ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တိုက်စစ် ကစားသမား လူးဝစ် ဒီးယက်ဇ် ကတော့ သူ့အနေနဲ့ မာဆေးလ်ဆိုက်ဒ် ကလပ်မှာ ဆက်နေလိုကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။
အသက် ၂၈ နှစ် အရွယ် ကိုလံဘီယာ တိုက်စစ်မှူးဟာ ဒီရာသီ နည်းပြ အာနေး ဆလော့တ်ရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီးယက်ဇ်က ယခင်က ဘယ်တောင်ပံမှာ ကစားနေရာ ကနေ ဆလော့တ်ရဲ့ နည်းစနစ်ဗျူဟာသစ် အောက်မှာတော့ အထောင် တိုက်စစ်မှူး အဖြစ် ပြောင်းလဲ ကစားနေတာ ဖြစ်ပါတယ်။ ဒီးယက်ဇ်ဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံးမှ ၅၁ ပွဲ ကစားပြီး ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီ မှာတော့ ၃၈ ပွဲ ကစားပြီးချိန်မှာ ၁၃ ဂိုး သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကိုလံဘီယာသားက ဒီရာသီ လစ်ဗာပူးလ် အတွက် မိုဟာမက် ဆာလာ ပြီးရင် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေခဲ့ပါတယ်။
ဒါပေမယ့် သတင်းတွေရဲ့ ဖော်ပြချက်အရ ဒီးယက်ဇ်ဟာ ပြည်တွင်းမှာရော၊ ဥရောပ ပြိုင်ပွဲမှာပါ ခြေစွမ်းပြနေသည့် တိုင်အောင် လစ်ဗာပူးလ်နဲ့ သူ့ရဲ့ အနာဂတ်က အခုချိန်ထိ မသေချာသေးဘူးလို့ သိရပါတယ်။ စပိန်ဘာသာ စကားပြောသူ ဖြစ်တဲ့ ကိုလံဘီယာ လက်ရွေးစင်ဟာ ကတ်တာလန် ထိပ်သီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ် ချိတ်ဆက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ တစ်ဖက် မှာတော့ လစ်ဗာပူးလ်ရဲ့ ကလပ် ချန်နယ်တွေနဲ့ တွေ့ဆုံချိန်တွေ မှာတော့ လူးဝစ် ဒီးယက်ဇ်က အားလုံး မျှော်လင့်ထားတဲ့ အတိုင်း သူ့ အနေနဲ့ ကလပ်မှာ အပြည့်အ၀ ဆက်လက် ရှိနေမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ တခြားသော ကိုလံဘီယာ ကစားသမားတွေရဲ့ အောင်မြင်မှုတွေကို အတုယူလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“အခု လူမှုကွန်ယက်တွေမှာ လူတွေ အကြိမ်ကြိမ် တင်တဲ့ အခြေအနေတွေကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဟူဂိုနဲ့ တခြား ကိုလံဘီယာ ကစားသမားတွေနဲ့ ရင်းနှီးရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ သူတို့ နောက်မှာ အနီးကပ် ရှိနေရတာ တကယ့်ကို ဝမ်းသာပီတိ ဖြစ်စရာပါ။ နောက်ပြီး တစ်ချိန်ချိန်မှာ သူတို့ကို လိုက်မီနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါက ကျွန်တော့်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်ရေး ပစ်မှတ်တွေထဲက နောက်တစ်ခုလို့ ပြောလို့ ရပါတယ်။ ကျွန်တော့် အတွက် အခြေအနေ ကောင်းနေပြီး ကျွန်တော်က ကောင်းမွန်တဲ့ ပုံစံမှာ ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒီးယက်ဇ်က “ကျွန်တော် အလိုချင်ဆုံး အရာက သမိုင်းကို ဆက်လက် ထိန်းသိမ်းထားဖို့ ဖြစ်ပြီးတော့ ပထမဆုံး အနေနဲ့ ကျွန်တော် အင်္ဂလန်ကို လာကစားမယ့် ကိုလံဘီယာ နိုင်ငံသားတွေ အတွက် အမှတ်အသားတွေ ချန်ထားခဲ့ချင်တာပါပဲ။ အဲဒါက ကျွန်တော်တို့ အားလုံး လုပ်ခဲ့သလိုပဲ အပြုသဘော ဆောင်တဲ့ ပုံရိပ် တစ်ခုပေးဖို့ အခုအချိန်မှာ ကျွန်တော်တို့ အားလုံး အတွက်လည်း သော့ချက် တစ်ခုပါပဲ။ အခုလည်း ဒီကလူတွေက အဲဒါကို လုပ်ဖို့ ကြိုးစားနေကြတာပါ။ ကျွန်တော် အရမ်းပျော်ရွှင်နေပြီး နောင်မှာလည်း အလားတူ အရာတွေကို ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီးယက်ဇ်ဟာ ဂျူန် ပါဘလို အိန်ဂျယ်၊ ဟာမီလန်တန် ရစ်ချက်ဒ်၊ ဟူဂို ရိုဒယ်လီဂါ တို့ပြီးရင် ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကိုလံဘီယာ ကစားသမား အဖြစ် ရပ်တည်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.