နွေရာသီ အပြောင်းအရွှေ့ရာသီ ရောက်လာပြီ ဖြစ်တာကြောင့် ဥရောပ အင်အားကြီး ကလပ်တွေရဲ့ လူအင်အား ဖြည့်တင်းမှု၊ ကစားသမား အဝင်အထွက် သတင်းတွေက တရိပ်ရိပ် တက်လာနေပါတယ်။ ဒါကြောင့် ဒီနေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် အသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ အတွက် ပီအက်စ်ဂျီ တောင်ပံ ကစားသမား ဘရက်ဒ်လေ ဘာကိုလာကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ဖို့ ဆိုရင် ပရီးမီးယားလိဂ် ကလပ်က ကမ်းလှမ်းမှု ပမာဏ တော်တော်များများ ပေးရဖို့ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ပြင်သစ် လက်ရွေးစင် ဘာကိုလာ ကိုယ်တိုင်က လန်ဒန်မှာ နေထိုင်ရမယ့် အခွင့်အရေး အပြင် မီခဲလ် အာတေးတားရဲ့ လက်အောက်မှာ ကစားချင်တာကြောင့် လစ်ဗာပူးလ်ထက် အာဆင်နယ်ဆီ ပြောင်းဖို့ ပိုမို စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ မန်စီးတီး တို့က အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။ အန်ဇိုကို ရီးရဲလ်မက်ဒရစ် အသင်းက ခေါ်ယူမှာ မဟုတ်ကြောင်း လူသိရှင်ကြား ငြင်းဆိုလိုက်ပြီးနောက်မှာ အခုလို အင်္ဂလန်ကလပ်တွေ ဇာတ်လမ်းစလာတာပါ။ ချဲလ်ဆီး ဘက်ကလည်း ပုံစံမကျ ဖြစ်နေတဲ့ အန်ဇိုကို ရောင်းချပြီး ရီးရဲလ်မက်ဒရစ်က ချူအာမေနီ ဒါမှမဟုတ် အာဒါ ဂူလာ တို့ကို ပြန်ခေါ်ဖို့ မျက်စိကျနေပါတယ်။
ဒါ့အပြင် ချဲလ်ဆီး တောင်ပံလူ အလက်ဟန်ဒရို ဂါနာချို ကိုလည်း ရိုးမား အသင်းက အငှားနဲ့ ခေါ်ဖို့ ကမ်းလှမ်းထားသလို၊ နောက်ခံလူ ထရီဗော့ ချာလိုဗာကို ခေါ်ဖို့ အင်တာမီလန် တာဝန်ရှိသူတွေက သူ့ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဝယ်ဘက်မှာတော့ ချဲလ်ဆီးဟာ ရာယို ဗလက်ကာနို ဘယ်နောက်ခံလူ ပက်ပ် ချာဗာရီယာကို ခေါ်ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားပါပြီ။ ဒါပေမယ့် ချဲလ်ဆီးရဲ့ ပထမဆုံး ကမ်းလှမ်းမှု ယူရို ၁၂ သန်းက ရာယို ဗလက်ကာနို အလိုရှိတဲ့ ပမာဏထက် နည်းနေလို့ ကလပ် နှစ်ခုကြား ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။
လစ်ဗာပူးလ် အသင်းဟာ အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်ခ်ကို မရောင်းရ ကစားသမား အဖြစ် မသတ်မှတ်တော့ဘဲ သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် လက်ခံ စဉ်းစားသွားဖို့ ပြင်ဆင်နေပါတယ်။ တစ်ဖက် မှာလည်း စပါး အသင်းဟာ အေစီမီလန် တောင်ပံ ကစားသမား ရာဖေးလ် လီယာအိုကို ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းခံထားရပါတယ်။ လီယာအိုကို မန်ယူနဲ့ ဘာစီလိုနာတို့ ကလည်း စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် စပါး နည်းပြရဲ့ ထိပ်တန်း ပစ်မှတ် ကတော့ မန်စီးတီး တောင်ပံ ကစားသမား ဆာဗင်ညို ဖြစ်နေပါတယ်။

