ကီလီယန် အမ်ဘာပေး ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို စတင်ရောက်ရှိချိန်မှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ တောက်လျောက် ခြေစွမ်းပြနေနိုင်ပြီ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို ဟက်ထရစ်လည်း သွင်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် နည်းပြ ဖြစ်သူ ကာလို အန်ဆယ်လော့တီက သူ့ရဲ့ ကစားသမား ကီလီယန် အမ်ဘာပေးဟာ တစ်ချိန်မှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တူညီတဲ့ အဆင့် တစ်ခုကို ရောက်ရှိနိုင်သူ ဖြစ်ကြောင်း ရော်နယ်ဒိုရဲ့ ဂိုးအရေအတွက်ကို လိုက်မှီဖို့ အရည်အသွေး ရှိသူ ဖြစ်ကြောင်း ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ် အတွက် လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၃၈ ပွဲ ကစားရာမှာ ၂၈ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ကတော့ ၄၃၈ ပွဲ ကစားကာ ၄၅၁ ဂိုးနဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။
“သူ့မှာ အဲဒီ ဂိုးအရေအတွက်ကို လိုက်မှီဖို့ အရည်အသွေး ရှိပါတယ်။ ဒါပေမယ့် ကြိုးစားရပါမယ်။ ဘာလိုလဲ ဆိုတော့ ခရစ္စတီယာနိုက အမြင့်ဆုံး စံချိန်တွေကို ရရှိထားလို့ပါ။ ဒါပေမယ့် သူက ဒီမှာ ကစားရတာကို အရမ်းပဲ စိတ်လှုပ်ရှားနေပြီး ခရစ္စတီယာနိုရဲ့ အဆင့် ကိုလည်း ရောက်နိုင်ပါတယ်။ လူတိုင်းက သူ့ရဲ့ ဟက်ထရစ်ကို စောင့်မျှော်နေကြပြီး နောက်ဆုံးမှာ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အမ်ဘာပေး တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော် တို့မှာ ကွာခြားမှုကို ဖန်တီးပေးနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်။ သူတိုရဲ့ တစ်ဦးချင်း အရည်အသွေးတွေထက် စုပေါင်း အလုပ်လုပ်မှုနဲ့ ကွာခြားမှုကို ဖန်တီးပေးတာက ထူးခြားပါတယ်။” လို့ အန်ဆယ်လော့တီက ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် အမ်ဘာပေး ကိုယ်တိုင် ကတော့ သူ့ အနေနဲ့ တစ်ဦးချင်း စွမ်းဆောင်မှုတွေထက် အသင်းကို ဘာတွေ အထောက်အကူပြုနိုင်မလဲ ဆိုတာ ကိုသာ အဓိက အာရုံစိုက်ထားကြောင်း ပြောကြားထားပါတယ်။ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီ အတွက် ပွဲပေါင်း ၃၀၈ ပွဲမှာ ၂၅၆ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် မှာတော့ ဆုဖလားတွေ ရရှိဖို့ကိုသာ ပိုပြီး အာရုံစိုက်ထားတာ ဖြစ်ပါတယ်။ အမ်ဘာပေးက “ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့ပေမယ့် ကျွန်တော် ချန်ပီယံလိဂ်ကို ရရှိခဲ့လား။ မရခဲ့ပါဘူး။ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ဖို့ ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ဂိုးတွေ အများကြီး သွင်းယူခဲ့ပါတယ်။ ဒီဂိုးတွေနဲ့ ဆုဖလားတွေ ရရှိမယ် ဆိုရင် ကျွန်တော့်ရဲ့ သွေးနဲ့တောင် လက်မှတ်ထိုးပါ့မယ်။ ဂိုး ၅၀ သွင်းနိုင်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော် လိုချင်တာက ဆုဖလားတွေ ရရှိဖို့ပါပဲ။”လို့ ပြောကြားသွားခဲ့ပါသေးတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာစီးတီးကို နှစ်ကျော့ပေါင်း ၆-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် အန်ဆယ်လော့တီက လိဂ်အဆင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး ၈ သင်း ပြင်ပမှာ ရပ်တည်ခဲ့ရတာကြောင့် စိတ်ပျက်ခဲ့ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီကနေ့မှာ ပြုလုပ်မယ့် ချန်ပီယံလိဂ် မဲခွဲပွဲ အပေါ် မူတည်ပြီးတော့ ၁၆ သင်း အဆင့်မှာ ဘေယန်မြူးနစ် သို့မဟုတ် လေဗာကူဆင် သို့မဟုတ် အက်တလက်တီကိုမက်ဒရစ် တို့နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.