နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အန်ဆယ်လော့တီနဲ့ လမ်းခွဲဖြစ်ခဲ့ရင် ဆိုလာရီနဲ့ အစားထိုးမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ အခုရာသီမှာ နည်းပြ ကာလို အန်ဆယ်လော့တီနဲ့ လမ်းခွဲဖြစ်ခဲ့ရင်တော့ နည်းပြသစ် အဖြစ် ဆန်တီယာဂို ဆိုလာရီနဲ့ အစားထိုး ခန့်အပ်ဖို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသက် ၆၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီတလီ လူမျိုး နာမည်ကျော် နည်းပြ ကာလို အန်ဆယ်လော့တီနဲ့ ၂၀၂၆ နွေရာသီမှ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ ရလဒ် အပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်တာကြောင့် အခုလိုမျိုး အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဂျင်တီးနား လူမျိုး နည်းပြ ဆိုလာရီ ကတော့ ကစားသမားဘဝမှာ ရီးရဲလ်မက်ဒရစ် အတွက် အသင်းခေါင်းဆောင် အဖြစ် ၂၀၀၀ ခုနှစ် ကနေ ၂၀၀၅ ခုနှစ် အထိ ၅ ရာသီကြာ ကစားခဲ့ဖူးပြီး ပြိုင်ပွဲစုံ ၂၀၉ ပွဲ ကစားရာမှာ ၂၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ဆိုလာရီက ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းတွေရဲ့ နည်းပြ အဖြစ် စတင် ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ် အထိ ရီးရဲလ်မက်ဒရစ် ဒုတိယအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ် ဇနက်ဒင် ဇီဒန်း ထွက်ခွာချိန် ရီးရဲလ်မက်ဒရစ် စီနီယာ အသင်းကြီး အတွက် ယာယီ နည်းပြ အဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဒါ့ပြင် ဆိုလာရီဟာ ၂၀၁၈ ခုနှစ်မှာပဲ လာလီဂါ ကလပ်ရဲ့ တရားဝင် နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ် မတ်လ အထိ တာဝန်ယူခဲ့ကာ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သည်။
ဆိုလာရီကို ယာယီ နည်းပြ အဖြစ်ပဲ ရည်ရွယ်ထားတဲ့ ရီးရဲလ်မက်ဒရစ်

ဒါ့ပြင် ဆိုလာရီဟာ ၂၀၁၈ ခုနှစ်မှာပဲ လာလီဂါ ကလပ်ရဲ့ တရားဝင် နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ် မတ်လ အထိ တာဝန်ယူခဲ့ကာ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သည်။ အဲဒီနောက် ဆိုလာရီက ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ၂၀၂၀ ဒီဇင်ဘာလ ကနေ ၂၀၂၂ မတ်လ အထိ မက္ကဆီကို ကလပ် ကလပ်အမေရိကကို ကိုင်တွယ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မှာတော့ ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

လက်ရှိမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ အနေနဲ့ ဒီရာသီ အသင်းရဲ့ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ အပေါ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အကယ်၍ နည်းပြ အန်ဆယ်လော့တီ အနေနဲ့ အသင်းကို ရလဒ်ပိုင်း တိုးတက်လာအောင် မစွမ်းဆောင်နိုင်ရင်တော့ လမ်းခွဲသွားဖို့ ပြင်ဆင်ထားပြီ ဖြစ်ကြောင်း စပိန်က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

ထပ်မံ ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ရီးရဲလ်မက်ဒရစ် အနေနဲ့ အန်ဆယ်လော့တီနဲ့ လမ်းခွဲဖြစ်ခဲ့ရင် ဆိုလာရီကို လက်ကျန် ရာသီဝက် ကာလ အတွက်သာ နည်းပြ အဖြစ် ခန့်အပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ရာသီအကုန် မှာတော့ ရေရှည် စီမံကိန်းတွေ အတွက် ဆိုလာရီထက် ပိုပြီး အောင်မြင်တဲ့ အရည်အသွေးမြင့် နည်းပြသစ် တစ်ဦးကို ခန့်အပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ အစောပိုင်း သတင်းတွေ အရ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က လေဗာကူဆင်နဲ့ လမ်းခွဲမယ့် အသင်းရဲ့ ကွင်းလယ်လူဟောင်းလည်း ဖြစ်တဲ့ ဇာဘီ အလွန်ဆိုကို ခန့်အပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်