နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မက်ဇ်ကို ဂိုးပြတ် အနိုင်ယူပြီး ဇယားထိပ်ကို ပြန်လည် တက်လှမ်းခဲ့တဲ့ ပီအက်စ်ဂျီ | လီဂူးဝမ်း

ပီအက်စ်ဂျီ ကတော့ အခုတပတ် လီဂူးဝမ်းမှာ မက်ဇ်ကို ၃-၀ နဲ့ အနိုင်ယူပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အစောပိုင်း ပွဲစဉ်မှာ လန်းစ်က မိုနာကိုကို ၃-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ခြေချော်ခဲ့တာကြောင့် ပီအက်စ်ဂျီဟာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ဇယား ထိပ်ဆုံး နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Parc des Princes မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဒီဇိုင်းယား ဒူယေး၊ ဘရက်ဒ်လေ ဘာကိုလာနဲ့ ဂွန်ကာလို ရာမို့စ် တို့က ပီအက်စ်ဂျီ အတွက် ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီဟာ ဒုတိယနေရာက လန်းစ်ကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်နေပြီ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပီအက်စ်ဂျီဟာ ကြားရက်မှာ လီဂူးဝမ်း ပြိုင်ဘက် မိုနာကိုနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ကစားရဖို့ ရှိနေပါတယ်။
လီဂူးဝမ်း အမှတ်ပေးဇယား ထိပ်ကနေ ၂ မှတ်ဖြတ် ပြန်လည် ဦးဆောင်လိုက်တဲ့ ပီအက်စ်ဂျီ

ပွဲအစ ၃ မိနစ်မှာ ဝါရင် ဇိုင်းအမ်မရီရဲ့ အဝေးကန်ချက်နဲ့ ပေးပို့မှု ကနေ တဆင့် လူငယ်ကြယ်ပွင့် ဒီဇိုင်းယား ဒူယေးက ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ ပါးပါးနပ်နပ် အဆုံးသတ်ပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် မက်ဇ် ကစားသမား ဂျာမိန်းက ရာမို့စ်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ ကနဦးမှာ တိုက်ရိုက် အနီကတ် ပြသခံခဲ့ရပေမဲ့ VAR ပြန်ကြည့်ပြီးချိန်မှာတော့ အဝါကတ် အဖြစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ပထမပိုင်း နာကျင်အချိန်ပို မှာတော့ လူးကပ်စ် ဟာနန်ဒက်စ်ရဲ့ ဖန်တီးမှုက တဆင့် ဂွန်ကာလို ရာမို့စ်က ဘောလုံး ပြန်ချပေးခဲ့ရာမှာ ဘာကိုလာက ခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ် မှာတော့ လူးကပ်စ် ဟာနန်ဒက်စ်ရဲ့ ထပ်မံ ပေးပို့မှု ကနေ တစ်ဆင့် ရာမို့စ်က ပြင်းထန်တဲ့ ကန်ချက်နဲ့ အသင်း အတွက် တတိယမြောက် အနိုင်ဂိုးကို အပိုင်ကန်သွင်းခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ပြီးခဲ့တဲ့ပွဲမှာ ရန်းစ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာတော့ ပီအက်စ်ဂျီက အားကောင်းမြဲ အားကောင်းဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီက နည်းပြ လူးဝစ် အန်နရီကေး လက်ထက်မှာ ပထမဆုံး အကြိမ် အဖြစ် အိမ်ကွင်း လိဂ် ပွဲစဉ် ၇ ပွဲ ဆက်တိုက် အနိုင်ရရှိတဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ လူငယ် ကစားသမားလေး ဇိုင်း အမ်မရီဟာ ၂၀၂၆ ခုနှစ် အတွင်း လီဂူးဝမ်းမှာ ဂိုးဖန်တီးမှု ၃ ကြိမ် အထိ ပြုလုပ်ထားပြီး ဒါဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်နှစ်တာ အတွင်း အများဆုံး မှတ်တမ်း ဖြစ်ပါတယ်။ ဒီပွဲမှာ သူဟာ ဘောလုံး ထိချက် ၁၁၅ ကြိမ်၊ ပေးပို့မှု ၉၈ ကြိမ် (တိကျမှု ၉၃ ကြိမ်) နဲ့ Duels ၈ ကြိမ် အထိ အနိုင်ရရှိခဲ့ပြီး ပွဲအတွင်း အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီ ဟာ ဒီပွဲမှာ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းမှု ၁၇ ကြိမ် ပြုလုပ်ခဲ့ပြီး မျှော်မှန်းဂိုး (xG) ၂.၁၃ အထိ ရှိခဲ့ပါတယ်။ တစ်ဖက် မှာတော့ မက်ဇ် အသင်းဟာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့သလို မျှော်မှန်းဂိုး (xG) ၀.၀၈ သာ ရှိခဲ့တာကြောင့် ပီအက်စ်ဂျီ က သိသိသာသာ အသာစီးရခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ကြားရက်မှာ လီဂူးဝမ်း ပြိုင်ဘက် မိုနာကိုနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ကစားရဖို့ ရှိနေပါတယ်။ အဲဒီပွဲ ပြီးရင်တော့ လီဂူးဝမ်းမှာ လီဟာဗရီ၊ မိုနာကို၊ နန့်စ်၊ နိစ်၊ တူးလော့စ် တို့နဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်