နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဗစ်ဇ်ကို ခေါ်ယူဖို့ စိတ်မဝင်စားတဲ့ ချဲလ်ဆီး၊ ထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေတဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

လစ်ဗာပူးလ် အသင်းရဲ့ ကွင်းလယ်လူ ဖလော်ရီယန် ဗစ်ဇ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး အသင်းက စိတ်ဝင်စားခြင်း မရှိပါဘူး။ ဗစ်ဇ်ဟာ အန်ဖီးလ်ရဲ့ တာဝန်ရှိသူတွေ ဘက်က အပြည့်အဝ ယုံကြည် အားကိုးမှုကို ဆက်လက် ရရှိထားဆဲ ဖြစ်ပါတယ်။ 

တိုက်စစ် ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူ အနေနဲ့ ချဲလ်ဆီး အသင်းဆီ အံ့အားသင့်ဖွယ် ပြန်လည် ရောက်ရှိလာနိုင်ခြေ ရှိနေပါတယ်။ အေစီမီလန် အသင်းက ဒီပြင်သစ် ကစားသမားကို ရောင်းချချင်နေပြီး၊ ချဲလ်ဆီး အသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့် ဇာဘီ အလွန်ဆို ကလည်း အသင်း အကြီးအကဲတွေကို သူတို့ရဲ့ မာနတွေကို ဘေးဖယ်ထားပြီး ဒီဘက်စုံရ တိုက်စစ်မှူးကို ပြန်လည် ခေါ်ယူဖို့ စည်းရုံး လှုံ့ဆော်နေပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ အာဆင်နယ်၊ နယူးကာဆယ်နဲ့ စပါး တို့ရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ခဲ့ပြီး ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ဖို့ အတွက်ပဲ စောင့်ဆိုင်းနေပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ရက်ရှ်ဖို့ဒ် အတွက် စာချုပ်ပါ အပြီးသတ် ဝယ်ယူခွင့် တန်ကြေး ဖြစ်တဲ့ ယူရို ၃၀ သန်း (ပေါင် ၂၆ သန်း) ကို ပေးချေဖို့ ငြင်းဆန်ထားတဲ့ ဘာစီလိုနာ အသင်းနဲ့ မဖြစ်မနေ ညှိနှိုင်းမှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

အန်တိုနီ ဂေါ်ဒွန်ကို ရောင်းချခဲ့ပြီးနောက် တိုက်စစ်မှူးသစ် ရှာဖွေနေတဲ့ နယူးကာဆယ် အသင်းဟာ ဟော့ဖန်ဟိန်း အသင်းရဲ့ တိုက်စစ်မှူး ဘာဇူမာနာ တိုရေးကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ သို့သော်လည်း အသက် ၂၀ အရွယ်ရှိ ဒီကစားသမားကို ခေါ်ယူမယ့် အပြောင်းအရွှေ့ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ ယူနိုက်တက် အသင်းက အပြင်းအထန် ကြားဖြတ် တွန်းအားပေးနေပါတယ်။ 

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ဟာ သူ့ကို ခေါ်ယူဖို့ အလားအလာ အရှိဆုံး အသင်း ဖြစ်နေပါတယ်။
ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ အလားအလာ ကောင်းနေတဲ့ နယူးကာဆယ်

အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်ဟာ လာမယ့် နွေရာသီမှာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ သို့သော်လည်း မန်ချက်စတာစီးတီး အသင်းဟာ ၂၀၂၃ ခုနှစ်က မစ်ဒယ်ဘရော့ အသင်းဆီ ရော်ဂျာစ် ပြောင်းရွှေ့သွားကတည်းက သူ့ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေခဲ့တာကြောင့် ဂန်းနား တို့ရဲ့ ခေါ်ယူမယ့် အစီအစဉ်ကို ကြားဖြတ် ပိတ်ဆို့နိုင်ခြေ ရှိနေပါတယ်။ 

ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေတာကြောင့် အက်စတွန်ဗီလာဟာ ဘရိုက်တန် ဂိုးသမား ဘတ် ဗာဘရက်ဂျန်ကို ခေါ်ယူဖို့ ယူနိုက်တက်၊ လစ်ဗာပူးလ် တို့နဲ့ အတူ စောင့်ကြည့် အကဲခတ်တဲ့ အထဲ ပါဝင်လာခဲ့ပါတယ်။ 

အက်စတွန်ဗီလာ မျက်စိကျနေတဲ့ နောက်ထပ် ဂိုးသမား တစ်ဦး ကတော့ ဖရိုင်းဘတ်ရဲ့ နိုအာ အာတူဘိုလူ ဖြစ်ပါတယ်။ သူကိုယ်တိုင်က ပရီးမီးယာလိဂ်ကို ပြောင်းရွှေ့ချင်နေပေမယ့် လက်ရှိအချိန် အထိ တရားဝင် ကမ်းလှမ်းမှုမျိုး မရရှိသေးပါဘူး။ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့ကလည်း သူ့ကို သဘောကျနေကြပေမယ့် ဗီလာ အသင်း လိုပဲ တခြား ပစ်မှတ်တွေ ကိုသာ ပိုမိုဦးစားပေးနေကြပါတယ်။ 

ချဲလ်ဆီးဟာ ရိုးမား ဂိုးသမား မိုင် ဆဗီလာကို ယူရို သန်း ၅၀ (ပေါင် ၄၃ သန်း) နဲ့ ကမ်းလှမ်းခဲ့သော်လည်း မအောင်မြင်ဘဲ ပယ်ချခံခဲ့ရပါတယ်။

ဂျိမ်းစ် ထရက်ဖို့ဒ် ကတော့ မန်စီးတီးမှာ လူစားလဲခုံပေါ်မှာ နောက်ထပ် တစ်ရာသီ ထပ်မံ မဖြတ်သန်းလိုတော့ကြောင်း သတိပေးလိုက်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ဟာ သူ့ကို ခေါ်ယူဖို့ အလားအလာ အရှိဆုံး အသင်း ဖြစ်နေပါတယ်။ 

မန်ချက်စတာစီးတီးဟာ ဒတ်ခ်ျ ကွင်းလယ်လူ တီဂျန်နီ ရိုင်းဒါးစ် အတွက် အက်တလက်တီကိုမက်ဒရစ်က ယူရို ၆၅ သန်း (ပေါင် ၅၆ သန်း) နဲ့ ကမ်းလှမ်းလာမှုကို စဉ်းစား သုံးသပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်