ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ မိုဟာမက် ဆာလာကို အသင်းမှာ ဆက်ထိန်းထားချင်ဆဲ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အီဂျစ်သားဟာ လစ်ဗာပူးလ်ကို ဖိအားတွေ ပေးခဲ့ပြီးနောက် အန်ဖီးလ်မှာ သူ့ရဲ့ အနာဂတ်က ချက်ချင်းပဲ မသေမချာ ဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လည်း ကလပ် ဘက်ကတော့ အီဂျစ် ကြယ်ပွင့်ကို “ရှုပ်ထွေးတဲ့” အဖြစ်အပျက်တွေ အကြားမှာ ဆက်ထိန်းထားချင်နေဆဲ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
မိုဆာလာဟာ ပြီးခဲ့တဲ့ တပတ်က အရန်ခုံမှာ ၃ ပွဲ ဆက်တိုက် ထိုင်ခဲ့ရပြီးနောက် သူ့ရဲ့ မကျေနပ်မှုတွေကို အင်တာဗျူး တစ်ခုမှာ ဖြေကြားပြီး ပေါက်ကွဲခဲ့တာပါ။ လစ်ဗာပူးလ်တို့ ခြေစွမ်း ကျဆင်းနေမှု အတွက် သူ့အနေနဲ့ အပြစ်ပုံချခြင်း ခံနေရကြောင်း နည်းပြ အာနေး ဆလော့တ်နဲ့ ဆက်ဆံရေး မရှိတော့ကြောင်း ဆာလာက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အတိတ်က သူ့ရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် လစ်ဗာပူးလ်မှာ သူ့ရဲ့ နေရာ အတွက် တိုက်ပွဲဝင်ဖို့ မလိုအပ်ဘူးလို့တောင် ပြောဆိုခဲ့ပါတယ်။ ဆာလာဟာ သတင်းထောက်တွေနဲ့ တခါတရံမှသာ စကားပြောလေ့ ရှိပေမယ့် ထူးဆန်းစွာနဲ့ပဲ အခုလို သူ့ရဲ့ မကျေနပ်မှုတွေကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဥရောပ ထိပ်တန်း ကလပ် တချို့နဲ့ ဆော်ဒီပရိုလိဂ်က မိုဟာမက် ဆာလာရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိပြီး အခွင့်အရေး ရရင် ရသလို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က ဆာလာကို ရောင်းချလိုခြင်း မရှိကြောင်း ထပ်လောင်း ဖော်ပြထားပါတယ်။ လက်ရှိမှာ ဆာလာက လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း ၁၈ လ ကျန်ရှိနေပြီး လက်ရှိမှာ အခြေအနေတွေက အရှုပ်ထွေးဆုံး ဖြစ်နေပါတယ်။

ဆော်ဒီပရိုလိဂ် အမှုဆောင်ချုပ် အိုမာ မက်ဟာဘဲလ်က ဆော်ဒီ ကလပ်တွေဟာ လာမယ့် ဇန်နဝါရီမှာ ဆာလာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အတည်ပြုထားပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့ ဧပြီလ ကမှ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးခဲ့တာပါ။ ဒါပေမယ့် မက်ဟာဘဲလ် ကတော့ ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။
မက်ဟာဘဲလ်က “ဆာလာကို ဆော်ဒီပရိုလိဂ် ကနေ ကြိုဆိုပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ အပြောင်းအရွှေ့ ကတော့ ကလပ်တွေရဲ့ ဆွေးနွေးမှု အပေါ်မှာပဲ မူတည်ပါတယ်။ သေချာတာ ကတော့ အသင်းတွေရဲ့ ပစ်မှတ်ထဲမှာ ဆာလာလည်း တစ်ဦး အပါအဝင် ဖြစ်နေတယ် ဆိုတာပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ မနက်ဖြန်မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဆာလာ အနေနဲ့ အဲဒီပွဲမှာ ပါဝင်ကစားဖို့ မသေချာသလို အဲဒါပြီးရင်တော့ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲ ဆင်နွှဲဖို့ သွားရောက်မှာ ဖြစ်ပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်မယ့် အချိန် ကလည်း ရက်သတ္တပတ် အနည်းငယ်သာ လိုတော့တာကြောင့် ဆာလာနဲ့ လစ်ဗာပူးလ် တို့ရဲ့ လမ်းခွဲ ဖြစ်ပေါ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ် အစ်တီဟတ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဆာလာကို ပေါင် သန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လစ်ဗာပူးလ်က ငြင်းဆန် ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကိုယ်တိုင် ကလည်း ဆာလာဟာ အသင်းမှာ အနာဂတ် ဆက်ရှိ၊ မရှိကို အသေအချာ မသိကြောင်း ဝန်ခံ ပြောဆိုထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


