ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ စံချိန်တင် ဝင်ငွေတွေ ရရှိနေပေမယ့်လည်း အရှုံးပေါ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကို ပြန်လည် ခြေချနိုင်ခဲ့ခြင်းနဲ့ အတူ ကလပ် စံချိန်တင် ဝင်ငွေ ပေါင် ၆၁၆.၆ သန်း (အမေရိကန်ဒေါ်လာ ၇၇၅ သန်း) ရရှိခဲ့ပေမယ့်လည်း ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အတွက် အာဆင်နယ်က ပေါင် ၁၇.၇ သန်း အရှုံးပေါ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးရဲ့ အနောက်မှာ ရမှတ် အနည်းငယ် ကွာဟမှုနဲ့ အတူ ဒုတိယနေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဂန်းနားတွေ အနေနဲ့ ဘေယန်မြူးနစ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ မထွက်ခွာရခင် ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ပြန်လည် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်လို့ ဥရောပရဲ့ ထိပ်တန်း ပြိုင်ပွဲ တစ်ခုကို ပြန်လည် ရောက်ရှိခဲ့တာကြောင့် ရုပ်သံ ကနေ ဝင်ငွေ ပေါင် ၇၁ သန်းနဲ့ ပွဲနေ့ ဝင်ငွေ ပေါင် ၂၉ သန်း အထိ တိုးလာခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးကွင်း၊ အင်္ကျီ စပွန်ဆာ အမ်းမရိတ်စ်နဲ့ ကလပ်ရဲ့ သဘောတူညီချက်ကို သက်တမ်းတိုးတာ၊ ဆိုဘာ ရီးရဲလ်တီ (Sobha Realty) ကို လေ့ကျင့်ရေးကွင်း အမည် မူပိုင်ခွင့် ရောင်းချတာတွေကြောင့်လည်း စီးပွားရေးဆိုင်ရာ ဝင်ငွေတွေ ကလည်း ပေါင် ၂၁၈.၃ သန်း အထိ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း လုပ်ခလစာက ပေါင် ၂၃၄.၈ သန်း ကနေ ပေါင် ၃၂၇.၈ သန်း အထိ တိုးလာခဲ့တာကြောင့် ဒီကိန်းဂဏန်းတွေဟာ အရင် ၁၂ လ အတွင်း ပေါင် ၅၂.၁ သန်း အရှုံးပေါ်ခဲ့တာထက်တော့ တိုးတက်မှု ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ရဲ့ ထုတ်ပြန်ချက် မှာတော့ ‘ကလပ်ဟာ ယူအီးအက်ဖ်အေနဲ့ ပရီးမီးယားလိဂ် တို့က ချမှတ်ထားတဲ့ သက်ဆိုင်ရာ ငွေကြေး တည်ငြိမ်မှု စည်းမျဉ်းတွေနဲ့ အညီ ဆက်လက် လိုက်နာလျက် ရှိပါတယ်’ လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ‘အမျိုးသားနဲ့ အမျိုးသမီး နှစ်သင်းစလုံး အတွက် ၂၀၂၄-၂၀၂၅ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ကို ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတာက ကလပ်ရဲ့ တိုးတက်မှုကို အပြုသဘောဆောင်တဲ့ အကျိုးဆက် ဖြစ်ပြီးတော့ ၂၀၂၄-၂၀၂၅ ရာသီရဲ့ စိတ်လှုပ်ရှားဖွယ် အဆုံးသတ် ကိုလည်း ကျွန်တော်တို့တွေ မျှော်လင့်နေပါတယ်’ ဆိုပြီးလည်း ပါရှိပါသေးတယ်။
အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲ ပိုကစားထားတဲ့ လစ်ဗာပူးလ်ကို ၈ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးထားနေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ပွဲ အပြီးမှာ အာဆင်နယ်က ၁၅ ပွဲနိုင်၊ ၈ ပွဲ သရေ၊ ၂ ပွဲ ရှုံးပြီး ရမှတ် အနေနဲ့ ကတော့ ၅၃ မှတ် ရရှိထားပါတယ်။ လက်ကျန် ပွဲစဉ် ၁၃ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ အာဆင်နယ်က နော့တင်ဟမ်ဖောရက်စ်ကို ၆ မှတ်၊ မန်ချက်စတာစီးတီး ကိုတော့ ၉ မှတ် အထိ ဖြတ်ထားနိုင်ပြီး Top 4 တော့ သေချာပေါက် မျှော်လင့်ထားနိုင်ပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာ အာဆင်နယ်က ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့လို ပြည်တွင်း ပြိုင်ပွဲ နှစ်ခုစလုံးကို စောစောစီးစီး နှုတ်ဆက်ထားရပေမယ့် ချန်ပီယံလိဂ် မှာတော့ ၁၆ သင်း အဆင့်ကို တက်လှမ်းထားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.