ဒီပေါလ်ကို ရောင်းထုတ်သွားဖွယ် ရှိနေတဲ့ အက်သလက်တီကို၊ ရီးရဲလ် မှာပဲ ကစားသမားဘ၀ အဆုံးသတ်ကြဖို့ ဘန်ဇီမာနဲ့ မိုဒရစ်ကို တိုက်တွန်းလိုက်တဲ့ အန်ဆယ်လော့တီ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီပေါလ်ကို ရောင်းထုတ်သွားဖွယ် ရှိနေတဲ့ အက်သလက်တီကို
လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ် အသင်းဟာ ကွင်းလယ်လူ ရိုဒရီဂို ဒီပေါလ်ကို ရောင်းချသွားဖွယ် ရှိနေပါတယ်။ ဘဏ္ဍာရေး အင်အား နည်းပါးလာတဲ့ အေတီကိုဟာ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့် ကနေ ထွက်ခဲ့ရပြီးနောက် ဘဏ္ဍာရေး အကျပ်အတည်းတွေကို ပိုမို ရင်ဆိုင်လာရဖွယ် ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် အသင်းမှာ ခြေစွမ်းပြနေတဲ့ ဒီပေါလ်ကို ရောင်းချကာ ငွေရှာဖို့ အက်သလက်တီကိုမက်ဒရစ်က စဉ်းစားနေပါတယ်။ အာဂျင်တီးနား ကွင်းလယ်လူဟာ နည်းပြ ဒီယေဂို ဆီမြွန်နီ အတွက် သင့်တော်တဲ့ ကစားသမား တစ်ဦး ဖြစ်နေပေမယ့်လည်း သူ့ကို ရောင်းချရင် ပြောင်းရွှေ့ကြေး များများစားစား ရရှိနိုင်မှာ ဖြစ်တာကြောင့် စိတ်ကူး ပြောင်းလဲသွားနိုင်ပါတယ်။
ဒီပေါလ်ကို အာဆင်နယ်နဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားခဲ့ကြပေမယ့် လက်ရှိမှာ ကစားသမားသစ်တွေ ခေါ်ယူထားပြီး ဖြစ်တာကြောင့် ခေါ်ယူမှုတွေ ဒီပေါလ်ကို စျေးကြီးပေး ခေါ်ယူနိုင်ချေက တော်တော်လေး နည်းပါးသွားပြီလည်း ဖြစ်ပါတယ်။
ရီးရဲလ် မှာပဲ ကစားသမားဘ၀ အဆုံးသတ်ကြဖို့ ဘန်ဇီမာနဲ့ မိုဒရစ်ကို တိုက်တွန်းလိုက်တဲ့ အန်ဆယ်လော့တီ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ အသင်းရဲ့ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ ကာရင်မ် ဘန်ဇီမာနဲ့ လူကာမိုဒရစ် တို့ကို အသင်းသစ် ထပ်မရှာပဲ ဘာနေဗျူးမှာသာ အနားယူဖို့ တိုက်တွန်းလိုက်ပါတယ်။ အဆိုပါ ကစားသမား နှစ်ဦးကို ဆော်ဒီကလပ် အယ်လ်နာဆာက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
အန်ဆယ်လော့တီက “ ဘန်ဇီမာနဲ့ မိုဒရစ်တို့ ကျနော့် ရုံးခန်းကို လာမယ် မထင်ဘူး၊ ဘာလို့လဲ ဆိုတော့ သူတို့က ကျနော့်ဆီက အကြံဉာဏ် လိုအပ်မှာ မဟုတ်လို့ပါ၊ မက်ဒရစ် ဂန္ထဝင်တွေက မက်ဒရစ် မှာပဲ ဆက်ရှိနေသင့်ပါတယ်၊ ဒီမှာပဲ အနားယူသင့်ပါတယ်” လို့ ဆိုပါတယ်။
ဘန်ဇီမာနဲ့ မိုဒရစ် တို့ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားရင်း ဘလွန်ဒေါဆုကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ လွှမ်းမိုးထားတဲ့ ကာလ အတွင်း ဒီဆုကို ဆွတ်ခူးနိုင်ခဲ့သူ ဆိုလို့ ဘန်ဇီမာနဲ့ မိုဒရစ်တို့ နှစ်ဦးသာ ရှိပြီး အသက် ၃၀ ကျော် အရွယ်တွေ ရောက်မှ ရယူနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ရီးရဲလ်ကို ၈ မှတ် ဖြတ်လိုက်တဲ့ ဘာစီလိုနာ




စပိန် လာလီဂါ ပွဲကျန် အဖြစ် ရီးရဲလ် ဘက်တစ်ကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ဘာစီလိုနာ အသင်းဟာ ရာဖင်ညာ၊ လီဝမ်ဒေါစကီး တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး အဖိုးတန် ၃ မှတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ ကတည်းက ကျဉ်းမြောင်းတဲ့ ဂိုးကွာခြားချက်နဲ့ အနိုင်ရရှိခဲ့တဲ့ ဘာဆာဟာ ဒီပွဲကိုလည်း ခက်ခက်ခဲခဲ ကစားခဲ့ရတာ ဖြစ်ပါတယ်။
ဘာစီလိုနာ အတွက် အဖွင့်ဂိုး ကိုတော့ ပွဲကစားချိန် ၆၅ မိနစ်မှ ရာဖင်ညာက သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၈၀ မှာ လီဝမ်ဒေါစကီးက နောက်ထပ် အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ၈၅ မှာ ကွန်ဒေးက ကိုယ့်ဂိုးကိုယ် သွင်းယူမိလို့ ၂-၁ ရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘာဆာတို့ ဒီကနေ့ ညမှာ ဗလင်စီယာနဲ့ ကစားရမယ့် ရီးရဲလ်မက်ဒရစ်ကို ၈ မှတ် အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.