မန်ချက်စတာယူနိုက်တက် ဂန္တဝင် နည်းပြဟောင်းကြီး ဆာ အဲလက်စ် ဖာဂူဆန် ကတော့ သရဲနီတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တကျော့ပြန် စိန်ခေါ်နိုင်ဖို့ နောက်ထပ် ၁၀ နှစ် ၁၁ နှစ်လောက် အထိ စောင့်ဆိုင်းရနိုင်တယ်လို့ ယုံကြည်နေပါတယ်။ မန်ချက်စတာယူနိုက်တက်က ၂၀၁၂-၂၀၁၃ နောက်ပိုင်း ကတည်းက ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့သလို လက်ရှိ မှာလည်း နှစ်တိုင်းလိုလို ရုန်းကန်နေရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သတ်ပြီး နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်က Press Box PR အစီအစဉ်မှာ “၁၀ နှစ်၊ ၁၁ နှစ်လည်း ဖြစ်နိုင်ပါတယ်။ ၁၉၈၆ ခုနှစ် နိုဝင်ဘာလမှာ လစ်ဗာပူးလ်တို့ အရမ်းကြမ်းနေချိန် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အချိန်တွေကို ပြန်ပြောင်းသတိရမိပါတယ်။ သူတို့ဟာ အံ့သြဖွယ်ကောင်းတဲ့ အသင်း တစ်သင်း ဖြစ်ပြီး ဥရောပဖလားကို ၄ ကြိမ် ဆွတ်ခူးခဲ့ပေမယ့် (၁၉၉၀ ခုနှစ် နောက်ပိုင်း) လိဂ်မှာ ချန်ပီယံ ပြန်ဖြစ်ဖို့ ၃၁ နှစ် (အမှန်တကယ်တော့ နှစ် ၃၀) ကြာခဲ့ပါတယ်။ အခု ကျွန်တော် တို့ဟာ [၁၉၉၀ ခုနှစ်တွေတုန်းက လစ်ဗာပူးလ် လိုပဲ) အခြေအနေတူမှာ ရှိနေပါတယ်။” လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဖလားနဲ့ ၁၂ နှစ်ကြ ဝေးကွာနေပြီး ဒီကာလ အတွင်းမှာ ခါးသီး မြို့ခံ ပြိုင်ဘက် မန်ချက်စတာစီးတီးက အမှတ်ပေးဖလား ၇ ကြိမ် အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန် ပြိုင်ဘက် လစ်ဗာပူးလ် ကလည်း မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ဖလား အကြိမ် အရေအတွက် ၂၀ ချင်း တူညီသွားခဲ့ပါတယ်။

ရူဘင် အမော်ရင်ရဲ့ အသင်းက ဒီရာသီမှာ အနည်းငယ် ခြေစွမ်းပိုင်း တိုးတက်လာခဲ့တယ် ဆိုပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၀ မှတ် အထိ ကွာဟနေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်က အိမ်ကွင်း နောက်ဆုံး ၃ ပွဲမှာ အဲဗာတန်၊ ဝက်စ်ဟမ်း၊ ဘုန်းမောက် တို့နဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး နိုင်ပွဲ မရတာကြောင့် ၇ မှတ် အထိ လျော့ထားခဲ့ပါတယ်။ ဒါ့အပြင် အခုဆိုရင် အားထားရတဲ့ မက်ဇရာရီ၊ ဘရိုင်ယန် အမ်ဘူမို၊ အာမက်ဒ် ဒီယာလို တို့လို ကစားသမားတွေ အာဖရိကဖလားပြိုင်ပွဲ သွားကစားရတော့မှာ ဖြစ်တာလို့ အားနည်းတဲ့ လူစာရင်းနဲ့ ခရစ္စမတ် ပွဲကြပ်ကာလကို ဖြတ်သန်းရဦးမှာပါ။
မန်ချက်စတာယူနိုက်တက်ရဲ့ အမှုဆောင်ချုပ် အိုမာ ဘာရာဒါ ကတော့ သူတို့ အသင်းရဲ့ ရည်မှန်းချက်က လာမယ့် ၂၀၂၈ ခုနှစ် အသင်း တည်ထောင်တာ နှစ်ပေါင်း ၁၅၀ ပြည့်တဲ့ ရာသီမှာ ပရီးမီးယားလိဂ် ဖလား ရရှိဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း ဖာဂူဆန် ကိုယ်တိုင် ကတော့ လက်ရှိ အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ယုံကြည်မှု အားနည်းနေတာ ဖြစ်ပါတယ်။
အမော်ရင်က ဖာဂူဆန်ရဲ့ မှတ်ချက် ကိုတော့ သဘောတူညီခဲ့ခြင်း မရှိပဲ အခုလို တုန့််ပြန်လာခဲ့ပါတယ်။ အမော်ရင်က “ဖာဂူဆန်ဟာ ဘောလုံးလောက အကြောင်းကို ကျွန်တော့်ထက် အများကြီး ပိုသိတဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ် ဘောလုံးလောက အကြောင်းကိုပါ။ ဒါပေမယ့် ကျွန်တော်တို့ အသင်းက ပရီးမီးယားလိဂ်မှာ ပြန်လည် ဗိုလ်စွဲဖို့ အဲဒီလောက် အထိ နှစ်အကြာကြီး အချိန်ယူရမယ်လို့ မထင်ပါဘူး။ ဘယ်နည်းပြ လက်ထက် ရောက်မှ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မလဲ ဆိုတာတော့ မသိပေမယ့် လာမဲ့နှစ်တွေ အတွင်း ကျွန်တော်တို့ အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်စွမ်း ရှိလာမယ် ဆိုတာ အခိုင်အမာ ယုံကြည်ထားပါတယ်။ လို့ ဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


