ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေါင် သန်းပေါင်း များစွာ သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ရောဘတ်တို ဒီဇာဘီ ကတော့ အသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေဟာ ဒီထက်မက ကျန်ရှိနေသေးတယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ပြီးခဲ့တဲ့ ၂ ရာသီ ဆက်တိုက် အဆင့် ၁၇ နေရာနဲ့ပဲ ရာသီသိမ်းခဲ့ရတဲ့ စပါး အသင်းဟာ နည်းပြ ဒီဇာဘီရဲ့ လက်အောက်မှာ အသင်းကို ပြန်လည် တည်ဆောက်နေခဲ့တာပါ။ စပါးဟာ နယူးကာဆယ် ကနေ ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ပေါင် သန်း ၁၀၀ နဲ့ ခေါ်ယူကာ ကလပ် စံချိန်တင် စာချုပ်ချုပ်ဆိုနိုင်ခဲ့သလို၊ ဒါဟာ တန်းဆင်းသွားတဲ့ ဝက်စ်ဟမ်း ကနေ ပေါင် ၈၅ သန်းနဲ့ မားတီးယက်စ် ဖာနန်ဒက်စ်ကို ခေါ်ယူထားပြီးနောက် ပေါ်ထွက်လာခဲ့တဲ့ ခေါ်ယူမှုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဘရိုက်တန် နောက်ခံလူဟောင်း ယန် ပေါလ် ဗန်ဟက်ကီ ကိုလည်း ပေါင် ၅၂ သန်းနဲ့ ဒီဇာဘီက စပါးဆီ ခေါ်ဆောင်ထားခဲ့တယ်။ ဒါ့အပြင် အန်ဒီ ရော်ဘတ်ဆန်၊ မားကို့စ် ဆီနက်ဆီနဲ့ မာတင် ဒူဘရက်ဗ်ကာ တို့ကိုလည်း အလွတ်နီးပါး ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး ဖြစ်တာကြောင့် စုစုပေါင်း ပေါင် သန်း ၂၇၀ သန်းကျော်တောင် သုံးစွဲထားပြီး ဖြစ်ပါတယ်။
ဝီးလ်လန့်ခ်ရှီးယားနဲ့ လူကာ ဗူစကိုဗစ် တို့ကို ပြန်လည် ရောင်းထုတ်ထားလို့ ငွေကြေး တချို့ ပြန်လည် ရရှိထားပေမယ့် ဩဂုတ်လ ၂၂ ရက်မှာ စတင်မယ့် ပရီးမီးယားလိဂ် ရာသီသစ် မတိုင်မီ အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေကို ဒီထက်မက ပိုမိုလုပ်ဆောင်သွားချင်နေတာပါ။

ဒီဇာဘီက အသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ အလွန်ကောင်းမွန်တဲ့ အသင်း တစ်သင်းကို အရေးပါတဲ့ ကစားသမားသစ်တွေနဲ့ ပြန်လည် တည်ဆောက်နေတာပါ။ ကလပ်ရဲ့ သမိုင်းစာ မျက်နှာသစ်မှာ စီမံကိန်း အသစ် တစ်ခုကို စတင်နေပြီလို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ မရောက်ခင်တည်းက ကလပ်အကြောင်းကို အချိန်အကြာကြီး လေ့လာခဲ့သလို အဲဗာတန်နဲ့ ပွဲမတိုင်မီတည်းက ပိုင်ရှင်ရဲ့ အတွေးအခေါ်နဲ့ အစီအစဉ်တွေကို သဲသဲကွဲကွဲ သိရှိထားပြီးသားပါ။ အခုဆိုရင် ကျွန်တော် တို့က စီမံကိန်းရဲ့ အလယ်ဗဟိုထဲ ရောက်နေပြီ ဖြစ်ပြီး ပိုမို တောင့်တင်းတဲ့ အသင်း တစ်သင်း တည်ဆောက်ဖို့ ရင်ခုန်နေကြပါတယ်။ ကျွန်တော် တို့ရဲ့ အဝင်/အထွက် အပြောင်းအရွှေ့တွေ မပြီးသေးတဲ့ အတွက် ဆက်လက် အကောင်အထည်ဖော်ရဦးမှာပါ၊ လက်ရှိအခြေအနေ အပေါ် မှာတော့ ကျွန်တော် အလွန်ဝမ်းမြောက် ဂုဏ်ယူမိသလို အကောင်းမြင်စိတ်လည်း ပြည့်ဝနေပါတယ်” လို့ ဆိုပါတယ်။
စပါး အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီက ဘာစီလိုနာမှာ အငှား သွားကစားခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အာဆင်နယ်၊ ချဲလ်ဆီး တို့နဲ့ ပြိုင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဆဲလ်တစ် ကွင်းလယ်လူ အာနီအင်းဂဲလ်စ်နဲ့ ဒီနွေရာသီ ကမ္ဘာ့ဖလားမှာ အင်္ဂလန် အသင်း အတွက် ခြေစွမ်းပြခဲ့တဲ့ ဂျက်ဒ် စပန့်စ် တို့လည်း သတင်းတွေ ထွက်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက စပါး အတွက် ပွဲပေါင်း ၄၄ ပွဲ ပါဝင်ကစားပေးခဲ့သူ စပန့်စ်ကို အင်တာမီလန်နဲ့ အဲဗာတန်တို့ ကလည်း စိတ်ဝင်စားနေကြတာပါ။
ဒါပေမယ့်လည်း ဒီဇာဘီရဲ့ အဓိက ပစ်မှတ် ကတော့ စပါးရဲ့ ကံကြမ္မာကို အကောင်းဘက်သို့ ပြောင်းလဲပေးဖို့နဲ့ ပရီးမီးယားလိဂ် ထိပ်သီး နေရာတွေကို အမြန်ဆုံး ပြန်လည် စိန်ခေါ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ “တော့တင်ဟမ် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးနေရာတွေ အတွက် ယှဉ်ပြိုင်ခွင့်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပရီးမီးယားလိဂ် စိန်ခေါ်မှု မလွယ်ကူဘူး ဆိုတာ ကျွန်တော် ကောင်းကောင်း သိပေမယ့် ကစားသမားတွေမှာ စိတ်အားထက်သန်မှု အပြည့် ရှိနေမယ်၊ ကွင်းတွင်း ကွင်းပြင် စနစ်တကျ စည်းစနစ်ကျနမှု ရှိမယ် ဆိုရင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပြီး နောက်ဆုံးမှာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိသွားမှာပါ” လို့ ဒီဇာဘီက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
စပါး အသင်းဟာ ရာသီသစ် အဖွင့် ပွဲစဉ် အဖြစ် ဘရန့်ဖို့ဒ် အသင်းဆီ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဩဂုတ်လ ၂၉ ရက်မှာတော့ အိမ်ကွင်း တော့တင်ဟမ်ဟော့စပါး စတေဒီယမ်မှာ နယူးကာဆယ် အသင်းကို ဧည့်ခံ ကစားသွားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


