ဒေးဗစ် မွိုက်စ် ကတော့ အဲဗာတန်ကို ဥရောပစင်မြင့်ထံ ပြန်လည် ပို့ဆောင်ပေးနိုင်ဖို့ ‘အိမ်မက်မက်’ နေပါတယ်။ ပရီးမီးယားလိဂ် အဲဗာတန်ဟာ ၂၀၁၇-၁၈ ရာသီ ကတည်းက ဥရောပ ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်က လာမယ့် တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမှာ ဖြစ်ပြီး အနိုင်ရရှိခဲ့ရင်တော့ ဥရောပ ပြိုင်ပွဲနဲ့ ဝေးကွာနေမှုကို အဆုံးသတ်နိုင်ဖို့ ပိုမိုနီးစပ်သွားမှာ ဖြစ်ပါတယ်။
ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲ တက်လှမ်းထားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ မရင်ဆိုင်မီ အဲဗာတန် နည်းပြ ဒေးဗစ် မိုယက်စ်က ၂၀၁၇-၁၈ ရာသီ နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် အသင်းကို ဥရောပပြိုင်ပွဲဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ဖို့ “ အိမ်မက်မက်” နေခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ်က မန်ချက်စတာစီးတီးကို နောက်ကျ ချေပဂိုးနဲ့ သရေကစားနိုင်ခဲ့တဲ့ အဲဗာတန်ဟာ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ရာသီကုန်ဖို့ ၃ ပွဲ အလိုမှာ အဆင့် ၆ နေရာကက ဘုန်းမောက်နဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ တော်ဖီ တို့ဟာ လွန်ခဲ့တဲ့ ၈ နှစ်က နည်းပြ ရော်နယ် ကိုးမန်းနဲ့ ဆမ် အလာဒိုက်စ် တို့ရဲ့ လက်အောက်မှာ နောက်ဆုံးအကြိမ် အဖြစ် ဥရောပစင်မြင့်မှာ ယှဉ်ပြိုင်ခဲ့ဖူးပြီး အဆိုပါ ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ကနေပဲ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အဲဗာတန် အနေနဲ့ အခုအပတ်မှာ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ် အသင်းကို ကြည့်ပြီး အတုယူကာ တွန်းအားယူသင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေပါတယ်။ အကြောင်းရင်း ကတော့ ပဲလေ့စ် ဟာ ရှက်တာဒိုးနက်စ် အသင်းကို နှစ်ကျော့ပေါင်း ၅-၂ ရလဒ်နဲ့ ကျော်ဖြတ်ပြီး မေလ ၂၇ ရက်နေ့မှာ ရာယို ဗလက်ကာနိုနဲ့ ရင်ဆိုင်ရမယ့် သူတို့ရဲ့ ပထမဦးဆုံးသော ဥရောပ ဗိုလ်လုပွဲဆီ တက်လှမ်းထားနိုင်လို့ ဖြစ်ပါတယ်။

နည်းပြ မွိုက်စ် အနေနဲ့လည်း ၂၀၂၂-၂၃ ရာသီတုန်းက ဝက်စ်ဟမ်းကို ကွန်ဖရင့်လိဂ်ဖလား ရယူပေးပြီး သူတို့ရဲ့ ၄၃ နှစ်ကြာ ဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ပေးခဲ့ဖူးတာကြောင့် ဥရောပ အောင်မြင်မှုတွေနဲ့ စိမ်းနေသူတော့ မဟုတ်ပါဘူး။
မွိုက်စ်က “ကျွန်တော် ဝက်စ်ဟမ်းနဲ့ အတူ ဒီလိုလုပ်နိုင်ခဲ့တုန်းက တကယ့်ကို အံ့ဩစရာ ကောင်းခဲ့ပါတယ်။ အဲဒီခံစားချက်ကို စကားလုံးတွေနဲ့ ဖော်ပြဖို့ တကယ်ခက်ခဲပါတယ်။ အဲဗာတန် ပရိသတ်တွေ အတွက်လည်း ဥရောပ ဝင်ခွင့်ကို ယူဆောင်ပေးနိုင်ဖို့ နှစ်တွေ အတော်ကြာ ကျွန်တော် အိမ်မက်မက်ခဲ့ရတာပါ၊ ဒါဟာ ကျွန်တော် တကယ်လုပ်ချင်တဲ့အရာ ဖြစ်ပါတယ်။ အသင်းကို ခြေစွမ်းကောင်းကောင်း ကစားစေချင်သလို ရာသီတစ်ခုလုံး နီးပါးလည်း ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော် တို့ဟာ ဒီထက်ပိုပြီး တိုးတက်လာတဲ့ အသင်း ဖြစ်လာသလို၊ အကောင်းဆုံး ဘောလုံးပုံစံကို ကစားနိုင်ဖို့နဲ့ အသင်းနဲ့ကိုက်ညီမယ့် ကစားဟန်တစ်ခုကို ချမှတ်နိုင်ဖို့ ကြိုးစားနေပါတယ်။” လို့ ဆိုပါတယ်။
Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ပဲလေ့စ်က အလေးသာနေပေမဲ့လည်း လက်တွေ့ မှာတော့ ပဲလေ့စ်ဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး လိဂ်ပွဲစဉ် ၂၂ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ် (၉ ပွဲသရေ၊ ၁၂ ပွဲရှုံး)။ ၂၀၂၁ ဒီဇင်ဘာလက အနိုင်ရရှိခဲ့ပြီးကတည်းက အဲဗာတန်ကို ၈ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာပါ (၂ ပွဲသရေ၊ ၆ ပွဲရှုံး)။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


