နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်မြူးနစ်ထက် ဘက်တစ်ကို ရွေးချယ်ခဲ့မှု အပေါ် နောင်တမရကြောင်း ဖွင့်ဟလိုက်တဲ့ အန်တိုနီ | လာလီဂါ

ဘရာဇီးလ် အန်တိုနီဟာ ပြီးခဲ့တဲ့ နွေရာသီက ဘေယန်မြူးနစ်ကို ငြင်းပယ်ကာ လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ် လုံးဝ နောင်တ မရကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမားဟောင်းဟာ ၂၀၂၄–၂၅ ရာသီ ဒုတိယ ရာသီဝက်တုန်းက ဘက်တစ် အသင်းမှာ အငှားနဲ့ လာရောက် ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီမှာပဲ ၅ နှစ် စာချုပ်နဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ဘက်တစ် အတွက် ပွဲဦးထွက် စတင် ကစားပေးခဲ့ချိန်ကတည်းက အန်တိုနီဟာ အသင်းမှာ ၂၃ ဂိုး သွင်းပြီး နဲ့ ဂိုးဖန်တီးမှု အများဆုံး (၁၅ ကြိမ်) စံချိန်ကို စိုက်ထူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းဖော်တွေထဲမှာ ဘောလုံး ဆွဲပြေး ကျော်ဖြတ်မှု အများဆုံး (၈၅ ကြိမ်) ရရှိထားသလို၊ ဂိုးရရှိနိုင်မယ့် အခွင့်အရေး ဖန်တီးမှု မှာလည်း ၁၂၄ ကြိမ်နဲ့ ပါဘလို ဖော်နယ်လ်စ် (၁၃၆ ကြိမ်) ရဲ့ အနောက် ဒုတိယ အများဆုံးအဖြစ် ရပ်တည်နေတာပါ။

သူဟာ လာလီဂါ ကလပ်ကို အငှားနဲ့ ရောက်ရှိနေစဉ် ၂၀၂၅ ခုနှစ် ကလည်း ကွန့်ဖရန့်လိဂ် ဗိုလ်လုပွဲဆီ ရောက်အောင် ကူညီပေးခဲ့ပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီ လာလီဂါမှာ အဆင့် (၅) နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ဘက်တစ် အနေနဲ့ ၂၀၂၆–၂၇ ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ကို ရရှိထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီ လာလီဂါမှာ အဆင့် (၅) နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ဘက်တစ် အနေနဲ့ ၂၀၂၆–၂၇ ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ကို ရရှိထားပါတယ်။
ဘေယန်မြူးနစ်ကို ကျော်ပြီး ဘက်တစ်မှာ ကစားဖို့ ရွေးချယ်ခဲ့တဲ့ အန်တိုနီ

အန်တိုနီက ဂိုးသွင်းနိုင်မှုနဲ့ ဂိုးဖန်တီးပေးနိုင်မှု နှစ်ခုစလုံးမှာ ထိရောက်စွာ ကစားပြနေတာပါ။ သူဟာ ညာတောင်ပံ ကနေ အမြန်နှုန်း၊ ဘောလုံးထိန်းသိမ်းနိုင်မှု၊ တစ်ဦးချင်း ကျော်ဖြတ်နိုင်မှုတွေကြောင့် ဘက်တစ် အသင်းရဲ့ တိုက်စစ်ကို အသက်ဝင်စေခဲ့ပါတယ်။ အသင်းဖော်တွေနဲ့ နားလည်မှု ကောင်းကောင်း ရှိနေပြီး တိုက်စစ် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့တယ်။ လက်ရှိမှာ သူက ပရိသတ်တွေရဲ့ ယုံကြည် အားပေးမှုကို ပြန်လည် ရရှိနေခဲ့ပြီး သူ့ရဲ့ ယုံကြည်မှု ကိုလည်း ပြန်တည်ဆောက်နိုင်ခဲ့တယ်။ ဒီစွမ်းဆောင်ရည်တွေကြောင့် သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရောက်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေခဲ့ပါတယ်။

ဘေယန်မြူးနစ်လို အသင်းကြီးရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်လည်း အန်တိုနီ ကတော့ ဘက်တစ် မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ အန်တိုနီက “ဘေယန်ဆီက ကမ်းလှမ်းမှု ရခဲ့တာဟာ တကယ်ကို ဂုဏ်ယူစရာပါပဲ။ ဘေယန်မြူးနစ် အသင်းနဲ့ နည်းပြ ဗင်းန်ဆင့် ကွန်ပနီတို့ အပေါ် ကျွန်တော့်မှာ သီးသန့် လေးစားမှု အများကြီး ရှိပါတယ်။ ကွန်ပနီဟာ ကျွန်တော် တကယ် လေးစားအားကျရတဲ့ နည်းပြပါ။”

ဘေယန်လို အသင်းမျိုးက စိတ်ဝင်စားမှု ပြပြီး နည်းပြ ကိုယ်တိုင် ဖုန်းဆက်လာတဲ့အခါ ကစားသမား တစ်ယောက် အတွက် ဘာနဲ့မျှ မလဲနိုင်တဲ့ တန်ဖိုးပါ။ ဒါပေမယ့် ဒါဟာ ကျွန်တော့် မိသားစုနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ကျွန်တော့် ဘဝရဲ့ ခက်ခဲတဲ့ ကာလ တစ်ခုကို ဖြတ်သန်းနေရတာ ဖြစ်လို့ ဘောလုံးသမား တစ်ယောက် အနေနဲ့တင် မကဘဲ သာမန်လူ တစ်ယောက် အနေနဲ့ပါ ပြန်လည် ပျော်ရွှင်နိုင်မယ့် နေရာမျိုးကို လိုအပ်နေခဲ့တာပါ။”

“ဘက်တစ်ဟာ ကျွန်တော့် အတွက် အကိုက်ညီဆုံး အသင်းပဲလို့ ခံစားခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီဆုံးဖြတ်ချက် အပေါ် နောင်တ လုံးဝ မရှိတာပါ။ ကျွန်တော် ဆုဖလားတွေ ဆွတ်ခူးချင်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အဓိက ပန်းတိုင်ပါပဲ။ ဒါ့အပြင် ကျွန်တော့်ရဲ့ ကိုယ်ပိုင် စံချိန်တွေကို ဆက်လက် မြှင့်တင်သွားချင်သလို၊ ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပိုမို ပြုလုပ်သွားချင်ပါတယ်။ အရာအားလုံးထက် အသင်းကို ကူညီပေးပြီး လွန်ခဲ့တဲ့ရာသီကထက် ပိုမိုကောင်းမွန်တဲ့ ရာသီ တစ်ခုကို ဖြတ်သန်းသွားချင်ပါတယ်” လို့ Bild သတင်းဌာနနဲ့ အင်တာဗျူးမှာ အန်တိုနီက ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်