အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
တူရကီ ကလပ် ဘက်ဆစ်တက်စ် ကတော့ ချဲလ်ဆီး ဂိုးသမား ဖိလစ် ဂျော်ဂျန်ဆန် အတွက် ချဉ်းကပ်မှု ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဘက်ဆစ်တပ်စ်ရဲ့ ကမ်းလှမ်းမှု ကိုတော့ ပရီးမီးယားလိဂ် ကလပ် ဘက်ကရော ကစားသမား ဘက်ကပါ ပယ်ချခဲ့ကြောင်း သိရပါတယ်။
လာမယ့် ဇန်နဝါရီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖွယ် ရှိတဲ့ ကစားသမား တစ်ဦး ကတော့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကိုဘီ မိန်းနူး ဖြစ်ပါတယ်။ မိန်းနူး အနေနဲ့ နာပိုလီကို ပြောင်းရွှေ့ဖို့ တွန်းအားပေးနေပေမယ့်လည်း ခြင်္သေ့ပြာတွေ ကတော့ ဒီကစားသမားရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေပါတယ်။
ဒါပေမယ့်လည်း တစ်ဖက်မှာ မန်ချက်စတာယူနိုက်တက် မန်နေဂျာ ရူဘင် အမော်ရင်က သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမား ထွက်ခွာသွားခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ ပရိသတ်တွေ တုံ့ပြန်မှုကို စိုးရိမ်နေပါတယ်။ ဒါကြောင့် အမော်ရင်က မိန်းနူးရဲ့ ဇန်နဝါရီလ ထွက်ခွာမှုကို တားဆီးဖို့ အပြောင်းအရွှေ့ထဲ ဝင်ရောက်လာခဲ့ကြောင်း Il Mattino က ဖော်ပြပါတယ်။
မန်ချက်စတာစီးတီး ကတော့ တောင်ပံကစားသမား ဆာဗင်ညိုနဲ့ ညာနောက်ခံလူ ရီကို လီဝစ် အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အသင့် ရှိနေပြီး ဒီကစားသမား နှစ်ဦးစလုံး ကိုတော့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေကြောင်း Defensa Central က ဖော်ပြပါတယ်။
မန်စီးတီး ကတော့ လီဝစ်ရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာ ရှိတဲ့ ပစ်မှတ် အဖြစ် ပက်ဒရို ပေါ်ရိုကို သတ်မှတ်ထားပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်းဟာ ၂၀၁၉-၂၀၂၂ ခုနှစ် အထိ မန်စီးတီးမှာ ၃ နှစ်ကြာ ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး နောက်ခံလူကို စိတ်ဝင်စားမှု ပြသထားကြောင်း TEAMtalk က ဖော်ပြပါတယ်။

အက်စတွန်ဗီလာ၊ နယူးကာဆယ် ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းပြ တိုက်စစ်မှူး အီဂေါ သီယာဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီကစားသမား ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ အပြင် လာလီဂါနဲ့ စီးရီးအေ ကလပ် တော်တော်များများ ကလည်း စိတ်ဝင်စားနေကြပါတယ်။
လစ်ဗာပူးလ် ကတော့ လာမယ့် ဇန်နဝါရီလမှာ တောင်ပံကစားသမား မိုဟာမက် ဆာလာကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး။ အီဂျစ် တောင်ပံ ကစားသမားဟာ အင်္ဂလန်မှာ အခြေချနေထိုင်နေဆဲ ဖြစ်ပေမယ့် ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခြင်းလည်း မရှိပါဘူး။ ဆာလာက ဇန်နဝါရီလမှာ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူး ဆိုရင် နွေရာသီမှာ ရောက်ရှိလာနိုင်တဲ့ ပေါင် ၁၀၀ သန်း (ဒေါ်လာ ၁၃၃.၈ သန်း) တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှုတွေ ကိုတော့ လက်ခံသွားဖို့ ကလပ် ဘက်က စီစဉ်နေပါတယ်။
တစ်ချိန်တည်းမှာပဲ လစ်ဗာပူးလ်က စွယ်စုံရ တောင်ပံ ကစားသမားသစ် တစ်ဦးကို ခေါ်ယူဖို့ ဆန္ဒရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် အန်တိုနီ ဆီမီညို အတွက် ဘုန်းမောက်နဲ့ တရားဝင် ဆွေးနွေးမှုတွေကို စတင်ခဲ့ကြောင်း indykaila က ဖော်ပြပါတယ်။
ဝက်စ်ဟမ်းယူနိုက်တက်ဟာ ဒီရာသီမှာ ချဲလ်ဆီး ဗဟိုနောက်ခံလူ အက်ဆဲလ် ဒီဆာဆီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်း Football Insider က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


