လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အသင်းမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ် အတွက် အဆုံးအဖြတ်ပေးရမယ့် အချိန် နီးကပ်လာနေပါပြီ။
သတင်းတွေအရ ဆိုရင် ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာက နောက်ထပ် တစ်ရာသီ အငှား သက်တမ်းတိုးဖို့ လိုလားနေပေမဲ့ ယူနိုက်တက် ဘက်ကတော့ ပေါင် ၂၆ သန်းနဲ့ အပြီးသတ် ဝယ်ယူဖို့သာ ဖိအားပေးနေပါတယ်။ ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ ကတော့ အင်္ဂလန်သား အတွက် အဲဒီလောက် ပမာဏ သုံးစွဲဖို့ ဆန္ဒမရှိတာကြောင့် ရက်ရှ်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုးနိုင်မယ့် အလားအလာ ရှိတဲ့ တခြားသော ကစားသမားတွေကို စတင် ပစ်မှတ်ထားနေပြီလို့ သိရပါတယ်။ ဒါဆို ဒီကစားသမားတွေက ဘယ်သူတွေလဲ ဆိုတာ ကြည့်ရအောင်ပါ။
၅။ အန်တိုနီယို နူဆာ (လိုက်ပ်ဇစ်)
လက်ရှိ ဈေးကွက်တန်ကြေး – ပေါင် ၃၂ သန်း
အသက် ၂၀ အရွယ် နူဆာဟာ ဘွန်ဒက်စ်လီဂါရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ် တောင်ပံ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ လိုက်ပ်ဇစ်မှာ ကစားနေတဲ့ ဒီနော်ဝေ ကြယ်ပွင့်လေးဟာ တစ်ကိုယ်တော် ကျော်ဖြတ်မှုတွေမှာ ထူးချွန်ပြီး နော်ဝေ လက်ရွေးစင် အသင်းကို ၂၈ နှစ် အတွင်း ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့် ရအောင် ကူညီပေးခဲ့သူတွေထဲက တစ်ဦးပါ။ လာလီဂါ ထိပ်သီး တို့က သူ့ကို အနီးကပ် စောင့်ကြည့်နေပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားနိုင်တာကြောင့်တော့ အဟန့်အတား ဖြစ်နေပါတယ်။
၄။ ဇာဗီ ဆိုင်မွန်စ် (တော့တင်ဟမ်ဟော့စပါး)
လက်ရှိ ဈေးကွက်တန်ကြေး – ပေါင် ၆၉ သန်း
ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက်လည်း ဖြစ်တဲ့ ဇာဗီ ဆိုင်မွန်စ်ဟာ လက်ရှိမှာတော့ တော့တင်ဟမ်ဟော့စပါးမှာ ကစားနေပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ ရာသီကုန်မှာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ဆိုင်မွန်စ် တယောက် အသင်းသစ် ရှာဖွေနေပြီး ဘာစီလိုနာဆီ ကိုလည်း ကမ်းလှမ်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ သူဟာ ကွင်းလယ် တိုက်စစ်ရော၊ တောင်ပံတွေ မှာပါ ကစားနိုင်တဲ့ ဘက်စုံသုံး ကစားသမားတစ်ဦးပါ။ လိုက်ပ်ဇစ်မှာ ခြေစွမ်းပြခဲ့သလောက် စပါးမှာ Flop သွားတဲ့ ဒီနယ်သာလန်သားလေးက အသင်းသစ် တစ်သင်းဆီ ပြောင်းရွှေ့ပြီး သူ့ရဲ့ ကစားသမားဘဝကို အသစ်တဖန် ပြန်လည် စတင်ချင်နေပါတယ်။
၃။ အက်ဇ် အက်ဘ်ဒီ (ရီးရဲလ်ဘက်တစ်)
လက်ရှိ ဈေးကွက်တန်ကြေး – ပေါင် ၁၃ သန်း
မော်ရိုကို လက်ရွေးစင် အက်ဘ်ဒီဟာ ဘာစီလိုနာ ကနေ ထွက်ခွာသွားပြီးနောက် အခုအခါ မှာတော့ ရီးရဲလ်ဘက်တစ်ရဲ့ အဓိက ကစားသမား ဖြစ်နေပါပြီ။ ဒီရာသီမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ဆယ်ဂဏန်း နီးပါး ရရှိထားပြီး နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ တိုက်စစ် ကစားဟန်နဲ့ အလွန်ကို လိုက်ဖက် ကိုက်ညီမယ့်သူ အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဘာစီလိုနာ အနေနဲ့ ကစားသမားရဲ့ အခွင့်အရေး ၂၀ ရာခိုင်နှုန်းကို ကိုင်စွဲထားနိုင်ဆဲ ဖြစ်လို့ ပြန်လည် ခေါ်ယူဖို့ ပိုပြီး လွယ်ကူနိုင်ပါတယ်။
၂။ ဂျန် ဗာဂီလီ (မာယော့ကာ)
လက်ရှိ ဈေးကွက်တန်ကြေး – ပေါင် ၁၄ သန်း
အသက် ၁၉ နှစ်အရွယ် ဗာဂီလီဟာ မာယော့ကာမှာ ခြေစွမ်းပြနေတဲ့ စပိန် လူငယ် ကြယ်ပွင့် တစ်ဦး ဖြစ်ပါတယ်။ ဘာစီလိုနာ ကနေ ထွက်ခွာသွားခဲ့သူ ဖြစ်ပေမယ့် မာယော့ကာကို တခြား အသင်း တသင်းက ကမ်းလှမ်းလာရင် ဘာစီလိုနာက အဆိုပါဈေးနှုန်း အတိုင်း ပေးပြီး ပြန်ခေါ်နိုင်ခွင့် ရှိနေပါတယ်။ အကယ်၍ မာယော့ကာ တန်းဆင်းသွားခဲ့ရင် သူ့ကို ပြန်ခေါ်ဖို့ ဘာစီလိုနာ အတွက် အခွင့်အရေးကောင်း ဖြစ်လာမှာပါ။
၁။ ပတ်ဒရို နတ်တို (ချဲလ်ဆီး)
လက်ရှိ ဈေးကွက်တန်ကြေး – ပေါင် ၅၄ သန်း

ပေါ်တူဂီ တောင်ပံ ကစားသမား ပက်ဒရို နက်တိုဟာ ချဲလ်ဆီး အသင်းရဲ့ လူပိုများနေတဲ့ တောင်ပံ ကစားသမား စာရင်းမှာ ပါဝင်နေတာကြောင့် အသင်းသစ် ရှာဖွေဖို့ ရှိနေပါတယ်။ အေးဂျင့် ဂျော့ချ် မန်းဒက်စ်နဲ့ ဘာစီလိုနာ ဒါရိုက်တာ ဒေကို တို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးက ဒီအပြောင်းအရွှေ့ကို ဖြစ်မြောက်စေနိုင်ပါတယ်။ ရက်ရှ်ဖို့ဒ်လိုပဲ အငှားစနစ်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေတာကြောင့် လာလီဂါ ကလပ် အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


