နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခရေဗင်ကော့တေ့ဂျ်မှာ ဖူလ်ဟမ်ကို အသာရဖို့ မလွယ်နိုင်တဲ့ ဖောရက်စ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဖူလ်ဟမ် – နော့တင်ဟမ်ဖောရက်စ်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ရဲ့ နောက်အကျဆုံး ပွဲစဉ် အဖြစ် ဖူလ်ဟမ်နဲ့ နော့တင်ဟမ်ဖောရက်စ်တို့ ခရေဗင်ကော့တေ့ဂျ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ နောက်ဆုံး ၁၄ ကြိမ် တွေ့ဆုံမှုမှာ သရေပွဲ လုံးဝ မရှိတဲ့ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုမှာ ဒီတစ်ကြိမ်ရော ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဖူလ်ဟမ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် စွမ်းဆောင်ရည်က လုံးဝ အားရစရာ မရှိသလို ခြေစွမ်းပိုင်း ကလည်း မတည်ငြိမ်ပါဘူး။ တစ်နေ့ရွှေ့ တစ်နေ့ငွေ ဖြစ်နေတဲ့ မာကို ဆေးလ်ဗားရဲ့ အသင်း ခြေစွမ်းက မှန်းဆရခက်နေတာပါ။ ဖူလ်ဟမ်က ဒီရာသီမှာ ရှုံးပွဲ ၈ ပွဲ အထိ ရှိထားပြီး အိမ်ကွင်း ရှုံးပွဲ ကလည်း ၃ ပွဲ အထိ ရှိထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ မှာတော့ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး ပြီးခဲ့တဲ့ ပွဲမှာ ဘန်လေကို ခက်ခက်ခဲခဲ ကစားပြီး ၂-၃ နဲ့ အနိုင်ရထားပါတယ်။ တစ်ခု ရှိတာက ဖူလ်ဟမ်က နော့တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံရချိန်တိုင်း အသာရတာ များလို့ စောင့်ကြည့်ချင်စရာပါ။

နော့တင်ဟမ်ဖောရက်စ် ကတော့ နည်းပြ ရှောင်ဒိုက်ချ် လက်အောက်မှာ ခြေစွမ်း အနည်းငယ် တိုးတက်လာပါတယ်။ ဒါပေမယ့်လည်း ဖောရက်စ်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး လစ်ဗာပူးလ်နဲ့ စပါးကို နိုင်ထားတဲ့ ပွဲတွေလည်း ပါပါတယ်။ ဒီရာသီ အဝေးကွင်း မှာတော့ ဖောရက်စ်က ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပြီး အားရစရာတော့ မရှိပါဘူး။ ဖောရက်စ်က လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ် ကွာဟနေပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဖူလ်ဟမ်က ချူကွီဇီ၊ အီဝိုဘီ၊ ဘက်ဆေးတို့ အာဖရိကဖလားပြိုင်ပွဲကို သွားရောက် ကစားနေပြီး ဆက်ဆနွန်နဲ့ မူနစ်ဇ်တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။

ဖောရက်စ် မှာတော့ ဝီလီ ဘိုလီနဲ့ ဆန်ဂါရေးတို့ အာဖရိကဖလား သွားရောက် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး ဒိုမီနီဂွက်ဇ်၊ အိုင်နာ၊ ရိတ်စ်၊ ဝုဒ်၊ အေဝန်နီရီ တို့ ဒဏ်ရာကြောင့် လွဲချော်မှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဒါပေမယ့်လည်း ဖောရက်စ်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး လစ်ဗာပူးလ်နဲ့ စပါးကို နိုင်ထားတဲ့ ပွဲတွေလည်း ပါပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်မှာ ရပ်တည်နေတဲ့ ဖောရက်စ်

ဖူလ်ဟမ် – လန်နို၊ တီတီ၊ အန်ဒါဆန်၊ ကူအန်ကာ၊ ရော်ဘင်ဆင်၊ ဘာ့ဂျ်၊ လူကစ်၊ ဝီလ်ဆင်၊ စမစ် ရိုးဝ်၊ ကီဗင်၊ ဟင်မီနက်ဇ် နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ ဆဗိုနာ၊ မူရီလို၊ မီလန်ကိုဗစ်၊ ဝီလီယမ်စ်၊ လူးဝစ်၊ အန်ဒါဆန်၊ ဟက်ချင်ဆန်၊ ဂစ်ဘ်-ဝှိုက်၊ ဟက်ဒ်ဆန်-အိုဒွိုင်း၊ ဂျေဇုစ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၉ ကြိမ် တွေ့ဆုံမှုမှာ ဖူလ်ဟမ်က ၁၂ ကြိမ်နိုင်၊ ဖောရက်စ်က ၆ ကြိမ်နိုင်ပြီး ၁ ကြိမ်သာ သရေကျခဲ့ပါတယ်။ နောက်ဆုံး ၁၄ ကြိမ် တွေ့ဆုံမှုမှာ သရေပွဲ လုံးဝ မရှိခဲ့ပဲ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ကြိမ်မှာ ဖူလ်ဟမ်က ၅ ကြိမ်နိုင်ပြီး ဖောရက်စ်က ၁ ကြိမ် နိုင်ထားပါတယ်။ ဖူလ်ဟမ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ၉ ကြိမ် မှာတော့ ဖူလ်ဟမ်က ၆ ကြိမ် နိုင်ပြီး ဖောရက်စ်က ၃ ကြိမ် နိုင်ထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၂.၄၂ ဆ၊ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၂.၇၅ ဆ၊ သရေ ဆိုရင်တော့ ၃.၀၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက်ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂.၂၅၊ ၂.၅၀၊ ၂.၇၅ ဆိုပြီး ဖွင့်လှစ်ထားပါတယ်။ ဖူလ်ဟမ်မှာ အဓိက ကစားသမား တချို့ အာဖရိကဖလား သွားကစားမှာ ဖြစ်လို့ အနည်းငယ် အားနည်းနေနိုင်ပါတယ်။ ဒါပေမယ့်လည်း ဖောရက်စ်က ဒီအခြေအနေကို အခွင့်ကောင်းယူနိုင်မလား ဆိုတာ ကလည်း သံသယ ဖြစ်စရာ ရှိနေပြန်ပါတယ်။ အစဉ်အလာအရတော့ ခရေဗင်ကော့တေ့ဂျ်မှာ ဆိုရင် ဖူလ်ဟမ် ဘက်မှာ ရပ်တည်ထားတာက ပိုပြီး စိတ်ချရဖို့ ရှိနေပါတယ်။

 

ခန့်မှန်းရလဒ်

ဖူလ်ဟမ် ၂-၁ နော့တင်ဟမ်ဖောရက်စ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်