မန်စီးတီး ဘက်ကတော့ လိုင်လီ အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူ အာယွဘ် ဘူအာဒီကို ခေါ်ယူဖို့ အာဆင်နယ်၊ ချဲလ်ဆီး တို့နဲ့ အပြိုင် ကြိုးစားနေပါတယ်။ ကလပ် သုံးခုစလုံးက ဘူအာဒီကို လိုင်လီ မှာပဲ နောက်ထပ် တစ်ရာသီ အငှား ဆက်ထားပေးမယ် ဆိုတဲ့ အချက်ကို လက်ခံထားကြပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့ပဲ ကျန်ပါတော့တယ်။
မန်ချက်စတာယူနိုက်တက်ဟာ အေစီမီလန် အပါအဝင် ကလပ် အသင်း တချို့ရဲ့ တောင်ပံ ကစားသမား အာမတ် ဒီယာလို အပေါ် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီး သူ့ကို ရောင်းချဖို့ အစီအစဉ် လုံးဝ မရှိဘူးလို့ သိရပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားခဲ့ရပေမယ့် အသင်းရဲ့ အဓိက တောင်ပံ ကစားသမား ဂျရော့ဒ် ဘိုဝင် ကိုတော့ ဘယ်အသင်း ကိုမှ မရောင်းဘူးလို့ တင်းခံထားပါတယ်။
နယူးကာဆယ်ဟာ ဆန်ဒရို တိုနာလီကို ရောင်းလို့ ရမယ့်ငွေနဲ့ မိုနာကို ကွင်းလယ်လူ လာမင်း ကာမာရာကို ခေါ်ဖို့ စဉ်းစားနေပါတယ်။ ဒါ့အပြင် နယူးကာဆယ်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ဟာ ဆီဗီလာရဲ့ အသက် ၂၂ နှစ် အရွယ် ဘယ်နောက်ခံလူ အိုဆို ကို ခေါ်ဖို့ အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။
တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ရစ်ချာလီဆန်ကို တူရကီ ထိပ်သီး ကလပ် တစ်ခုက ကမ်းလှမ်းထားသလို၊ ဘက်ဆစ်တပ်စ် အသင်း ကလည်း အာဆင်နယ် တောင်ပံလူ လီအန်ဒရို ထရော့ဆက်ဒ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီချက်ရော အပြောင်းအရွှေ့ကြေးပါ အပြီးသတ်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးဆုံးချိန် အထိပဲ ခေါ်ယူဖို့ အချိန်သတ်မှတ်ထားပြီး အဲဒီထက် ကြာရင်တော့ လက်လျှော့သွားတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဂိုးသမား တာစတီဂျန်ကို အေဂျက်စ် အသင်းဆီ အငှားချဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ အေဂျက်စ်ဟာ တာစတီဂျန်ရဲ့ လစာ ၉၀ ရာခိုင်နှုန်းကို ဘာဆာ ဘက်က စိုက်ပေးရမှာ ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းပဲ တာဝန်ယူမှာ ဖြစ်ပါတယ်။
ကန်ဆယ်လို ကတော့ သူ့ကို ခေါ်ချင်နေတဲ့ အဲလ်ဟီလယ် အသင်းဆီ ပြန်လာဖို့ အတွက် လက်ရှိ နည်းပြ ဆီမြွန်နီ အင်ဇာဂီကို ရာထူးက ထုတ်ပယ်ရမယ်လို့ ရာဇသံပေးထားပါတယ်။ ဒါဟာ ဘာစီလိုနာဆီ အပြီးသတ် ပြောင်းရွှေ့ခွင့်ရအောင် အဲလ်ဟီလယ်ကို ဖိအားပေးတဲ့ နည်းဗျူဟာလို့ သုံးသပ်နေကြပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်း ကတော့ ပြီးခဲ့တဲ့ မေလတုန်းက ချူအာမေနီနဲ့ စကားများ အငြင်းပွားမှု ဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ဖီဒီ ဗယ်လ်ဗာဒီရဲ့ အနာဂတ် အတွက် ဘာမှ စိုးရိမ်ပူပန်မှုမရှိဘဲ အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


