နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ဂန္တဝင် နည်းပြကြီးတွေရဲ့ စံချိန်ကောင်းတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီး ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲအပြီး မှာတော့ မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ အနေနဲ့ မန်ချက်စတာယူနိုက်တက် ဂန္ထဝင် နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စံချိန်ကောင်း တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို အာလင်း ဟာလန်း (၂ ဂိုး) ၊ ဖီးလ် ဖိုဒန်ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ပွဲဟာ ပပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီး နည်းပြ ဘဝ တစ်လျှောက် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ ပြိုင်ဘက်ကို ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ ပွဲအရေအတွက် ၁၅၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးကို ပရီးမီးယားလိဂ် ပွဲပေါင်း ၃၅၈ ပွဲ ကိုင်တွယ်ပြီးချိန်မှာ အခုလို မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး ဆာအဲလက်စ် ဖာဂူဆန်ထက် ပွဲအရေအတွက် များစွာ နည်းပါးခဲ့တာ ဖြစ်ပါတယ်။ ဖာဂူဆန် ကတော့ ယူနိုက်တက်ကို ပွဲပေါင်း ၅၂၂ ပွဲ အထိ ကိုင်တွယ်ခဲ့ပြီးတော့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ ပြိုင်ဘက်ကို ၃ ဂိုးနဲ့ အထက် အနိုင်ရခဲ့တဲ့ ပွဲ ၁၅၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အချက်အလက်တွေအရ ဆိုရင်တော့ ပပ် ဂွါဒီယိုလာက ဖာဂူဆန်ထက် ပွဲပေါင်း ၁၆၄ ပွဲ အထိ လျော့နည်းခဲ့ပါတယ်။

စပိန်သားကြီးဟာ မန်စီးတီး နည်းပြဘ၀ ၉ နှစ်ခွဲတာ ကာလ အတွင်း ဂွါဒီယိုလာက ပရီးမီးယားလိဂ် ပွဲပေါင်း ၃၅၈ ပွဲ ကိုင်တွယ်ခဲ့ပြီး ၈၂၁ မှတ် အထိ ရရှိခဲ့ပါတယ်။
ဖာဂူဆန်နဲ့ ဝင်းဂါး တို့ရဲ့ စံချိန်တွေကို ကျော်ဖြတ်ခဲ့တဲ့ ဂွါဒီယိုလာ

သူတို့ နှစ်ဦးရဲ့ အနောက် မှာတော့ အာဆင်နယ် ဂန္ထဝင် နည်းပြကြီး အာစင်ဝင်းဂါး ရှိနေပြီး ပြင်သစ်သားကြီး ကတော့ ပွဲပေါင်း ၅၂၄ ပွဲ ကိုင်တွယ် အပြီးမှာ ၃ ဂိုးနဲ့ အထက် အနိုင်ရတဲ့ ပွဲအရေအတွက် ၁၅၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဖာဂူဆန်ရဲ့ ယူနိုက်တက် နည်းပြ ဘဝ သက်တမ်း တလျှောက် မှာတော့ ပရီးမီးယားလိဂ် ပွဲပေါင်း ၈၁၀ မှာ ၃ ဂိုးနဲ့ အထက် ရလဒ်နဲ့ အနိုင်ရခဲ့တာက ၂၄၅ ပွဲ အထိ ရှိခဲ့ပြီး အာစင်ဝင်းဂါး ကတော့ ၂၂၈ ပွဲ အထိ ရှိခဲ့တာပါ။

ပပ် ဂွါဒီယိုလာ ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ပရော်ဖက်ရှင်နယ် နည်းပြဘ၀ ပွဲ ၁၀၀၀ ပြည့် မြောက်ခဲ့ပါသေးတယ်။ တခြားသော စံချိန်တွေအရ အောက်တိုဘာလ အတွင်း ကလည်း ပွဲအရေအတွက် အနည်းဆုံးနဲ့ ပရီးမီးယားလိဂ် နိုင်ပွဲ ၂၅၀ ပြည့်တဲ့ စံချိန်ကောင်း တစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ စပိန်သားကြီးဟာ မန်စီးတီး နည်းပြဘ၀ ၉ နှစ်ခွဲတာ ကာလ အတွင်း ဂွါဒီယိုလာက ပရီးမီးယားလိဂ် ပွဲပေါင်း ၃၅၈ ပွဲ ကိုင်တွယ်ခဲ့ပြီး ၈၂၁ မှတ် အထိ ရရှိခဲ့ပါတယ်။ ဒါကလည်း တခြားသော နည်းပြတွေ လိုက်မှီဖို့ ခက်ခဲ့တဲ့ စံချိန် ဖြစ်ပါတယ်။

ဒါ့အပြင် မန်ချက်စတာစီးတီး နည်းပြ ဘဝမှာ ဂွါဒီယိုလာ အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို ၆ ကြိမ် အထိ ရယူနိုင်ခဲ့ပြီး သူ့ထက် အကြိမ်အရေအတွက် ပိုများတာဆိုလို့ ဖာဂူဆန် (၁၃ ကြိမ်) တစ်ဦးသာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်