အာဆင်နယ်ဟာ ကြားရက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်နဲ့ သရေကျခဲ့ပြီးနောက် အသင်းတွင်း အရေးပေါ် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မှာတော့ အာဆင်နယ်က တော့တင်ဟမ်ဟော့စပါးကို ဂိုးပြတ် အနိုင်ယူပြီးနောက် ချန်ပီယံ ဆုဖလား ဆီကို ဆက်လက် ချီတက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ စပါးကို ၄-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ပွဲမှာ ကစားသမားတွေ အကြား အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတဲ့ အသင်းတွင်း အစည်းအဝေးက အဓိက သော့ချက် ဖြစ်ခဲ့တယ်လို့ တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်က ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ စပါးနဲ့ ပွဲမတိုင်ခင် ပရီးမီးယားလိဂ် ဇယား အောက်ခြေက ဝုဗ်နဲ့ ပွဲမှာ ၂-ဂိုးပြတ် ဦးဆောင်ထားရာ ကနေ သရေကျခဲ့ပြီးနောက် အာဆင်နယ်တို့ ချန်ပီယံဆု အတွက် ဖိအားတွေ ဝင်နေခဲ့တာပါ။
ဒါ့အပြင် စနေနေ့က မန်စီးတီးတို့ နယူးကာဆယ်ကို အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်က အသာစီးရမှုဟာ ၂ မှတ် အထိ ကျဉ်းမြောင်းသွားခဲ့ပါသေးတယ်။ ဒါပေမယ့် မြောက်လန်ဒန်ဒါဘီ မှာတော့ အာဆင်နယ်တို့ ပြီးပြည့်စုံတဲ့ တုံ့ပြန်မှု တစ်ခုကို ပြသနိုင်ခဲ့ပြီး တစ်ပွဲ ပိုကစားကာ ၅ မှတ် ပြန်ဖြတ်လိုက်နိုင်ပါတယ်။
အဲဒီပွဲမှာ ဗစ်တာ ယောကရက်စ်နဲ့ အီဘာရီချီ အက်ဇေး တို့က ၂ ဂိုးစီ သွင်းယူခဲ့ကြပါတယ်။ ဒါဟာ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလက ၅-၀ နဲ့ အနိုင်ရခဲ့ပြီး နောက်ပိုင်း စပါးကွင်းမှာ အာဆင်နယ်ရဲ့ အကြီးမားဆုံး အဝေးကွင်း နိုင်ပွဲလည်း ဖြစ်လာပါတယ်။ ယောကရက်စ်ဟာ အာဆင်နယ်မှာ အစပိုင်း ရုန်းကန်ခဲ့ရပေမဲ့ ၂၀၂၆ ခုနှစ် အတွင်း ပြိုင်ပွဲစုံမှာ ၈ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။ ဒါ့အပြင် သူက ပရီးမီးယားလိဂ် မှာလည်း ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားတွေထဲ ပါဝင်လာပါတယ်။
ဒီလို ခြေစွမ်းပြလာနိုင်တဲ့ ယောကရက်စ်က သူရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်ထက် အသင်းသားတွေ အကြား ပွင့်လင်းစွာ စကားပြောဖြစ်ခဲ့ကြတာကို အလေးပေး ဖွင့်ဟသွားပါတယ်။ သူက “တစ်ခါတလေကျရင် ကိုယ်ခံစားရတာကို အုပ်စုထဲမှာ ထုတ်ပြောဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ ထဲက အများစုက ပြောဖြစ်ခဲ့ကြတယ်။ လူတစ်ယောက်ချင်းစီက ဘယ်လို ခံစားနေရလဲ ဆိုတာကို နားလည်သွားတဲ့ အခါ ပိုပြီးစည်းလုံးသွားစေပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက “အချင်းချင်း ရိုးရိုးသားသား မရှိဘူးဆိုရင် တိုးတက်ဖို့ ခက်ခဲပါတယ်။ ဒီနေ့ပွဲကို ကျွန်တော်တို့ တကယ်ပဲ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ခဲ့ကြတယ်။ အခုတော့ လာမယ့် တပတ် ချဲလ်ဆီးနဲ့ ပွဲကြီး ပွဲကောင်း အတွက် ပြင်ဆင်သွားရမှာပါ။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အာဆင်နယ်က မန်စီးတီးထက် တစ်ပွဲပို ကစားထားပေမယ့် Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ အာဆင်နယ်က ချန်ပီယံ ဖြစ်ဖို့ ၈၃.၄ ရာခိုင်နှုန်း အထိ အခွင့်အရေးရှိနေပြီး၊ မန်စီးတီး ကတော့ ၁၅.၈ ရာခိုင်နှုန်းသာ အခွင့်အရေးရှိတယ်လို့ ခန့်မှန်းထားပါတယ်။
စပါးကို ဂိုးပြတ်နိုင်ပြီး ယုံကြည်မှု အပြည့် ရှိနေတဲ့ အာဆင်နယ်ဟာ လာမယ့် တပတ် မှာတော့ လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီးနဲ့ ထိပ်တိုက် ရင်ဆိုင်ရဦးမှာပါ။ အာဆင်နယ် အတွက် ချန်ပီယံဆု မျှော်လင့်ချက်တွေကို ဆက်လက် ဆွဲကိုင်ထားနိုင်ဖို့ ဒီပွဲက အလွန်အရေးကြီးပါတယ်။ ဗစ်တာ ယောကရက်စ် ကတော့ လက်ရှိမှာ တားမရဆီးမရ ဂိုးသွင်း ခြေစွမ်းတွေ ပြသနေပါတယ်။ အီဘာရီချီ အက်ဇေး ကလည်း စပါးနဲ့ ပွဲမှာ ၂ ဂိုးသွင်းထားတာကြောင့် ပွဲထွက်လူစာရင်းမှာ ဆက်လက် ပါဝင်နိုင်ဖို့ သေချာသလောက် ရှိပါတယ်။ ဒါ့အပြင် အသင်းမှာ ဒဏ်ရာ ပြဿနာ ကြီးကြီးမားမား မရှိဘဲ အဓိက ကစားသမားတွေ စုံလင်နေပါတယ်။
ချဲလ်ဆီး ကတော့ ရလဒ်ပိုင်း အတက်အကျ ရှိနေပေမယ့် အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ အာဆင်နယ်ကို အကောင်းဆုံး ဒုက္ခပေးဖို့ ပြင်ဆင်လာမှာပါ။ ဒီပွဲမှာ ၂၀၂၆ ခုနှစ်အတွင်း ၈ ဂိုးအထိ သွင်းယူထားတဲ့ ယောကရက်စ်ကို ချဲလ်ဆီး နောက်တန်းက ဘယ်လိုထိန်းချုပ်မလဲ ဆိုတာ ပွဲရဲ့ အဖြေဖြစ်လာနိုင်ပါတယ်။ Opta ကတော့ ဒီပွဲမှာ အာဆင်နယ် နိုင်ပွဲရဖို့ ၆၀ ရာခိုင်နှုန်းကျော် အခွင့်အရေး ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


