နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ရှိနေတဲ့ ဒီဘရွန်းနား | ပရီးမီးယားလိဂ်

ဘယ်လ်ဂျီယံ ဝါရင့် ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနား ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုသွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဘရွန်းနားက ဘယ်လ်ဂျီယံ အသင်းနဲ့ အတူ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်ဆင်နွှဲချင်တာကြောင့် မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုသွားဖို့ ရှိနေတာလည်း ဖြစ်ကြောင်း သိရပါတယ်။

ကီဗင် ဒီဘရွန်းနား ကတော့ မန်ချက်စတာစီးတီးနဲ့ စာချုပ် သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူ ဖြစ်ပါတယ်။ ဒီဘရွန်းနားကို ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ် ကလပ်တွေက ငွေကြေး အမြောက်အမြား ပေးချေကာ ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ရှိနေပေမယ့်လည်း ဒီဘရွန်းနား ကိုယ်တိုင် ကတော့ မန်စီးတီး နဲ့သာ စာချုပ်သစ် အတွက် လက်မှတ်ရေးထိုးဖို့ အစီအစဉ် ရှိခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးက လာမယ့် မတ်လ ၈ ရက်နေ့ မှာတော့ နော့တင်ဟမ်ဖောရက်စ်နဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီး

ဗြိတိန် သတင်းစာ Mirror ကတော့ မန်စီးတီး ကွင်းလယ်လူ ဒီဘရွန်းနားဟာ မြောက်အမေရိကမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဘယ်လ်ဂျီယံ အသင်းနဲ့ အတူ ပါဝင်ကစားခွင့် ရနိုင်ဖို့ အတွက် လာမယ့် ရာသီ အထိ မန်စီးတီး မှာပဲ ဆက်လက် ကစားသွားဖို့ အားလုံး အဆင်သင့် ဖြစ်နေကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် မန်စီးတီးက ဒီဘရွန်းနားကို တစ်နှစ် စာချုပ်သစ် ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပေမယ့် လုပ်ခ လစာ ကိုတော့ လျှော့ပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒီဘရွန်းနားဟာ လက်ရှိ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးမှာ တစ်ပတ်ကို ပေါင် ၃၇၅ဝဝဝ ရရှိနေပေမယ့်လည်း စာချုပ်သစ် အရ တစ်ပတ်ကို ပေါင် ၁၅ဝဝဝဝ သာ လျှော့ပြီး ရရှိဖွယ် ရှိနေတာ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကလည်း အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီဘရွန်းနားကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ အဓိက အကြောင်းအရင်း ကတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အတွက် အသင်းကို ပြန်လည် တည်ဆောက်ဖို့ ရှိနေပြီးတော့ အသင်း အတွက် အနည်းဆုံး အတွေ့အကြုံရင့် ကစားသမား တစ်ဦးကို အသင်းမှာ ဆက်ထိန်းထားချင်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပပ် ဂွါဒီယိုလာက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဒီဘရွန်းနားနဲ့ ပတ်သတ်လို အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “အသင်းမှာ အသက် ၃၀ ကျော်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့် သူတို့က ဒီကလပ်ရဲ့ အနာဂတ် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ကီဗင်နဲ့ ကလပ်က သူ့ရဲ့ အနာဂတ်ကို မကြာခင် ဆုံးဖြတ်ပါလိမ့်မယ်။ လာမယ့်ရာသီ အတွက် စာချုပ်ရှိတဲ့ သူတိုင်း ဒီမှာ ရှိနေဖို့ မျှော်လင့်ပါတယ်။ သူတို့က အသင်းကို ကူညီပေးပါလိမ့်မယ်။ လာမယ့် ရာသီမှာ ပွဲစဉ်တွေ အများကြီး ရှိပါလိမ့်မယ်။ ကျွန်တော် တို့က လူသစ်တွေနဲ့ပဲ လုပ်ဆောင်လို့ မရပါဘူး။ ဝါရင့် ကစားသမားတွေက ကူညီပေးနိုင်ပြီး ကျွန်တော်တို့ ဘောလုံးရာသီရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ ပလိုင်းမောက်ကို ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပြီး ၁၆ သင်း အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးက လာမယ့် မတ်လ ၈ ရက်နေ့ မှာတော့ နော့တင်ဟမ်ဖောရက်စ်နဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်