နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်း အပေါ် ဝေဖန်မှုတွေကို ဂရုစိုက်မှာ မဟုတ်ကြောင်း ပြောလာတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ နယူးကာဆယ်ကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ အသင်းက အမှားတွေ အများကြီး လုပ်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ဒါ့ပေမယ့်လည်း အမော်ရင်က သူ့ အနေနဲ့ အသင်း အပေါ် ဝေဖန်မှုတွေ ကိုတော့ ဂရုစိုက်မှာ မဟုတ်ကြောင်းလည်း ပြောကြားသွားခဲ့ပါသေးတယ်။ 

ယူနိုက်တက်ဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ်ကို ပထမပိုင်းမှာ ပုံစံကောင်း တစ်ခုနဲ့ တုန့်ပြန်ပြီး သရေ ကစားထားနိုင်ပေမယ့် ဒုတိယပိုင်း မှာတော့ အမှားတွေ ဆက်တိုက်လုပ်ပြီး ၄-၁ ဆိုတဲ့ ရလဒ်နဲ့ပါ အပြတ်အသတ် ရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ကစားသမားတွေဟာ ဒီပွဲမှာ အကြိမ်ကြိမ် မှားခဲ့ကြပြီး နယူးကာဆယ် ကလည်း ယူနိုက်တက်ရဲ့ အမှားတွေကို အကြိမ်ကြိမ် အသုံးချပြီး ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ဖော်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ရူဘင် အမော်ရင် ကတော့ ဒီရှုံးပွဲကို အလေးမထားသလို ပုံစံမျိုး ပြောကြားခဲ့တာကြောင့် ပရိသတ်တွေ ကလည်း စိတ်ပျက်လျက် ရှိပါတယ်။

အမော်ရင်က အင်တာဗျူး တစ်ခုမှာ အခုလိုပဲ ပြောခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ အမှားတွေ အများကြီး လုပ်ခဲ့မိပါတယ်။ နယူးကာဆယ်က second balls တွေမှာ ပိုကောင်းခဲ့ပါတယ်။ ပိုလည်း သန်မာခဲ့တယ်။ ကျွန်တော်တို့ အမှားတွေ အများကြီး လုပ်ခဲ့တာက အနိုင်ရဖို့ ပိုပြီး ခက်ခဲစေခဲ့တာပါပဲ။ ဒါပါပဲ။ အကုန်လုံးမှာ အမှားနည်းနည်းစီ ပါဝင်နေပါတယ်။ တစ်ခုတည်းကို ထောက်ပြဖို့က ခက်ခဲပါတယ်။ နယူးကာဆယ်လို ထိပ်တန်း အသင်းကို အနိုင်ရဖို့ တကယ်လည်း ခက်ခဲခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ပြိုင်ဘက်ကို ကူညီပေးတဲ့ အမှားတွေ လုပ်မိတဲ့အခါ ပိုခက် သွားတယ်။ လာမယ့် ကြာသပတေးနေ့ ပွဲကို အာရုံစိုက်ကြရပါမယ်။ ကျွန်တော်တို့ အများကြီး ပိုကောင်းအောင် လုပ်နိုင်တယ် ဆိုတာ အားလုံးလည်း မြင်နိုင်မယ်လို့ ထင်ပါတယ်။ ကြာသပတေးနေ့ကို အာရုံစိုက်ကြမယ်။ လုပ်ခဲ့တဲ့ အမှားတွေ အားလုံးကို ကြာသပတေးနေ့မှာ မလုပ်ရပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

အမော်ရင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာကို ရောက်နေချိန်မှာ စတင် တာဝန်ယူခဲ့ပြီးတော့ လက်ရှိ မှာတော့ အဆင့် ၁၄ နေရာကို ရောက်ရှိနေပါတယ်။
အမော်ရင် လက်ထက် မှာလည်း တိုးတက်လာခြင်း မရှိတဲ့ ယူနိုက်တက်

ဆက်လက်ပြီး အမော်ရင်က အသင်း အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး မေးမြန်းရာ မှာတော့ “ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဂရုမစိုက်ပါဘူး။ ပွဲရှုံးတာထက် ပိုဆိုးတဲ့အရာ မရှိပါဘူး။ လူတွေက သူတို ပြောချင်တာကို ပြောလို့ ရပါတယ်။ ကျွန်တော် ကိုယ့်ကိုယ် ကို ခုခံကာကွယ်ဖို့ မလုပ်ချင်ပါဘူး။ ကျွန်တော် တို့ရဲ့ အမှတ်ပေးဇယား နေရာကို ကြည့်ရင် အကုန်ဖော်ပြနေပါတယ်။ ကြာသပတေးနေ့ ပွဲက တကယ်ပဲ အရေးကြီးတယ်။ ပွဲရှုံးတာက ဒီအလုပ်ရဲ့ အခက်ခဲဆုံး အပိုင်းပဲ။ ကြာသပတေးနေ့ကို အာရုံစိုက်ကြမယ်။” လို့ ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

အမော်ရင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာကို ရောက်နေချိန်မှာ စတင် တာဝန်ယူခဲ့ပြီးတော့ လက်ရှိ မှာတော့ အဆင့် ၁၄ နေရာကို ရောက်ရှိနေပါတယ်။ ဒီရာသီဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်လာဖို့ ရှိနေပြီး မျှော်လင့်ချက် လက်ကျန် ကတော့ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ရေးပါ။ ယူနိုက်တက်ဟာ ဖြစ်နိုင်မယ် ဆိုရင် လာမယ့် ရာသီ တစ်သင်းလုံး နီးပါး ကစားသမား အပြောင်းအလဲတွေ လုပ်ရမယ့် အခြေအနေ ဖြစ်ပြီး နေရာစုံမှာလည်း အင်အား ဖြည့်တင်းဖို့ လိုအပ်နေပါပြီ။ 

တချို့သော သတင်းတွေ မှာတော့ ယူနိုက်တက်ဟာ ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသေးတဲ့ အမော်ရင်ကို မြင့်မားတဲ့ လျော်ကြေးကြောင့် အသင်း ကနေ ထုတ်ပယ်လို့ မရနိုင် ဖြစ်နေကြောင်းလည်း ဖော်ပြထားပါတယ်။ ဖြစ်နိုင်တာ ကတော့ ယူနိုက်တက်ဟာ ရေရှည်အတွက် ဖြည်းဖြည်းချင်း တည်ဆောက်နေတဲ့ အမော်ရင်ကို အချိန်အတိုင်းအတာ တစ်ခု ထပ်ပေးသွားဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်