လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ် တစ်ဦး ကတော့ “ဘာလို့ ဒီနောက်ခံလူတွေက အခုလိုကြီး ရပ်ကြည့်နေကြတာလဲ။ ဟယ်ရီ မက်ဂွိုင်းယား ဘာလုပ်နေတာလဲ။ ဒါတွေက သိထားရမယ့် အခြေခံအချက်တွေပါ။ ဒါက ယုံကြည်နိုင်စရာ မရှိလောက်အောင် ရယ်စရာ ကောင်းလွန်းပါတယ်။” လို့ ရေးသားခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးတော့ အမော်ရင်ရဲ့ ခံစစ် ၃ ယောက်တန်းမှာ နောက်ဆုံး ၁၃ ပွဲမှာ ၁၁ ပွဲ အထိ ပါဝင် ကစားပေးထားခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဂွိုင်းယားက ဂွတ်ဒီဆင်ပါ့ခ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ခံစစ်မှာ အတွက် အသုံးတည့်ရဲ့လား ဆိုတဲ့ မေးခွန်းတွေ ပိုပြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်က ၂ ဂိုးစီနဲ့ သရေကျအောင် ပြန်လည် တိုက်ပွဲဝင်နိုင်ခဲ့တာကြောင့် အသင်းသားတွေလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံရတဲ့ အခြေအနေ ကနေ အနည်းငယ် သက်သာရာရခဲ့ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးတော့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေက မြင့်တက်လျက် ရှိပြီး သူ့ကို အသင်း ကနေ ထွက်ခွာစေချင်သူတွေလည်း ရှိနေကြပါတယ်။ ဒါကြောင့် ရူဘင် အမော်ရင်နဲ့ အသင်း တာဝန်ရှိသူတွေ အနေနဲ့ မက်ဂွိုင်းယားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ဆုံးဖြတ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ဆက်လက် ရပ်တည်နေပြီးတော့ တန်းဆင်းဇုန်နဲ့တော့ ၁၃ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ လက်ကျွန် ပွဲစဉ်တွေမှာ ရလဒ်တွေ ဆက်လက် ဆိုးရွားနေဦးမယ် ဆိုရင်တော့ ပရီးမီးယားလိဂ် မှာ အဆင့်တွေ ဆက်လက် ကျဆင်းနိုင်ဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.