နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝုဗ် ကစားသမားတွေရဲ့ လက်ဆောင် ဂိုးတွေနဲ့ နိုင်ပွဲ ရခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ဒီကနေ့ မနက် အစောပိုင်းမှာတော့ ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ် အနေနဲ့ ဇယား အောက်ဆုံးက ဝုဗ်ကို ခက်ခက်ခဲခဲ ကစားပြီး ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ် ကစားသမား တစ်ဦးမှ ဂိုးမသွင်းခဲ့ရပဲ ပြိုင်ဘက် ကစားသမားတွေကပဲ ၃ ဂိုးစလုံး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲ အာဆင်နယ်ရဲ့ လူစာရင်းမှာ ရိုက်စ်၊ တင်ဘာ၊ ဆလီဘာ တို့ ပြန်လည် ပါဝင်လာခဲ့ပြီး ယောကရက်စ်၊ ဆာကာ၊ မာတင်နယ်လီ၊ ဇူဘီမန်ဒီ၊ အက်ဇေး တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည ဝုဗ် ကတော့ ၃ ယောက်တန်း ခံစစ်နဲ့အတူ အက်ဂ်ဘာဒူ၊ မော့စ်ကွဲယား၊ ဂိုးမက်စ်၊ အန်ဒရီ၊ ဒိုဟာတီ၊ ဟွမ်၊ စထရန်းလာဆင် တို့နဲ့ လူစုံခဲ့ပေမယ့် ခံစစ်က ဘယ်လီဂါဒီ ကတော့ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

ခြေစွမ်းပိုင်း အရ ပြောပါဆိုရင်တော့ ဒီနေ့ပွဲမှာ အာဆင်နယ်က တော်တော်‌လေး စုတ်ပြတ်နေခဲ့ပြီး ဒီရာသီရဲ့ အညံ့ဆုံးသော ခြေစွမ်းလို့တောင် ပြောလို့ ရပါတယ်။ ကစားဟန်က တော်တော်လေးကို ပေါ့ပေါ့ဆဆနိုင်ခဲ့ပြီး ရိုးရှင်းတဲ့ ပေးပို့မှုတွေနဲ့ပဲ အာဆင်နယ်တို့ အချိန်ကုန်ခဲ့ကြတာပါ။ ဆာကာရဲ့ ထောင့်ကန်ဘော ကန်ချက်နဲ့သာ ဆမ် ဂျွန်စတုန်း ကိုယ့်ဂိုးကိုယ် မသွင်းယူ ဖြစ်ခဲ့ရင် ဂါဘရီရယ် ဂျေဇုစ်ရဲ့ ကယ်တင်မှုနဲ့ မော့စ်ကွဲယားသာ ကိုယ့်ဂိုးကိုယ် ထပ်မသွင်းခဲ့ရင် အာဆင်နယ်ဟာ ဒီပွဲမှာ ၃ မှတ် ရစရာ အကြောင်း မရှိခဲ့တာ သေချာပါတယ်။ မီခဲလ် အာတေးတား အနေနဲ့ မလိုအပ်ပဲ ခံစစ် အလွန်အကျွံ ကစားခဲ့တာ၊ စိုးရိမ်စိတ် များနေတာ‌တွေက အသင်းကို အားနည်းသွားစေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်က ပြိုင်ဘက် ကစားသမားတွေ သွင်းယူပေးတဲ့ ဂိုးတွေနဲ့ အနိုင် ၃ မှတ် အပြည့်ရခဲ့ပြီး အမှတ်ပေးဇယားကို ၅ မှတ်ကာ ယာယီ ပြန်လည် ဦးဆောင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီနေ့မှာ မန်စီးတီးတို့ ပဲလေ့စ်နဲ့ တွေ့ဆုံနေခြင်းကို အာဆင်နယ်တို့ အခွင့်ကောင်းယူနိုင်ခဲ့ပြီလား ဆိုတာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ စံချိန်တင် နောက်ဆုံး ၁၀ ပွဲဆက် ရှုံးထားခဲ့ပြီ ဖြစ်တဲ့ ဝုဗ် ကတော့ လာမယ့် ပွဲစဉ်မှာ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ များနေတဲ့ ဝုဗ်

ပွဲအပြီးမှာတော့ နည်းပြ မီခဲလ် အာတေးတားက “အနိုင်ရလဒ်ကြောင့် စိတ်သက်သာရာရပေမယ့် ဂိုးပြတ်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်တာကို ကြည့်ပြီး စိတ်တိုမိပါတယ်။ ဒုတိယပိုင်းမှာ တိုးတက်အောင် ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပြီး တကယ်လည်း လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တဖက်က ဒုတိယပိုင်း တပိုင်းလုံး ဂိုးပေါက်တည့်အောင် မကန်နိုင်တာကို ၂ မိနစ် ၃ မိနစ်လောက်လေး အတွင်း ကျွန်တော်တို့ အားနည်းသွားတာနဲ့ ဂိုးပေးလိုက်ရတာ ကိုတော့ ကျေနပ်မှု မရှိပါဘူး။ အသင်းက ဒီထက်ပိုပြီး အလုပ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဘန်ဝှိုက်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့ အာတေးတားက “ဘန်ဝှိုက်က တံကောက်ကြော ဒဏ်ရာ ရသွားတယ် ထင်ပါတယ်။ ဆေးစစ်ပြီးမှပဲ ဒဏ်ရာ အတိမ်အနက်ကို သိရမှာပါ။ သတင်းကောင်း တစ်ခုတော့ မဟုတ်ပါဘူး။ ဘန်က ဒူးဒဏ်ရာကြောင့် ကာလရှည် မကစားနိုင်ခဲ့ဘူး။ ပြန်လည် သက်သာလာချိန်မှာလည်း ကစားခွင့် သိပ်မရခဲ့ပါဘူး။ ဒါပေမယ့် နောက်တော့ သူက ပုံစံကောင်း တစ်ခု ရလာတယ်။ ခြေစွမ်းကောင်းလည်း ပြန်ရလာတယ်။ ကျွန်တော်တို့ အနေနဲ့ သူ့ကို ဆက်တိုက် အသုံးပြုရဖို့လည်း ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့မှာ ရွေးချယ်စရာ မရှိတော့လို့ပါ။”

“ဒီပွဲမှာတောင်မှ မိနစ် ၉၀ ကစားနိုင်တဲ့ ကြံ့ခိုင်မှုမျိုး မရှိသေးတဲ့ ဝီလီ (ဆလီဘာ) ကို စွန့်စားပြီး အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ လုပ်နေရတာတွေက နောက်ထပ် ဒဏ်ရာတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေတာပါ။ ဒါပေမယ့် ကျွန်တော် တို့မှာ ကစားသမား မရှိတော့ဘူးလေ။ ဒါတွေက သတင်းဆိုးတွေပါပဲ။” လို့ အာတေးတားက ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ် ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အဲဗာတန်ကို ဟေးလ်ဒစ်ကင်ဆင် ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ စံချိန်တင် နောက်ဆုံး ၁၀ ပွဲဆက် ရှုံးထားခဲ့ပြီ ဖြစ်တဲ့ ဝုဗ် ကတော့ လာမယ့် ပွဲစဉ်မှာ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်