အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ ချဲလ်ဆီး ဘယ်နောက်ခံလူ မာ့ခ် ကူကာရယ်လာကို သူ့ရဲ့ အိပ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေပမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ကတော့ ရောင်းချဖို့ ဆန္ဒ မရှိပါဘူး။ အကယ်၍ လက်လွှတ်ရမယ် ဆိုရင်လည်း အက်တလက်တီကိုမက်ဒရစ် ဘက်က ကမ်းလှမ်းတဲ့ ပမာဏထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုမယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဘေယန်မြူးနစ် နောက်ခံလူ ဒါယော့တ် အူပါမီကာနိုကို သူတို့ရဲ့ ခံစစ် ဦးစားပေး ခံစစ် ပစ်မှတ် အဖြစ် သဘောတူညီမှု ရရှိခဲ့ပေမယ့် ပီအက်စ်ဂျီ ကလည်း လိုချင်နေပါတယ်။ ဒါကြောင့် ပြင်သစ်သားကို ခေါ်ယူချင်တယ် ဆိုရင် ဇန်နဝါရီလမှာ စာချုပ်ချုပ်ဆိုရမှာ ဖြစ်ကြောင်း ဘေယန်မြူးနစ် ဘက်က သတိပေးထားကြောင်း Defensa Central က ဖော်ပြပါတယ်။
တစ်ဖက် မှာတော့ ရီးယဲလ်မက်ဒရစ်ရဲ့ ဇန်နဝါရီလအတွက် ခံစစ် ပစ်မှတ်တွေ ကတော့ ခရစ္စတယ်ပဲလေ့စ်က မာ့ခ် ဂူဟီနဲ့ တော့တင်ဟမ်ဟော့စပါးက မစ်ကီ ဗန်ဒီဗန် တို့ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ သူတို့ရဲ့ ခံစစ် ပစ်မှတ်တွေ အတွက် အနည်းဆုံး ယူရို သန်း ၅၀ (ပေါင် ၄၃.၉ သန်း၊ ဒေါ်လာ ၅၈.၇ သန်း) ဝန်းကျင် ကျသင့်ဖို့ ရှိနေပါတယ်။
ဘာစီလိုနာ ကတော့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေကို အဆုံးသတ်လိုက်ပါတယ်။ ဗလာဟိုဗစ် အနေနဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေချိန်မှာ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့လို့ ဘာစီလိုနာတို့ လက်လျှော့ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
မာ့ခ် အန်ဒရီ တာစတီဂျန်ကို မြင့်မားတဲ့ လုပ်ခလစာ ပေးချေနေရသလို ပွဲထွက် ကစားနိုင်ခြင်းလည်း မရှိသေးပေမယ့်လည်း ဘာစီလိုနာ ဘက်ကတော့ ဂျာမန်သားကို ဇန်နဝါရီလမှာ ရောင်းချမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဂျာမန်သားကို အငှားချဖို့ စဉ်းစားနေပြီး ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့လည်း တာစတီဂျန်ရဲ့ လုပ်ခလစာ အများစုကို ပေးချေစေဖို့ မျှော်လင့်နေကြောင်း MARCA က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အသင်း ကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့တဲ့ လူငယ် တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာရဲ့ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။
အေစီမီလန် ကတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ကနေ ပြန်လည် ကောင်းမွန်လာပြီးနောက် ပုံမှန် ကစားခွင့် ရရှိဖို့ စိတ်အားထက်သန်နေတဲ့ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ်ကို အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း Corriere dello Sport က ဖော်ပြပါတယ်။

လာလီဂါ ကလပ် နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ ရီးရဲလ် အိုဗီဒို တို့ဟာ တနင်္ဂနွေနေ့က နည်းပြတွေကို ရာထူးက အသီးသီး ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။ ဆိုစီဒက်က ဒီတစ်ပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါ အိမ်ကွင်း ပွဲစဉ်မှာ ဂီရိုနာကို ၁-၂နဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ပွဲဆက် အရှုံး ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် နည်းပြ ဆာဂျီယို ဖရန်စစ္စကိုကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။ ဆာဂျီယို ဖရန်စစ္စကိုဟာ ဇူလိုင်လ ကမှ ဆိုစီဒက်ရဲ့ နည်းပြ အဖြစ် စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ၁၈ ပွဲ ကိုင်တွယ်ရာမှာ ၆ ပွဲ နိုင်၊ ၄ ပွဲ သရေ၊ ၈ ပွဲ ရှုံးခဲ့တာကြောင့် ရာထူးက ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရပါတယ်။
လာလီဂါ တန်းတက် ကလပ် အိုဗီဒို အသင်း ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နည်းပြ ပါအူ နိုဗစ် နေရာမှာ အစားထိုးခန့်အပ်ခဲ့တဲ့ နည်းပြ လူးဝစ္စ ကယ်ရီအွန်ကို ထပ်မံ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ်။ အိုဗီဒိုဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး လာလီဂါမှာ အဆင့် ၁၉ နေရာ ရောက်ရှိနေတာကြောင့် ၉ ပွဲ ကိုင်တွယ်ရာမှာ ၄ ပွဲ သရေ၊ ၅ ပွဲ ရှုံးထားတဲ့ နည်းပြ လူးဝစ္စ ကယ်ရီအွန်ကို ရာထူးက ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


