ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ မှာတော့ မန်ချက်စတာယူနိုက်တက်က နယူးကာဆယ်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပက်ထရစ် ဒေါဂူရဲ့ သရဲနီ ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးက ယူနိုက်တက်တို့ အိုးထရက်ဖို့ဒ်မှာ နယူးကာဆယ်ယူနိုက်တက်ကို အနိုင်ရဖို့ လုံလောက်စေခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာ ရနေတဲ့ ဘရူနို ဖာနန်ဒက်စ် မပါဝင်နိုင်တဲ့ ရူဘင် အမိုရင်ရဲ့ အသင်း အတွက် ဒေါဂူက ပွဲချိန် ၂၄ မိနစ်မှာ အံ့မခန်း Volley ကန်ချက်နဲ့ ၃ မှတ် အပြည့် ရယူနိုင်ခဲ့တယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ကက်စ်မဲရိုးနဲ့ ဘရူနို ဂီမာရေ့စ် တို့ရဲ့ အစောပိုင်းမှာ ခေါင်းတိုက်ချက်တွေက ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ၂၄ မိနစ် အရောက်မှ ယူနိုက်တက်တို့ ဂိုးရခဲ့တာပါ။ နစ်ခ် ဝေါ်လ်တီမာဒါရဲ့ ခေါင်းတိုက် ရှင်းထုတ်မှု ကနေ ဒေါဂူဆီကို ဘောလုံး ရောက်သွားပြီး ဒိန်းမတ်သားက အာရွန် ရမ်စ်ဒေးလ်ရဲ့ ညာဘက်ခြမ်းထဲကို အဲ့အားသင့်ဖွယ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
မိနစ် ၆၀ လောက်မှာ ယူနိုက်တက် ဘက်က ဘင်ဂျာမင် ဆက်စ်ကိုရဲ့ ကန်ချက် ဘားတန်းထိခဲ့သလို နယူးကာဆယ် ဘက်က ဟာဗီ ဘန်းစ်ရဲ့ ကန်ချက် ဘားတန်းထိ ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဒါးလော့တ်ရဲ့ ကန်ချက် ဂိုးဘားတန်းပေါ် ကျော်သွားတာ ကလည်း ယူနိုက်တက်တို့ ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရမယ့် အခွင့်အရေးကို ဆုံးရှုံးစေခဲ့ပါတယ်။ နယူးကာဆယ်က ပွဲပြီးခါနီးမှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိအားပေးနိုင်ခဲ့ပေမယ့် အန်သိုနီ ဂေါ်ဒွန်နဲ့ လူးဝစ် မိုင်လီ တို့ရဲ့ ကန်ချက်တွေက အချည်းအနှီးသာ ဖြစ်ခဲ့ပြီး ငှက်ကြားတို့ အိုးထရက်ဖို့ဒ် ကနေ ရမှတ် ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်က အိမ်ကွင်းမှာပေမယ့် ဘောလုံးပိုင်ဆိုင်မှု ၃၃ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၉ ကြိမ်၊ ဂိုးပေါက် တည့်မှု ၃ ကြိမ်သာ ရှိခဲ့ပေမယ့် နိုင်ပွဲ ရအောင် ယူသွားနိုင်တာ ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ရမှတ်တူသွားပြီး တစ်ပွဲပိုတော့ ကစားထားပါတယ်။
အချက်အလက်တွေ အရ ဆိုရင် ယူနိုက်တက်က ဘရူနို ဖာနန်ဒက်စ် မပါတဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ နိုင်ပွဲ မရထားတဲ့ မှတ်တမ်းဆိုး ရှိပေမယ့် ဒီပွဲမှာတော့ ချိုးဖျက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အနေနဲ့ ၂၀၂၂ ခုနှစ် မတ်လက တော့တင်ဟမ်ဟော့စပါးကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဖာနန်ဒက်စ် မပါဝင်နိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်က ဖာနန်ဒက်စ် မပါတဲ့ ယခင် ပွဲစဉ် ၅ ပွဲစလုံးမှာ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက် တစ်ခုက ဒီပွဲဟာ အမော်ရင် လက်ထက်မှာ ပထမဦးဆုံး အကြိမ် အဖြစ် ၄ ယောက်တန်း ခံစစ်နဲ့ လိဂ်ပွဲစဉ်လည်း ဖြစ်ပြီး ဒီရာသီမှာ ဒုတိယအကြိမ်မြောက် ဂိုးမပေးရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
နယူးကာဆယ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၁၂ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ် (သရေ ၄ ပွဲ၊ ရှုံးပွဲ ၇ ပွဲ)။ ဒါ့အပြင် နယူးကာဆယ်က Boxing Day ပွဲစဉ်တွေမှာ ရလဒ်ဆိုးရွားနေမှုကို ချေဖျက်နိုင်ခြင်း မရှိခဲ့ပဲ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ပွဲအထိ ရှုံးကာ ဒါက ဘယ်အသင်းထက် မဆို အများဆုံးလည်း ဖြစ်နေပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဒီဇင်ဘာ ၃၁ မှာ ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိပြီး နယူးကာဆယ် ကတော့ ဘန်လေကို တက်ဖ်မောမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


