မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို သူတို့ရဲ့ နံပါတ် (၁) ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ အန်ဒါဆန်ကို အစောပိုင်းမှာ ကတည်းက ခေါ်ယူဖို့ တောက်လျောက် စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ရူဘင် အမော်ရင် လက်ထက်မှာ ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်ဖို့ ဦးစားပေးခဲ့ပေမယ့် တခြား နေရာတွေကို ပိုပြီး ရင်းနှီးမြှုပ်နှံခဲ့ရတာကြောင့် ဒီတစ်ကြိမ် မှာတော့ ကွင်းလယ်ပိုင်းက အဓိက ဦးစားပေး ဖြစ်လာမှာပါ။ The Athletic ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ်က ကစားသမားသစ် ခေါ်ယူဖို့ ငွေကြေး အလုံအလောက် အသုံးပြုသွားမှာ ဖြစ်ပြီး အန်ဒါဆန်ဟာ သူတို့ရဲ့ အလိုချင်ဆုံး ဖြစ်နေပါတယ်။
ဘာကြောင့် အန်ဒါဆန်က ယူနိုက်တက် အတွက် အကောင်းဆုံး ဖြစ်မလဲ။
လက်ရှိမှာ ယူနိုက်တက်ဟာ နည်းပြသစ် ရှာဖွေနေဆဲ ဖြစ်လို့ အပြောင်းအရွှေ့ အစီအစဉ်တွေကို အတိအကျ မချမှတ်နိုင်သေးပေမယ့် ကွင်းလယ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ဘရူနို ဖာနန်ဒက်စ်က သူ့ရဲ့ အကောင်းဆုံး နေရာ ဖြစ်တဲ့ ကွင်းလယ် တိုက်စစ် နေရာမှာ ပြန်လည် ကစားနေရပေမယ့် ဗဟိုကွင်းလယ် နေရာတွေ အတွက်တော့ ပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်။
ဘရာဇီးလ်သားကြီး ကက်စ်မဲရိုးက စာချုပ်ကုန်ရင် အသင်း ကနေ ထွက်ခွာမှာ သေချာနေသလို၊ မန်ဝဲလ် အူဂါတေး ကိုလည်း ယူနိုက်တက်က ရောင်းချဖို့ စဉ်းစားနေပါတယ်။ မေဆန် မောင့် ကလည်း ဒဏ်ရာ ပြဿနာတွေကြောင့် အနာဂတ် မရေမရာ ဖြစ်နေပြီး အကယ်ဒမီထွက် ကိုဘီ မိန်းနူး တစ်ဦးတည်းသာ အသင်းမှာ ဆက်ရှိဖို့ စိတ်ချရတဲ့ အနေအထားပါ။
အန်ဒါဆန်ရဲ့ ကစားဟန်

အန်ဒါဆန်က ဘောလုံး ပေးပို့မှု ကောင်းမွန်သလို လိုအပ်ရင် လိုအပ်သလို ကြမ်းကြမ်းတမ်းတမ်း ကစားတတ်သူလည်း ဖြစ်ပါတယ်။ ဖန်တီးမှု အားကောင်းပြီး တက်ကြွတဲ့ သူ့ရဲ့ ပုံစံက ကွင်းလယ် အနိမ့်ပိုင်း ကနေ ကစားပွဲကို ထိန်းကျောင်းနိုင်သလို ရှေ့က တိုက်စစ်မှူးတွေဆီ ကိုလည်း ထိထိရောက်ရောက် ဘောလုံး ပေးပို့နိုင်သူပါ။ အရင်က ဘရူနိုကို ကွင်းလယ် အနိမ့်ပိုင်းမှာ ထားကစားခဲ့ရပေမယ့် အန်ဒါဆန်သာ ရောက်လာရင် ဘရူနိုကို တိုက်စစ်မှာ ပိုပြီး လွတ်လွတ်လပ်လပ် ကစားစေနိုင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက် အတွက် အဓိက အခက်အခဲ (၂) ချက်
ယူနိုက်တက် အနေနဲ့ အန်ဒါဆန်ကို ခေါ်ယူဖို့ ကြိုးစားရာမှာ အဓိက အတားအဆီး နှစ်ခုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပထမ တစ်ချက်က ပြောင်းရွှေ့ကြေး အလွန် မြင့်မားနေတာ ဖြစ်ပြီး နော့တင်ဟမ်ဖောရက်စ်က အသက် ၂၃ နှစ် အရွယ် ကစားသမား အတွက် ပေါင်သန်း ၁၀၀ ကျော် အထိ တောင်းဆိုဖွယ် ရှိနေပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်က ပေါ့ဂ်ဘာ အတွက် ပေးချေခဲ့ရတဲ့ အသင်း စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းကို ကျော်ဖြတ်နိုင်ခြေ ရှိနေတဲ့ ပမာဏ ဖြစ်ပါတယ်။ နောက်တစ်ချက် ကတော့ အန်ဒါဆန်ကို ခေါ်ယူချင်တဲ့ အသင်းတွေ များပြားနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်မှာ ငွေကြေး လုံလုံလောက်လောက် ရှိနေရင်တောင် ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီးတိုင်းက အန်ဒါဆန်ကို မျက်စိကျနေတာကြောင့် ခေါ်ယူနိုင်ဖို့ မလွယ်ကူပါဘူး။
ယူနိုက်တက်ရဲ့ တခြား ရွေးချယ်စရာများ
အန်ဒါဆန်ကို မရခဲ့ရင် ယူနိုက်တက် အနေနဲ့ တခြား ပစ်မှတ်တွေ ကိုလည်း စဉ်းစားလို့ ရနေပါသေးတယ်။ ပထမ တစ်ဦးက ဘရိုက်တန်က ကားလို့စ် ဘယ်လီဘာ့ ဖြစ်ပြီး အသက် ၂၂ နှစ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်ခဲ့သူပါ။ ဘရိုက်တန် ဘက်က သူ့ အတွက် ပေါင်သန်း ၁၀၀ တန်ကြေး သတ်မှတ်ခဲ့တာကြောင့်သာ ယူနိုက်တက်တို့ မခေါ်ဖြစ်ခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ် မှာတော့ ဈေးနှုန်း အနည်းငယ် လျော့ကျနိုင်ပါတယ်။ နောက်တစ်ဦးက အဒမ် ဝှာတန်ပါ။ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သား ကိုလည်း ယူနိုက်တက်က စိတ်ဝင်စားနေပေမယ့် သူ့ကိုလည်း အသင်းကြီး တော်တော်များများက အပြိုင်အဆိုင် စောင့်ကြည့်နေကြပါတယ်။
သေချာတာ ကတော့ ယူနိုက်တက် အနေနဲ့ အဲလီယော့တ် အန်ဒါဆန်ကို ရဖို့ အစွမ်းကုန် ကြိုးစားမှာ ဖြစ်ပြီး အဆင်မပြေမှသာ တခြား ကစားသမားတွေ ဘက်ကို မျှားဦးလှည့်လာမှာ ဖြစ်ပါတယ်။ ဒီတော့ ယူနိုက်တက် အနေနဲ့ အန်ဒါဆန် အတွက် ပေါင်သန်း ၁၀၀ ကျော် အသုံးပြုပြီး လက်ဦးမှု ရယူမလား။ ဒါမှမဟုတ် တခြားသော ရွေးချယ်စရာတွေကိုပဲ စဉ်းစားသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


