မန်ချက်စတာစီးတီး ကတော့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ မှာ နော့တမ်ဟမ်ဖောရက်စ်နဲ့ ၂-၂ သရေကျသွားခဲ့ပါတယ်။ ဖောရက်စ်ဟာ မန်ချက်စတာစီးတီးကို နှစ်ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားပြီး အက်တီဟတ် ကနေ သရေ တစ်မှတ် ခွဲယူကာ အိမ်ပြန်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား ထိပ်ပိုင်းရော၊ အောက်ခြေ အတွက်ပါ အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ပဲ ဆိုရမှာပါ။
ပွဲစဉ်အကျဉ်း
မန်ချက်စတာစီးတီးဟာ အိမ်ကွင်း အက်တီဟတ်မှာ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် နော့တင်ဟမ်ဖောရက်စ်ကို ၂-၂ ဂိုးနဲ့ သရေကျခဲ့တာကြောင့် ဇယားထိပ်က အာဆင်နယ်နဲ့ အမှတ်ကွာဟချက် ပိုများသွားစေခဲ့ပါတယ်။ မန်စီးတီး အတွက် အန်တိုနီယို ဆီမီညိုနဲ့ ရိုဒရီ တို့က ဂိုးတွေ သွင်းပေးခဲ့ပေမယ့် ဖောရက်စ်အတွက် မော်ဂန် ဂစ်ဘ်စ်-ဝှိုက် နဲ့ အဲလီယော့တ် အန်ဒါဆန် တို့က ချေပဂိုးတွေ ပြန်လည် သွင်းယူပေးခဲ့တာပါ။
ပွဲချိန် မိနစ် ၃၀ ကျော်မှာ ရေယန် ချာကီရဲ့ ဖန်တီးပေးမှု ကနေ ဆီမီညိုက အပိုင်ပိတ်သွင်းပြီး မန်စီးတီးကို စတင် ဦးဆောင်စေခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၅၆ မိနစ်မှာ ဖောရက်စ်ရဲ့ အဓိက ကစားသမား ဂစ်ဘ်စ်-ဝှိုက်က တန်ပြန် တိုက်စစ်ကနေ တဆင့် ပါးနပ်တဲ့ နောက်ပြန် ဖနောင့်ကန်ချက်နဲ့ ချေပဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် မန်စီးတီးဟာ ရေယန် အစ်-နျူရီရဲ့ ထောင့်ကန်ဘော ကနေ ရိုဒရီက ခေါင်းတိုက်ပြီး ဒုတိယအကြိမ် ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖောရက်စ်က အလျှော့မပေးဘဲ အန်ဒါဆန်က ၂၅ ကိုက် အကွာကနေ လှလှပပ ကန်သွင်းပြီး ဒုတိယ ချေပဂိုးကို ရယူခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မန်စီးတီးတို့ အနိုင်ဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ပေမယ့် ဖောရက်စ် နောက်ခံလူ မူရီလိုက ဂိုးစည်းပေါ် ကနေ ဖျက်ထုတ်နိုင်ခဲ့လို့ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲအပြီးမှာတော့ မန်စီးတီးဟာ အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားထားပေမယ့် ၇ မှတ် အကွာနဲ့ ဒုတိယနေရာမှာ ရှိနေပြီး၊ ဖောရက်စ် ကတော့ ဂိုးကွာခြားချက် အသာနဲ့ တန်းဆင်းဇုန် အထက်မှာ ရပ်တည်နေခဲ့ပါတယ်။ တကယ်တော့ ဒီပွဲဟာ မန်စီးတီး အတွက် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတဲ့ ပွဲဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် အခြေအနေအရ ဆိုရင် အာဆင်နယ်ထက် မန်စီးတီးက အနည်းငယ် ခက်ခဲနေတာ တွေ့ရပါတယ်။ မန်စီးတီးက အာဆင်နယ်ထက် အဝေးကွင်း ပွဲစဉ်တွေလည်း ပိုကန်ရဦးမှာပါ။
လောလောဆယ်တော့ အာဆင်နယ်က မန်စီးတီးကို တစ်ပွဲ ပိုကစားပြီး ၇ မှတ် ဖြတ်လိုက်တာကြောင့် ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းတွေလည်း ပိုပြီး မြင့်တက်လာပါပြီ။ ဒီတော့ မန်စီးတီးတို့ သူတို့ရဲ့ ထုံးစံအတိုင်း မဖြစ်နိုင်တာတွေ လုပ်ပြနိုင်ဦးမလား ဆိုတာပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ပွဲပြီး အချက်အလက်နဲ့ မှတ်တမ်းများ
ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မန်စီးတီးကို ပြောင်းရွှေ့လာပြီးကတည်းက ဆီမီညိုဟာ ပြိုင်ပွဲစုံမှာ ၇ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး (စုစုပေါင်း ၉ ဂိုး) မှာ ပါဝင်ပတ်သက်ထားပါတယ်။ ပရီးမီးယားလိဂ် ကစားသမားတွေ ထဲမှာတော့ ဗစ်တာ ယောကရက်စ် (၁၀ ဂိုး) တစ်ဦးတည်းသာ သူ့ထက် ပိုများနေပါတယ်။ ဒါ့အပြင် ဆီမီညိုက မန်ချက်စတာစီးတီး အတွက် ပထမဆုံး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ဂိုး (၄ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီး) အထိ ပါဝင်ပတ်သက်ထားပါတယ်။ ဒါဟာ မန်စီးတီး သမိုင်းမှာ ပထမဆုံး ၇ ပွဲ အတွင်း ၆ ဂိုး ပါဝင်ခဲ့တဲ့ အမ်မန်နျူရယ် အဒီဘာယော ပြီးရင် ဒုတိယမြောက် အကောင်းဆုံး အာဖရိကကစားသမား စံချိန် ဖြစ်ပါတယ်။တဖက်မှာလည်း မော်ဂန် ဂစ်ဘ်-ဝှိုက်ဟာ ဖောရက်စ် အတွက် ပရီးမီးယားလိဂ် ၂၅ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာကြောင့် ဘရိုင်ယန် ရွိုင်း (၂၄ ဂိုး) ကို ကျော်ဖြတ်ပြီး အသင်းသမိုင်းမှာ ခရစ်ဝုဒ် (၃၇ ဂိုး) ပြီးရင် ဒုတိယ ဂိုးအများဆုံး သွင်းယူသူ ဖြစ်လာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


