နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အန်တွန် ဂရစ်ဇ်မန်းက အော်လန်ဒိုစီးတီးရဲ့ ကယ်တင်ရှင် ဖြစ်လာမလား | မေဂျာလိဂ်

အက်တလက်တီကိုမက်ဒရစ် ကြယ်ပွင့် အန်တွန် ဂရစ်ဇ်မန်း ကတော့ အော်လန်ဒိုစီးတီး အသင်းထံ ပြောင်းရွှေ့ဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ အစောပိုင်းမှာ ဂရစ်ဇ်မန်း တယောက် မေဂျာလိဂ်ကို ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေ အတည်ပြုလို့ မရခဲ့ပေမယ့် အခုတော့ အတည်ဖြစ်သွားပါပြီ။

အော်လန်ဒိုစီးတီးဟာ အက်တလက်တီကိုမက်ဒရစ်ရဲ့ ပြင်သစ် တိုက်စစ် ကစားသမား အန်တွန် ဂရစ်ဇ်မန်းကို လက်ရှိ မှာတော့ တရားဝင် စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ဂရစ်ဇ်မန်း အနေနဲ့ အမေရိကန် မေဂျာလိဂ်ဆီ နောက်ဆုံး လာရောက် ပူးပေါင်းတဲ့ စူပါစတား တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဂရစ်ဇ်မန်းက ရီးရဲလ်မက်ဒရစ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီး တနင်္ဂနွေနေ့မှာ ဖလော်ရီဒါကို ရောက်ရှိခဲ့ပြီး စာချုပ် အသေးစိတ်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ စာချုပ်က ၂၀၂၆ ကမ္ဘာ့ဖလား အပြီး နွေရာသီ အပြောင်းအရွှေ့ကာလမှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။ အက်တလက်တီကိုမှာ ဒီရာသီ အကုန်ထိ ဆက်လက် ကစားပေးသွားမယ့် ပြင်သစ် တိုက်စစ်မှူးဟာ ဇူလိုင် ၂၂ ရက်နေ့၊ ဆန်ဟိုဆေး အက်သ်ကွိုတ်စ်နဲ့ အဝေးကွင်း ပွဲစဉ်မှာ အော်လန်ဒိုစီးတီး အတွက် ပွဲဦးထွက်ဖွယ် ရှိနေပါတယ်။

မေဂျာလိဂ် ဘောလုံး ရပ်ဝန်းဆီ ပြောင်းရွှေ့ဖို့ သေချာသွားခဲ့ပြီ ဖြစ်တဲ့ ဂရစ်ဇ်မန်းက စာချုပ်ချုပ်ဆိုပြီးနောက် အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “အော်လန်ဒိုစီးတီးနဲ့ အတူ ကျွန်တော့် ကစားသမားဘဝရဲ့ နောက်ထပ် အခန်းကဏ္ဍသစ်ကို စတင်ရမှာ ဖြစ်လို့ အရမ်းပဲ စိတ်လှုပ်ရှားနေပါပြီ။ ကလပ် အသင်းနဲ့ စကား စပြောကတည်းက သူတို့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်နဲ့ အနာဂတ် အတွက် ရှင်းလင်းတဲ့ မျှော်မှန်းချက်တွေကို ကျွန်တော် ခံစားခဲ့ရပါတယ်။ အော်လန်ဒိုကို ကျွန်တော့်ရဲ့ အိမ်အသစ် အဖြစ် သတ်မှတ်ဖို့၊ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့နဲ့ အသင်း အောင်မြင်မှုတွေ ရအောင် အစွမ်းကုန် ကြိုးစားပေးဖို့ မျှော်လင့်ထားပါတယ်။” လို့ ဆိုပါတယ်။ 

မေဂျာလိဂ် ဘောလုံး ရပ်ဝန်းဆီ ပြောင်းရွှေ့ဖို့ သေချာသွားခဲ့ပြီ ဖြစ်တဲ့ ဂရစ်ဇ်မန်းက စာချုပ်ချုပ်ဆိုပြီးနောက် အခုလိုပဲ ပြောကြားခဲ့ပါတယ်။
အော်လန်ဒိုစီးတီးမှာ မြင့်မားတဲ့ လုပ်ခလစာ ရရှိသွားမယ့် အန်တွန် ဂရစ်ဇ်မန်း

