ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ လာမယ့် ရာသီမှာ အသင်းရဲ့ ဘယ်ခြမ်း ခံစစ်ကို အင်အားဖြည့်တင်းဖို့ အတွက် ဘုန်းမောက်က မီလော့စ် ကာကက်ဇ်နဲ့ ဖူလ်ဟမ်က အန်တိုနီ ရော်ဘင်ဆင် တို့ကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
လစ်ဗာပူးလ်ဟာ ရာသီအကုန်မှာ အသင်းရဲ့ ငယ်မွေးခြံပေါက် အဓိက ဘယ်နောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို ရီးရဲလ်မက်ဒရစ်ထံ လက်လွှတ်ရဖို့ များနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မိုဟာမက် ဆာလာ၊ လူးဝစ္စ ဒီးယက်ဇ်၊ ဗာဂျယ် ဗန်ဒိုက်ခ် တို့လို အဓိက ကစားသမား အများအပြားကို ဆုံးရှုံးရဖွယ် ရှိနေပြီးတော့ ကစားသမားသစ်တွေနဲ့ အသင်းကို ပြန်လည် တည်ဆောက်ရဖို့ ရှိနေတာပါ။ ပရီးမီးယားလိဂ် ကလပ်ဟာ နွေရာသီ အပြောင်းအရွှေ့ မစတင်ခင် ကတည်းက နေရာစုံ အတွက် ကစားသမား တော်တော်များများကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေအရ လစ်ဗာပူးလ်ဟာ ဟန်ဂေရီ လက်ရွေးစင် ကာကက်ဇ်နဲ့ အမေရိကန် လက်ရွေးစင် ရော်ဘင်ဆင် တို့ နှစ်ဦးစလုံးကို ဘယ်ခြမ်းခံစစ် အတွက် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဘုန်းမောက် ကတော့ မီလော့စ် ကာကက်ဇ်ကို ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီအစ ကမှ နယ်သာလန် ကလပ် အေဇက် အယ်လ်ခမာ ဆီကနေ ခေါ်ယူခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က ယူရို ၁၅ သန်းသာ ပေးချေခဲ့ရပါတယ်။ အယ်လ်ခမာ ကလည်း ကာကက်ဇ်ကို အေစီမီလန် ယူ ၁၉ အသင်း ကနေ ယူရို ၃ သိန်းထဲနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘုန်းမောက် ကတော့ ကာကက်ဇ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၄၀ ဝန်းကျင် အလိုရှိနေတယ်လို့ သိရပြီး အသက် ၂၁ နှစ် အရွယ် ကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်း ကတော့ ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
ဖူလ်ဟမ် ကတော့ အမေရိကန် လက်ရွေးစင် ရော်ဘင်ဆင်ကို ၂၀၂၀ ခုနှစ်မှာ ဝီဂန် ကနေ ပေါင် ၂ သန်း ဝန်းကျင်နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန် မှာတော့ ပေါင်သန်း ၅၀ အထိ လိုချင်နေပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ် ကတော့ အသက် ၂၇ နှစ် အရွယ် ကစားသမား အတွက် ပေါင်သန်း ၄၀ ခန့်သာ အသုံးပြုလိုနေကြောင်း သိရပါတယ်။
လစ်ဗာပူးလ်ဟာ ဒီရာသီမှာ ဖလား ၄ လုံး အောင်မြင်မှုကို မျှော်လင့်ခဲ့ပေမယ့်လည်း အခု နောက်ဆုံး မှာတော့ ပရီးမီးယားလိဂ် နဲ့ပဲ ကျေနပ်ရဖို့ များနေခဲ့ပြီ ဖြစ်ပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက ရာသီအစမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ကစားနိုင်ခဲ့လို့သာ လက်ရှိ အချိန်မှာ ဆုဖလား တစ်လုံး မျှော်လင့်ခွင့် ရှိနေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၃ ပွဲ အထိ ရှိနေပြီးတော့ အသင်းလိုက် ကစားပုံရော၊ ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်တွေကပါ မေးခွန်းထုတ်စရာ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ အာနေး ဆလော့တ် အနေနဲ့ လာမယ့် ရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုလားနေတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.