နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရော်နယ်ဒိုရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီး ကတော့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ၃-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ မန်စီးတီးဟာ အစ်တီဟတ်မှာ ဝက်စ်ဟမ်းကို တစ်ဖက်သတ် ကစားကာ ဂိုးပြတ် အနိုင်ရခဲ့ပြီး အဲဗာတန်-အာဆင်နယ် ပွဲမတိုင်ခင် အထိ အမှတ်ပေးဇယားကို ယာယီ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီး တောင်ပံက ဒိုကု ပါဝင်ခဲ့ခြင်း မရှိပဲ ဖိုဒန်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဟာလန်း၊ ချာကီ တို့နဲ့ တွဲဖက် ကစားခဲ့ပါတယ်။ ကွင်းလယ် မှာတော့ နီကို ဂွန်ဇာလက်ဇ်၊ ဆေးလ်ဗားနဲ့ ရိုင်ဒါးစ်တို့ ပွဲထွက်လာခဲ့ပြီး ခံစစ်မှာ ဂဗာဒီယိုလ်၊ ဒီးရာ့စ်၊ အိုရိုင်လီ၊ နူနက်စ်၊ ဒွန်နာရမ်းမား တို့ ပါဝင်လာခဲ့ပါတယ်။ ဝက်စ်ဟမ်း ဘက်မှာတော့ အာဖရိကဖလား ပြိုင်ပွဲ သွားတဲ့ ဒီအော့ဖ်နဲ့ ဝမ်ဘစ်ဆာခါ တို့ကလွဲလို့ လူစုံခဲ့ပါတယ်။

တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဝက်စ်ဟမ်းက အစ်တီဟတ်မှာ အံ့အားသင့်စရာတွေ လုပ်ပြဖို့ ရည်ရွယ်ခဲ့ပေမယ့် မန်စီးတီးကို အဘက်ဘက်မှာ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးပေါက် ကန်ချက် မရှိ၊ ဂိုးပေါက်တည့်မှု မရှိ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ မတ်လတုန်းက မန်ချက်စတာယူနိုက်တက်နဲ့ပွဲ နောက်ပိုင်း ပထမဆုံး အဖြစ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲရဲ့ ပထမပိုင်း အပြီးမှာ ဂိုးပေါက် တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အတွက် အဖွင့်ဂိုး ကိုတော့ ပထမပိုင်း ၅ မိနစ်မှာ အာလင်း ဟာလန်းက သွင်းယူခဲ့ပြီး ဟာလန်း အနေနဲ့ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းကို ၁၁ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်း အနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေထဲမှာ ဆိုရင် ဝက်စ်ဟမ်းကို ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အချက်အအလက်တွေ အရ ဆိုရင်တော့ ဟက်ဆယ်ဘိန့်ခ်၊ မိုဆာလာတို့ ပြီးရင် ဝက်စ်ဟမ်း ဘက်ကို ၁၀ ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ တတိယမြောက် ပြည်ပကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒုတိယဂိုး ကိုတော့ ၃၈ မိနစ်မှာ ဟာလန်းရဲ့ ဖန်တီးမှု ကနေ တီဂျန်နီ ရိုင်ဒါးစ်က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုး ရဖို့ အခွင့်အရေးကောင်း တချို့ ပိုင်ဆိုင်ခဲ့ပေမယ့် ဂိုးသမား ဒွန်နာရမ်းမား ကာကွယ်နိုင်ခဲ့လို့ ဂိုးမရခဲ့ပါဘူး။ မန်စီးတီးရဲ့ တတိယဂိုး ကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ ဝက်စ်ဟမ်း ခံစစ်ရဲ့ အမှားကို ဟာလန်းက အခွင့်ကောင်းယူပြီး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာလန်း ကတော့ လက်ရှိမှာ သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အရေအတွက်က ၁၀၄ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒရော့ဂ်ဘာရဲ့ ဂိုးသွင်း စံချိန်နဲ့ တူညီသွားတဲ့ အာလင်း ဟာလန်း

ဟာလန်း ကတော့ လက်ရှိမှာ သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အရေအတွက်က ၁၀၄ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နော်ဝေသားက မန်ချက်စတာယူနိုက်တက် ဂန္ထဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ၁ ဂိုး ပိုများသွားခဲ့သလို ဒီစံချိန်ကို ကျော်ဖြတ်ဖို့ ရော်နယ်လ်ဒိုထက် စုစုပေါင်း ၁၂၂ ပွဲ လျော့ပြီး ကစားခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ၁၀၃ ဂိုးသွင်းနိုင်ဖို ၂၃၆ ပွဲ ကစားခဲ့ရပြီး ဟာလန်း ကတော့ ၁၁၄ ပွဲသာ ကစားခဲ့ရတာပါ။ ဒါ့အပြင် ဟာလန်းဟာ ချဲလ်ဆီး ဂန္ထဝင် တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာနဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အရေအတွက်ချင်း တူညီသွားခဲ့ပြီး ဟာလန်း အနေနဲ့ ဒရော့ဘာထက် ပွဲပေါင်း ၁၄၀ အထိ လျော့ကာ ၁၀၄ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းက ဒီရာသီမှာ မန်ချက်စတာစီးတီး အတွက် ပြိုင်ပွဲစုံ ၂၅ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ် မှာတော့ ၁၉ ဂိုး သွင်းထားပါတယ်။

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကလည်း ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းနဲ့ ၁၉ ပွဲ ရင်ဆိုင်ခဲ့တာမှာ ၁၇ ပွဲအထိ အနိုင်ရခဲ့တာကြောင့် သူ ရင်ဆိုင်ရတဲ့ အသင်းတွေထဲမှာ ဝက်စ်ဟမ်းကို ပွဲအများဆုံး အနိုင်ယူခဲ့ခြင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်က အာဆင်နယ်ကို ၂ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ နော့တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဝက်စ်ဟမ်း ကတော့ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်