အသက် ၃၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂရစ်ဇ်မန်းက ၂၀၂၇-၂၀၂၈ ဘောလုံးရာသီ အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၈-၂၀၂၉ ရာသီ အတွက် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်လည်း ပါဝင်ပါတယ်။ ဂရစ်ဇ်မန်းဟာ အော်လန်ဒိုစီးတီးရဲ့ အထူးကစားသမား ဖြစ်လာမှာ ဖြစ်ပြီး သူ့ရဲ့ လုပ်ခလစာက မေဂျာလိဂ်ရဲ့ ပုံမှန် သတ်မှတ်ထားတဲ့ အမြင့်ဆုံး လစာထက် ကျော်လွန်နေမှာ ဖြစ်ပါတယ်။ 

မေဂျာလိဂ် ကလပ် တစ်ခုမှာ ဂရစ်ဇ်မန်းလို အထူး ကစားသမား ၃ ဦး အထိ ထားရှိခွင့် ရှိပါတယ်။ အော်လန်ဒိုမှာ လက်ရှိ အာဂျင်တီးနား ကွင်းလယ်လူ မာတင် အိုဟေဒါ၊ ပါရာဂွေး ကွင်းလယ်လူ ဘရိုင်ယန် အိုဟေဒါနဲ့ ခရိုအေးရှား တောင်ပံကစားသမား မာကို ပါဆာလစ်တို့ ရှိနေပါတယ်။ ဒါကြောင့် အော်လန်ဒိုစီးတီးက ဂရစ်ဇ်မန်း ရောက်ရှိလာရင် အပေါ်က ၃ ဦးထဲက တစ်ဦးကို လစာလျှော့ချ ညှိနှိုင်းဖို့ ဒါမှမဟုတ် ရောင်းထုတ်ဖို့ စီစဉ်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူ့ကို ရှင်းထုတ်မလဲ ဆိုတာတော့ မသိရသေးပါဘူး။

လက်ရှိမှာ အရှေ့ပိုင်းဇုန် အဆင့် ၁၃ နေရာမှာ ရောက်ရှိနေပြီး ၅ ပွဲ ကစားရာမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ အော်လန်ဒိုစီးတီး အတွက် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ဂရစ်ဇ်မန်းက များစွာ အကျိုးပြုနိုင်ဖို့ ရှိနေပါတယ်။ အထူးသဖြင့် ၅ ပွဲတွင် ၁၇ ဂိုး အထိ ပေးထားရပေမယ့်လည်း ပျမ်းမျှ ၁ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်တဲ့ အသင်း အတွက် ဂရစ်ဇ်မန်းလို့ အတွေ့အကြုံ ပြည့်ဝပြီး ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ် ကစားသမား တစ်ဦး လိုအပ်နေပါတယ်။

ဒါနဲ့ ပတ်သတ်လို့ အော်လန်ဒိုစီးတီး အထွေထွေ မန်နေဂျာ ရီကာဒို မော်ရီရာက “အန်တွန်ဟာ ဖန်တီးမှု အားကောင်းပြီး ထက်မြက်တဲ့၊ ဂိုးသွင်း သေချာတဲ့ ကစားသမား တစ်ဦးပါ။ သူ့ရဲ့ အရည်အချင်း အပြင် ဦးဆောင်နိုင်စွမ်းနဲ့ ချန်ပီယံ စိတ်ဓာတ်တွေက ဘေးနားက လူတွေကိုပါ တိုးတက်လာစေမှာပါ။ ဒါဟာ ကျွန်တော်တို့ ကလပ် အတွက် အလွန်အရေးကြီးတဲ့ ခေါ်ယူမှု တစ်ခုပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ရီးရဲလ်ဆိုစီဒက်၊ ဘာစီလိုနာနဲ့ အက်တလက်တီကိုမက်ဒရစ် တို့မှာ ၁၅ နှစ်ကျော်ကြာ ကစားခဲ့စဉ်အတွင်း ပွဲပေါင်း ၇၉၂ ပွဲတွင် ၂၉၈ ဂိုး သွင်းယူကာ ၁၃၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ သူဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက်လည်း ၄၄ ဂိုး သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ နိုင်ငံတကာပွဲစဉ်တွေ ကနေ အနားယူခဲ့ပါတယ်။ သူ့ရဲ့ အထင်ရှားဆုံး မှတ်တမ်းက ၂၀၁၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပင်နယ်တီ တစ်ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်