နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်နဲ့ ဂါနာချိုရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ဘာစီလိုနာ | ပရီးမီးယားလိဂ်

ဘာစီလိုနာ ကတော့ အာဂျင်တီးနား တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုနဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တို့ရဲ့ လက်ရှိ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒီသတင်း ကိုတော့ စပိန်အခြေစိုက် Fichajes က ဖော်ပြခဲ့တာ ဖြစ်ပြီး ဘာစီလိုနာက ဂါနာချိုကို အခွင့်အရေး ရရင် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် လူငယ် တောင်ပံ ကြယ်ပွင့် ဂါနာချို ကတော့ အချိန်တိုတွင်း မန်ချက်စတာယူနိုက်တက် လူငယ် အသင်း ကနေ စီနီယာ အသင်းကြီးထံ ပြောင်းရွှေ့ ကစားခွင့်ရပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့သူပါ။ ဒါပေမယ့်လည်း ဂါနာချိုက ဒီရာသီ မှာတော့ ရုန်းကန်နေခဲ့ရသလို နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲပေါင်း ၂၀ အထိ ဂိုးပေါက် ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါ့အပြင် ဂါနာချိုက ဒီရာသီ ပရီးမီးယားလိဂ်မှာ အပိုင်အခွင့်အရေး ဖြုန်းတီးမှု အများဆုံး ကစားသမားလည်း ဖြစ်နေပြီးတော့ သေချာပေါက် ဂိုးရနိုင်တဲ့ အခြေအနေတွေ ကနေ သွင်းဂိုး ၃ ဂိုးသာ ရရှိထားသလို ဂိုးဖန်တီးမှုလည်း ၁ ကြိမ်သာ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် လက်ရှိ အသင်း နည်းပြ ရူဘင် အမော်ရင် နဲ့လည်း အဆင်မပြေမှုတွေ ရှိနေပြီး သူရဲ့ အနာဂတ်က တော်တော်လေး လှုပ်ခတ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစ်ပ်ဆွစ်ချ်နဲ့ ပွဲစဉ်မှာ ဆိုရင် လူစားလဲခံခဲ့ရတဲ့ ဂါနာချိုဟာ အရန် ခုံတန်းကို မသွားပဲ အဝတ်လဲခန်းထဲကို တန်းဝင်သွားခဲ့တာကြောင့် အသင်းဖော်တွေကို ညစာ ဝယ်ကျွေးစေဖို့ အမော်ရင်က ဒဏ်ပေးခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ မှာတော့ ကစားသမား အဝင် အနေနဲ့ ပက်ထရစ် ဒေါဂူနဲ့ အေဒန် ဟေးဗန်း တို့ကို ခေါ်ယူထားခဲ့ပါတယ်။
ယူနိုက်တက် ကနေ ရောင်းထုတ်ခံရဖွယ် ရှိနေတဲ့ ဂါနာချို

ပြီးခဲ့တဲ့ ဆောင်းရာသီ ဈေးကွက်မှာတုန်း ကလည်း ဂါနာချိုကို နာပိုလီနဲ့ ချဲလ်ဆီး တို့က ချဉ်းကပ်ခဲ့သလို နာပိုလီ ကလည်း ကမ်းလှမ်းမှုပါ ပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘဲ ဂါနာချိုက ယူနိုက်တက် မှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဂါနာချိုရဲ့ အနာဂတ်က မတည်ငြိမ်နေသေးပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာတော့ အသင်း ကနေ ရောင်းချခံရနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ယူနိုက်တက်က လာမယ့် နွေရာသီမှာ အသင်း ကနေ ကစားသမား (၄ ဦး ကနေ ၆ ဦး အထိ ရှင်းထုတ်သွားဖို့ ရှိပြီး အဲဒီအထဲမှာ ဂါနာချိုလည်း ပါဝင်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာ ဂါနာချိုနဲ့ ယူနိုက်တက်ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကလပ် အသင်း တော်တော်များများ ရှိနေပြီးတော့ ဒီအထဲမှာ ဘာစီလိုနာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဂါနာချို အနေနဲ့ ယူနိုက်တက်ဆီ မပြောင်းရွှေ့ခင်က အက်တလက်တီကိုမက်ဒရစ်မှာ ကစားခဲ့ဖူးသူလည်း ဖြစ်သလို စပိန်မြေမှာ ကြီးပြင်းခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာ အပြင် အသင်းဟောင်း ဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း စိတ်ဝင်စားနေကြပြီး စီးရီးအေနဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ကပါ ဂါနာချိုကို ခေါ်ယူချင်နေကြပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ မှာတော့ ကစားသမား အဝင် အနေနဲ့ ပက်ထရစ် ဒေါဂူနဲ့ အေဒန် ဟေးဗန်း တို့ကို ခေါ်ယူထားခဲ့ပါတယ်။ အထွက် အနေနဲ့ ကတော့ တိုင်ရဲလ် မလာစီယာကို အငှား+ယူရို ၁၀ သန်းတန် အပြီးသတ် ခေါ်ယူခွင့်နဲ့ ပီအက်စ်ဗွီ၊ ရက်ရှ်ဖို့ဒ်ကို အငှား+ပေါင်သန်း ၄၀ တန် အပြီးသတ် ခေါ်ယူခွင့်နဲ့ အက်စတွန်ဗီလာ၊ အန်တိုနီ ကိုတော့ အပြီးသတ် ခေါ်ယူခွင့် မပါတဲ့ အငှားနဲ့ ဘက်တစ်ဆီ လက်လွှတ်ထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်