ဖရန့်ဖတ် – ဘာစီလိုနာ
ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ စပိန် ထိပ်သီး ဘာစီလိုနာတို့ ဖရန့်ဖတ်ကို ဂျာမန်မြေမှာ သွားရောက် ရင်ဆိုင်ဖို့ ရှိနေပါတယ်။ ဘာစီလိုနာတို့ ဇာဗီ ဟာနန်ဒက်ဇ်ရဲ့ လမ်းပြမှုနဲ့ အတူ အမြင့်ဆုံး ပျံသန်းနေပေမယ့် ဖရန့်ဖတ် ကလည်း လက်တလောမှာ ပုံစံကောင်း ပြန်ရနေလို့ အားလုံး မျှော်လင့်ထားသလိုမျိုး အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။




ဖရန့်ဖတ်တို့ မတ်လ လဆန်းပိုင်းလောက်က စပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိသေးပါဘူး။ ဒါပေမယ့် ၃ ပွဲ နိုင်၊ ၄ ပွဲ သရေ ဆိုတဲ့ ရလဒ် ကတော့ အရမ်းကြီး အားရစရာ ကောင်းနေခဲ့တာတော့ မဟုတ်ပါဘူး။ ဂလက်စ်နာရဲ့ အသင်းက အခုနှစ် ဘွန်ဒက်စ်လီဂါမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရပေမယ့် ယူရိုပါလိဂ် မှာတော့ လက်ရှိ အချိန်ထိ ရှုံးပွဲ လုံး၀ မရှိသေးတာ တွေ့ရပါတယ်။ အုပ်စုနဲ့ ရှုံးထွက် ပွဲစဉ် စုစုပေါင်း ၈ ပွဲ ကစားထားရာမှာ ၄ ပွဲနိုင်၊ ၄ ပွဲ သရေ ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ အိမ်ကွင်း ၄ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ ဖရန့်ဖတ်တို့ လက်ရှိ ခြေစွမ်းအရ ဆိုရင်တော့ နောက်ဆုံး ၅ ပွဲမှာ ခံစစ်က ပေးဂိုး ၃ ဂိုးသာ ရှိထားပေမယ့် တိုက်စစ် ကတော့ တစ်ပွဲ ပျမ်းမျှ ၁ ဂိုးနှုန်းတောင် မရခဲ့တာ တွေ့ရပါတယ်။ ဒီအချက်အရ ဆိုရင် ဖရန့်ဖတ်ဟာ ခံစစ် ကစားပုံ မဆိုးသလောက် တိုက်စစ် ကတော့ ဂိုးရဖို့ တော်တော်လေး ရုန်းကန်နေရလို့ သတ်မှတ်လို့ ရပါတယ်။ လက်တလော အသင်းမှာ အဓိက ကစားသမား အားလုံးနီးပါး ဒဏ်ရာ ပြသနာ ကင်းရှင်းနေတာကြောင့် အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်နိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပုံမှန် အသုံးပြုနေကျ ၃-၄-၂-၁ အခင်းအကျင်း နဲ့ပဲ ဘာစီလိုနာကို ရင်ဆိုင်မယ့် သဘော ရှိပြီး ဘော်ရီ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကာမာဒါ၊ လင်းစတောင်းမ်၊ ဆိုးဝ်၊ နော့ဖ်၊ ဂျာကစ်၊ ကော့စတစ်၊ တူတာ၊ ဟင်တာရစ်ဂါ၊ အင်ဒီကာ၊ ထရက်ပ် တို့ပဲ ပါဝင်လာဖို့ များပါတယ်။

ဘာစီလိုနာ ကတော့ ဇာဗီရဲ့ ပြုပြင် ပြောင်းလဲမှု အောက်မှာ တဖြည်းဖြည်း အသားကျလာခဲ့ပြီး အကောင်းဆုံး ပုံစံ တစ်ခု ပြန်ရနေပြီလို့ ပြောလို့ ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲဆက် ရှုံးပွဲ မရှိသေးသလို ၁၀ ပွဲနိုင်၊ ၃ ပွဲ သရေ ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ လက်ရှိမှာ လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာ အထိ ပြန်လည် တက်လှမ်းထားနိုင်ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တော့ စိတ်မချရသေးလို့ ဘာဆာတို့ ပွဲတိုင်း အာရုံစိုက်နေတာ တွေ့ရပါတယ်။ ချန်ပီယံလိဂ် ကနေ ဆင်းလာပြီးနောက် ယူရိုပါလိဂ် မှာတော့ Play-Off အဆင့် ကနေ စတင် ဖြတ်သန်းခဲ့ရပြီး လက်ရှိ အချိန်ထိ ၄ ပွဲ ကစားထားရာမှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ ကျထားပါတယ်။ ခြေစွမ်းပိုင်းအရ ဆိုရင်တော့ အရင်က ဘာစီလိုနာကို ပြန်ပြီး မြင်တွေ့နေရပြီလို့တောင် ပြောလို့ ရပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး အော်ဘာမီယန်း ဂိုးတွေ တောက်လျောက် သွင်းပေးနေပြီး ဖာရန်းတောရက်စ်နဲ့ ပက်ဒရီ တို့ကလည်း ဇာဗီရဲ့ အသင်း အတွက် တစ်ပွဲထက် တစ်ပွဲ ပိုပိုပြီး အရေးပါလာခဲ့တာ တွေ့ရပါတယ်။ အခု လာမယ့် ပွဲမှာလည်း ဇာဗီ အနေနဲ့ အော်ဘာမီယန်း၊ ဖာရန်းတောရက်စ်၊ ပက်ဒရီ တို့ကို ကျိန်းသေပေါက် ပွဲထုတ်လာဖို့ ရှိနေပြီး ဒမ်ဘီလီ၊ ဘူးစကွက်စ်၊ ဖရန်ကီ ဒီယောင်၊ ဂါစီယာ၊ ပီကေး၊ အာရူဟို၊ အဲလ်ဘာ၊ တာစတီဂန် တို့လည်း ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာ ဖရန့်ဖတ် အတွက် ၄.၂၀ ဆ၊ ဘာစီလိုနာ အတွက် ၁.၆၄ ဆ၊ သရေ အတွက် ၃.၉၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဖရန့်ဖတ်တို့ အိမ်ကွင်း အားသာချက် ရှိနေတာက လွဲရင် ဘာစီလိုနာ တို့ အဘက်ဘက်မှာ သာနေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ဖရန့်ဖတ်တို့ ခံစစ် ကစားပုံ ဘယ်လောက်ပဲ ကောင်းနေပါစေ နောက်ဆုံး ၅ ပွဲမှာ ၁၁ ဂိုး သွင်းထားတဲ့ ဘာစီလိုနာ တိုက်စစ်ကို ပွဲချိန်ပြည့် တောင့်ခံဖို့ မဖြစ်နိုင်ပါဘူး။ ကွာတားဖိုင်နယ် အဆင့် ကိုလည်း ရောက်လာပြီ ဆိုတော့ ဘာဆာတို့ နှစ်ကျော့စလုံးကို အပြည့်အဝ အာရုံစိုက်မယ်လို့ ယုံကြည်ပါတယ်။ ဘာစီလိုနာ တို့ အနည်းဆုံး ၂ ဂိုးပြတ် လောက်နဲ့ အနိုင်ရသွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် (၀-၂)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.