နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆလီဘာကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာဖွယ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အာဆင်နယ်ရဲ့ ခြေစွမ်းပြ ဗဟိုခံစစ်မှူးလေး ဝီလီယမ် ဆလီဘာကို ခေါ်ယူဖို့ အစောပိုင်း ကတည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသင်းရဲ့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကိုယ်တိုင်က သူ့ရဲ့ ပြင်သစ် လက်ရွေးစင် အသင်းဖော် ဆာလီဘာကို ခေါ်ယူဖို့ အတွက် အသင်းထံ တိုက်တွန်းမှုတွေ ပြုလုပ်ထားကြောင်း Le10Sport က ဖော်ပြလာခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ဆလီဘာကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလတွေမှာ ကတည်းက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ လာလီဂါ ကလပ်ဟာ သူတို့ အနာဂတ်မှာ တည်ဆောက်ဦးမယ့် ကြယ်စင်စု အသင်းမှာ ဆလီဘာကို ထည့်သွင်းနိုင်ဖို့ ပစ်မှတ်ထား စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။ အာဆင်နယ် ဘက်ကတော့ သူတို့ အသင်းရဲ့ အရေးအကြီးဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ ဆလီဘာ ကိုတော့ အလွယ်တကူ လက်လွှတ်သွားလိုခြင်း မရှိပဲ ကစားသမား ကိုယ်တိုင် ကလည်း အာဆင်နယ် မှာသာ ပျော်ရွှင်နေကြောင်း ဖွင့်ဟထားခဲ့ဖူးပါတယ်။

လက်ရှိမှာ အမ်ဘာပေးရဲ့ တိုက်တွန်းမှုတွေကြောင့် လာလီဂါ ကလပ်က ဆာလီဘာကို ခေါ်ယူဖို့ အရှိန်ဟုန်မြှင့် ကြိုးပမ်းလာဖွယ်ရှိနေပြီး မကြာခင်မှာ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ တစ်ခု အဖြစ် မြင်တွေ့ရဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၃ နှစ် အရွယ်သာ ရှိနေသေးတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဆလီဘာဟာ အာဆင်နယ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဆလီဘာဟာ အာဆင်နယ်ရဲ့ လူငယ် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ ပြင်သစ် ကလပ် စိန့်အက်တီယန်နီ၊ မာဆေးလ်၊ နိစ် တို့မှာ အငှားနဲ့ သွားရောက် ကစားရင်း တောက်ပလာခဲ့သူ ဖြစ်တာကြောင့် အာတေးတားရဲ့ အသင်း အတွက် အချိန်တိုတွင်း နေရာရလာသူလည်း ဖြစ်ပါတယ်။

လာလီဂါ ကလပ်ဟာ သူတို့ အနာဂတ်မှာ တည်ဆောက်ဦးမယ့် ကြယ်စင်စု အသင်းမှာ ဆလီဘာကို ထည့်သွင်းနိုင်ဖို့ ပစ်မှတ်ထား စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။
ဆလီဘာကို ခေါ်ယူဖို့ ယူရို သန်း ၁၀၀ အသင့် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

သတင်းတွေ အရ ဆိုရင်တော့ အာဆင်နယ်က ဆလီဘာလို ကမ္ဘာ့အဆင့်ရှိ နောက်ခံလူ တစ်ဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ရရှိမှာသာ လက်လွှတ်ဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။ လက်ရှိ ဘောလုံး လောကမှာ ကမ္ဘာ့ စံချိန်တင် နောက်ခံလူ အဖြစ် မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား မှတ်တမ်း ဝင်ထားပြီး ၂၀၁၉ နွေရာသီမှာ လက်စတာစီးတီး ကနေ မန်ချက်စတာယူနိုက်တက် အသင်းထံ ပေါင် သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

စပိန်က လာတဲ့ သတင်းတွေ အရတော့ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဆလီဘာကို ပေါင် ၈၅ သန်း ယူရို သန်း ၁၀၀ အထိ ပေးချေဖို့ အဆင်သင့် ရှိနေကြောင်းလည်း သိရပါတယ်။ သေချာတာ ကတော့ အာဆင်နယ်က ဆလီဘာ အတွက် အနည်းဆုံး ပေါင် သန်း ၁၀၀ ကျော် ရရှိမှသာ လက်လွှတ်သွားဖို့ ရှိနေပြီး ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းအရလည်း ကြိုက်ကြေးတောင်းနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်မှာ ဒေးဗစ် အလာဘာ၊ အန်တိုနီယို ရူဒီဂါ၊ အီဒါ မီလီတာအို တို့ ရှိနေပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာ ရရှိနေတဲ့ ပြဿနာ ရှိနေပါတယ်။ ဒီလို ပြဿနာတွေကြောင့် အန်ဆယ်လော့တီ အနေနဲ့ ဒီရာသီမှာ ချူအာမန်နီနဲ့ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ တို့လို ကွင်းလယ်လူတွေကို ခံစစ်မှာ ဆင်းကစားစေနေရသလို လူငယ် ကစားသမားလေး ရာအူးလ် အဆန်စီယို တစ်ယောက် ခြေစွမ်းပြနေလို့သာ အဆင်ပြေနေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်ဟာ ခံစစ်ပိုင်း အတွက် လစ်ဗာပူးလ် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး လက်ရှိ အချိန်ထိတော့ ဘာမှ မသေချာသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်