မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဘယ်အသင်း ကမှ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ ကြိမ် ဆက်တိုက် မရနိုင်သလို အမှတ် ၁၀၀ လည်း မရနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ မန်စီးတီးဟာ ရှေ့ရာသီတွေမှာ အောင်မြင်မှုတွေ များစွာ ရရှိခဲ့ပေမယ့်လည်း ဒီရာသီ မှာတော့ ရုန်းကန်နေရပြီး အဓိက ပြိုင်ပွဲကြီးတွေရဲ့ ချန်ပီယံ လမ်းကြောင်း ပေါ်ကနေ ထွက်ခွာထားခဲ့ရပြီး ဖြစ်ပါတယ်။ မန်စီးတီးတို့ ဒီရာသီ ဆုဖလား မျှော်လင့်ချက် ဆိုလို့ အက်ဖ်အေဖလား တစ်လုံးသာ ရှိတော့တာ ဖြစ်ပါတယ်။
ဒီစကား ကိုတော့ ပပ် ဂွါဒီယိုလာက လစ်ဗာပူးလ်နဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မကစားခင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ဦးဆောင်သူ လစ်ဗာပူးလ်ကို အိမ်ကွင်း အက်တီဟတ်မှာ ၀-၂ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဂွါဒီယိုလာက သူ့အသင်း ရီးရဲလ်မက်ဒရစ်ကို ရှုံးပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ထွက်ခွာရချိန်ကလည်း ဘယ်အရာမှ မတည်မြဲကြောင်း ပြောကြားခဲ့ပါသေးတယ်။ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မတိုင်ခင် ထွက်ခဲ့ရခြင်းဟာ ဂွါဒီယိုလာ အတွက် နည်းပြ ဘဝ တစ်လျှောက် ပထမဦးဆုံး အကြိမ် ဖြစ်သလို တစ်ရာသီ အတွင်း ၁၄ ပွဲ ရှုံးနိမ့်ခြင်း ကလည်း နည်းပြ သက်တမ်း တစ်လျှောက် ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာက Sky Sportsနဲ့ ပြုလုပ်တဲ့ Talk Show မှာ နည်းပြဟောင်း နေးလ် ဝါးနော့ခ် ကို အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ဘယ်သူမှ အမှတ် ၁၀၀ နဲ့ ပရီးမီးယားလိဂ် ဖလား ကို မရနိုင်ပါဘူး။ ပရီးမီးယားလိဂ်မှာ ၄ ကြိမ် ဆက်တိုက်လည်း မရနိုင်ဘူး။ ဒါက ကျွန်တော့် ဘဝမှာ မဖြစ်နိုင်ဘူး။ စိတ်မကောင်းပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ ရမှတ် ၁၀၀ နဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ၄ နှစ်တာ ကာလ အတွင်းမှာ ပရီးမီးယားလိဂ်ကို ဆက်တိုက် လွှမ်းမိုးထားနိုင်ပြီးတော့ ရမှတ် ၁ဝဝ စံချိန်ကို ပိုင်ဆိုင်ခဲ့သလို ဘယ်အသင်း ကမှ လိုက်မမှီသေးတဲ့ ၄ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် မှတ်တမ်းဝင်ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ရာသီမှာတော့ မန်စီးတီးက ပရီးမီးယားလိဂ် ၂၆ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း Top 4 အတွက် သူ့အောက်က အသင်းတွေရဲ့ အနီးကပ် ဖိအားပေးခြင်းကို ခံနေရပြီ ဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် မသေချာတဲ့ အခြေအနေပါ။ မန်စီးတီးဟာ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ငွေအမြောက်အမြား သုံးပြီး အသင်းကို အားဖြည့်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း လက်ရှိ အချိန်ထိတော့ ခြေစွမ်းပိုင်းက မတည်ငြိမ်သေးပါဘူး။ ဒါ့အပြင် မန်စီးတီးဟာ နောက်ပိုင်း အသင်းကြီး အချင်းချင်း တွေ့ဆုံချိန်မှာတောင် ရလဒ်ကောင်း ရရှိအောင် မစွမ်းဆောင်နိုင်တော့တာ တွေ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.