နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အာဘီလိုအာကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်တဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ်

ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်ကို အပူတပြင်း ကိုင်တွယ်ခဲ့ရတဲ့ နည်းပြ အဲလ်ဗာရို အာဘီလိုအာဟာ အခုအခါမှာတော့ ပရီးမီးယားလိဂ် ကလပ် ဖူလ်ဟမ် အသင်းရဲ့ နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ်ခြင်း ခံလိုက်ရပါပြီ။

ဖူလ်ဟမ် အသင်းဟာ ဘင်ဖီကာ အသင်းဆီ ပြောင်းရွှေ့သွားတဲ့ နည်းပြဟောင်း မာကို ဆေးလ်ဗားရဲ့ နေရာမှာ အစားထိုးဖို့ ရီးရဲလ် နည်းပြဟောင်း အာဘီလိုအာကို (၃) နှစ် စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ အသက် ၄၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဘီလိုအာဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီ အကုန်မှာ ရီးရဲလ်မက်ဒရစ် အသင်း ကနေ ထွက်ခွာဖို့ အတည်ပြုခဲ့ပြီးနောက် အခုလို ဖူလ်ဟမ်နဲ့ လက်တွဲခဲ့တာပါ။

သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကမှ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဇာဘီ အလွန်ဆိုရဲ့ နေရာကို အစားထိုး ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၁၈ ပွဲ အထိ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ (၂ ပွဲ သရေ၊ ၈ ပွဲ ရှုံး)။ ဒါပေမယ့် ရာသီအကုန် မှာတော့ ဘာဆုဖလားမှ မရရှိခဲ့ဘဲ လာလီဂါ မှာလည်း မဟာ ပြိုင်ဘက် ဘာစီလိုနာရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ကိုပါဒယ်ရေး ၁၆ သင်း အဆင့် ကနေလည်း စောစောစီးစီး ထွက်ခွာခဲ့ရပါသေးတယ်။

ကြီးမားတဲ့ တာဝန်ယူမှုကို ခံစားရသလို၊ ပရီးမီးယားလိဂ်မှာ ရှိနေတဲ့ ဖူလ်ဟမ် အသင်းကို ကိုင်တွယ်ဖို့ ယုံကြည်ပေးခဲ့ကြတဲ့ ကလပ်ဥက္ကဋ္ဌ ခန်းနဲ့ တိုနီ ခန်း တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။
ဖူလ်ဟမ်က ထွက်ခွာပြီး ဘင်ဖီကာ နည်းပြ ဖြစ်လာတဲ့ မာကို ဆေးလ်ဗား

အာဘီလိုအာရဲ့ ရီးရဲလ်မက်ဒရစ် သက်တမ်း အတွင်းမှာ ကွင်းပြင်ပ ပြဿနာ တချို့ ရှိခဲ့ပြီး အမ်ဘာပေး၊ ဗယ်လ်ဗာဒီ၊ ချူအာမေနီ တို့လို အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေနဲ့ ပတ်သက်လို့ သတင်းကြီးတာမျိုးတွေ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သူဟာ ပရီးမီးယားလိဂ်မှာ နည်းပြခွင့် ရမယ့် အခွင့်အရေးကို ရင်ခုန်နေပြီး မာကို ဆေးလ်ဗား ချန်ထားခဲ့တဲ့ အခြေခံကောင်းတွေ အပေါ်မှာ အသင်းကို ဆက်လက် တည်ဆောက်သွားဖို့ ပြင်ဆင်နေပါတယ်။

“လန်ဒန်ရဲ့ သက်တမ်းအရင့်ဆုံး ကလပ် ဖြစ်တဲ့ ဖူလ်ဟမ် အသင်းမှာ အခုလို အဆင့်သစ် တစ်ခုကို စတင်ခွင့်ရတာ ကျွန်တော့် အတွက် တကယ့်ကို ဂုဏ်ယူစရာပါ။ ကြီးမားတဲ့ တာဝန်ယူမှုကို ခံစားရသလို၊ ပရီးမီးယားလိဂ်မှာ ရှိနေတဲ့ ဖူလ်ဟမ် အသင်းကို ကိုင်တွယ်ဖို့ ယုံကြည်ပေးခဲ့ကြတဲ့ ကလပ်ဥက္ကဋ္ဌ ခန်းနဲ့ တိုနီ ခန်း တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ခရေဗင်ကော့တေ့ဂျ်ကွင်းကြီးထဲက ဖူလ်ဟမ် ပရိသတ်တွေရဲ့ အားပေးမှုကို ခံစားရဖို့ ရင်ခုန်နေပြီး လာမယ့်အပတ်မှာ ကစားသမားတွေနဲ့ အတူ ရာသီကြို လေ့ကျင့်ခန်းတွေ စတင်သွားမှာပါ။ ကျွန်တော်တို့ အတူတူ ကောင်းမွန်တဲ့ ခရီးစဉ် တစ်ခုကို ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ အာဘီလိုအာက ကလပ် ဝက်ဘ်ဆိုက်က တစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။

အာဘီလိုအာရဲ့ ဖူလ်ဟမ် နည်းပြ ဘဝ ပထမဆုံး ပွဲဦးထွက် ပွဲစဉ် ကတော့ လာမယ့် ဩဂုတ်လ ၂၄ ရက်နေ့မှာ ကစားရမှာ ဖြစ်ပြီး၊ ပြိုင်ဘက် ကလည်း တိုက်တိုက်ဆိုင်ဆိုင် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇာဗီ အလွန်ဆို ကိုင်တွယ်နေတဲ့ မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

ဖူလ်ဟမ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက မာကို ဆေးလ်ဗား လက်ထက်မှာ ပရီးမီးယားလိဂ် အဆင့် ၁၁ နဲ့ ရာသီပိတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့် ၁၀ က ချဲလ်ဆီးနဲ့ ရမှတ်တူကာ ကွန်ဖရင့်လိဂ် ဝင်ခွင့်ရမယ့် နေရာနဲ့လည်း ၁ မှတ်ပဲ ကွာဟခဲ့တာကြောင့် ရာသီသစ်မှာ နည်းပြသစ် အာဘီလိုအာနဲ့ အတူ ဘယ်လောက် အထိ ခရီးပေါက်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်