နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နယူးကာဆယ် ချန်ပီယံလိဂ် ဝင်ခွင့် မရရင် အသင်းပြောင်းဖွယ် ရှိနေတဲ့ အိဆက်ခ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် မရရင် အသင်းရဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ပေါင် ၈၃ သန်းနဲ့ ထွက်ခွာခွင့်ပေးရဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

နယူးကာဆယ် အနေနဲ့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အိက်ခ်ကို လုံးဝ ရောင်းချလိုခြင်း မရှိပေမယ့်လည်း ကစားသမားရဲ့ ဆန္ဒ ကိုတော့ တားဆီးနိုင်ခြင်း မရှိတဲ့ အခြေအနေပါ။ နယူးကာဆယ်က အိဆက်ခ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ အထိ အလိုရှိခဲ့ပေမယ့် လက်ရှိမှာတော့ အိဆက်ခ်ရဲ့ အေးဂျင့် ဖြစ်သူ ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် မရရှိရင် သင့်တော်တဲ့ နှုန်းထားနဲ့ ရောင်းထုတ်ပေးရမယ်လို့ နယူးကာဆယ်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ မှာတော့ ပေါင် ၈၃ သန်း (ယူရို သန်း ၁၀၀) နဲ့ ထွက်ခွာခွင့်ပေးရဖို့ သဘောတူညီမှု ရခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အိဆက်ခ်ဟာ ဒီရာသီမှာ နယူးကာဆယ် အတွက် ခြေစွမ်းပြကာ ဂိုးတွေ ဆက်တိုက် သွင်းယူလျက် ရှိနေပြီးတော့ သူ့ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာ၊ လစ်ဗာပူးလ်၊ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က စိတ်ဝင်စားနေကြပါတယ်။ အိဆက်ခ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၂၂ ပွဲ ကစား ၁၇ ဂိုး သွင်းယူကာ ပြိုင်ပွဲစုံ မှာတော့ ၂၈ ပွဲ ကစားပြီး ၁၉ ဂိုး သွင်းထားပါတယ်။

ဆက်လက်ပြီး ကာရေဂါက “လစ်ဗာပူးလ်သာ ပရီးမီးယားလိဂ် ဖလား ရလိုက်မယ် ဆိုရင် အိဆက်ခ်က လိဂ်ချန်ပီယံ အသင်း ကိုပဲ ရွေးမှာပေါ့။
လာမယ့်ရာသီ အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ အိဆက်ခ်

ဆက်စပ် သတင်းတွေအရ ဆိုရင် အိဆက်ခ် အနေနဲ့ ကလပ် အသင်း များစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့်လည်း သူကိုယ်တိုင် ကတော့ လစ်ဗာပူးလ် ကိုသာ ရွေးချယ်နိုင်တယ်လို့လည်း ကြိုးကြာနီဟောင်း ဂျေမီ ကာရေဂါက သုံးသပ် ပြောဆိုထားခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အိဆက်ခ်ဟာ ၂၀၂၂ ခုနှစ်မှာ လာလီဂါ ကလပ် ဆိုစီဒက် ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အဲ့ဒီအချိန်ကတည်း ကနေ လက်ရှိအထိ အသင်း အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေသူပါ။ အိဆက်ခ်ကို ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ အာဆင်နယ်က တော်တော်လေး စိတ်ဝင်စားနေပြီးတော့ အသင်းရဲ့ အဓိက ပစ်မှတ် အဖြစ်ပါ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကာရေဂါ ကတော့ အိဆက်ခ်ဟာ အာဆင်နယ်ထက် လစ်ဗာပူးလ် ဆီသာ ပြောင်းရွှေ့နိုင်တယ်လို့ ခန့်မှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကာရေဂါက “သူ အာဆင်နယ်ကို သွားမယ် ဆိုတာ ကျွန်တော် သိပ်နားမလည်ပါဘူး။ အာဆင်နယ်က သူ့ကို လိုချင်မှာပဲ။ ဒါပေမယ့် အာဆင်နယ်တင် မဟုတ်ဘူး။ လစ်ဗာပူးလ် ကလည်း တိုက်စစ်မှူး လိုအပ်ပါတယ်။ နွေရာသီမှာ လစ်ဗာပူးလ်လည်း တိုက်စစ်မှူး ရှာဖွေမယ် ထင်ပါတယ်။ အိဆက်ခ်ကို ခေါ်လို့ ရမယ် ဆိုရင်တော့ အာဆင်နယ်က ကြိုးစားလာမှာ သေချာတယ်။ ဒါပေမယ့် လစ်ဗာပူးလ်လည်း ပါဝင်လာပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်မှာက အမ်ဘာပေး ရှိနေတော့ ပြဿနာ ရှိတယ်။ ဘာစီလိုနာမှာ ပိုက်ဆံရှိရဲ့လားတော့ မသိဘူး။ ဒါပေမယ့် လီဝမ်ဒေါစကီး အသက်ကြီးလာတော့ သူတို့လည်း တိုက်စစ်မှူး လိုချင်နေမှာပါပဲ။ အိဆက်ခ်သာ နယူးကာဆယ် ကနေ ထွက်သွားရင် ချန်ပီယံလိဂ်ကို ရယူနိုင်မယ့် အသင်း ကိုပဲ သွားသင့်တယ်။ သူက အရမ်းကောင်းတဲ့ ကစားသမားမို့လို့ပါ။ အိဆက်ခ် အကြောင်း လူတွေပြော နေကြတာ ခင်ဗျားတိုလည်း ကြားပြီးပြီ ထင်ပါတယ်။” လို့ ဆိုပါတယ်။ ဆက်လက်ပြီး ကာရေဂါက “လစ်ဗာပူးလ်သာ ပရီးမီးယားလိဂ် ဖလား ရလိုက်မယ် ဆိုရင် အိဆက်ခ်က လိဂ်ချန်ပီယံ အသင်း ကိုပဲ ရွေးမှာပေါ့။ ကျွန်တော်တော့ အာဆင်နယ် အတွက် မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ နောက်ပြီး အာဆင်နယ်က ပေါင် သန်း ၁၃၀ ပေးနိုင်လိုလား။” ဆိုပြီးတော့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်