မန်ချက်စတာစီးတီး ကတော့ အာလင်း ဟာလန်းရဲ့ ဟက်ထရစ် အပါအဝင် လစ်ဗာပူးလ်ကို ၄-၀နဲ့ ဂိုးပြတ် အနိုင်ယူပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အာလင်း ဟာလန်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လစ်ဗာပူးလ်ကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ဒီရာသီ မန်စီးတီးရဲ့ ဖလားရယူရေး လမ်းကြောင်းကို အကောင်းဆုံး ဦးဆောင်သွားချင်တယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ လက်ကျန် ဆုဖလား မျှော်လင့်ချက် အဖြစ် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် တို့ ကျန်ရှိနေသေးပါတယ်။ ဒါပေမယ့် အက်ဖ်အေဖလား ကတော့ ပိုပြီး မျှော်လင့်လို့ ရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဟာလန်းဟာ ပွဲကစားချိန် ၃၉ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့သလို၊ ပထမပိုင်း နာကျင်အချိန်ပို မှာလည်း အသင်းရဲ့ လှပတဲ့ ကစားကွက် ဖော်ဆောင်မှု ကနေ တဆင့် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း မန်စီးတီးတို့ အရှိန်မလျှော့ဘဲ အန်တိုနီယို ဆီမီညိုက ဂိုးသမား မာမာဒက်ရှ်ဗီလီရဲ့ အပေါ်ကနေ ကျော်ဖြတ် ကန်သွင်းပြီး တတိယဂိုး ရယူခဲ့ပါတယ်။ အဲဒီနောက် ၅၇ မိနစ် မှာတော့ ဟာလန်းက ဂိုးဘားတန်းကို ထိမှန်ပြီး ဝင်သွားတဲ့ ပြင်းထန်တဲ့ ကန်ချက်နဲ့ အတူ သူ့ရဲ့ ဟက်ထရစ်ကို ပြီးပြည့်စုံစေခဲ့ပါတယ်။
၂၀၂၂ ဇူလိုင်လမှာ မန်စီးတီး အတွက် စတင် ကစားပေးခဲ့ချိန်က စလို့ ဟာလန်းဟာ ပြိုင်ပွဲစုံမှာ ဟက်ထရစ် ၁၂ ကြိမ် အထိ ရရှိထားပြီး ဒါဟာ ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ အများဆုံး စံချိန် ဖြစ်ကာ ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း (၁၁ ကြိမ်) ကို ကျော်ဖြတ်ပြီး တစ်ဦးတည်း အပြတ်အသတ် ဦးဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟာလန်းဟာ လစ်ဗာပူးလ်နဲ့ တွေ့ရင် ဂိုးသွင်းလေ့ ရှိတဲ့ မှတ်တမ်းကောင်း ကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ သူဟာ လစ်ဗာပူးလ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး အိမ်ကွင်း ၄ ပွဲ ဆက်တိုက်မှာ ၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တာပါ။ ဒါဟာ ၁၉၉၂-၁၉၉၃ ပရီးမီးယားလိဂ် ခေတ်က စလို့ လစ်ဗာပူးလ် အသင်းနဲ့ အိမ်ကွင်း ပွဲစဉ်တွေမှာ ၄ ပွဲနဲ့ အထက် ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ကစားသမား (ခရစ်ဆက်တန် နဲ့ ဆာဂျီယို အဂွဲရိုးတို့ နောက်ပိုင်း) ဖြစ်လာခဲ့ပါတယ်။
ပပ် ဂွါဒီယိုလာရဲ့ အသင်းဟာ ဒီရာသီမှာ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ယူပြီး ဖလား တစ်လုံး ရရှိထားပြီး ဖြစ်ပေမယ့် နော်ဝေ တိုက်စစ်မှူး ကတော့ သူ့အသင်း အနေနဲ့ နောက်ထပ် ဖလားတွေ ထပ်မံ ရယူနိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော် အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားဖူးပါတယ်။ အခုလည်း ဝင်ဘလေကို ထပ်သွားရတော့မယ်။ ဒီကလပ်ဟာ အကြီးမားဆုံး စင်မြင့်တွေ ထက်မှာ ဖလားတွေ ရယူနိုင်ရပါမယ်။” လို့ ဟာလန်းက TNT Sports ကို ပြောကြားခဲ့ပါတယ်။
ဒီနေ့ပွဲမှာ လစ်ဗာပူးလ် အသင်းဟာ ပွဲအစပိုင်းမှာ တက်ကြွခဲ့ပြီး ဒုတိယပိုင်းမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ မိုဟာမက် ဆာလာနဲ့ ဟူဂို အစ်ကီတီကေး တို့က တဆင့် အခွင့်အရေး တချို့ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ မန်စီးတီးတို့ ဦးဆောင်ဂိုး ရသွားပြီးနောက် မှာတော့ ပွဲကို အလုံးစုံ ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ကိန်းဂဏန်းတွေအရ မန်စီးတီးရဲ့ မျှော်မှန်းဂိုး (xG) ဟာ ၂.၅ ရှိခဲ့ပြီး လစ်ဗာပူးလ် ကတော့ ၁.၄၃ သာ ရှိခဲ့ပါတယ်။
ဟာလန်းက “အံ့ဩဖို့ ကောင်းပါတယ်။ ပထမပိုင်း မိနစ် ၃၀ လောက် အထိ ကျွန်တော်တို့ နည်းနည်း ရုန်းကန်ခဲ့ရပေမယ့် ဆက်ကြိုးစားခဲ့ကြပါတယ်။ ဝင်ဘလေကို နောက်တစ်ခေါက် သွားရမှာက ကျွန်တော်တို့ အတွက် အရေးကြီးပါတယ်။ ပွဲကစားချိန် မိနစ် ၃၀ ကနေ ၆၀ ကြား ကစားပုံဟာ ဒီရာသီ ကျွန်တော် တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေထဲက တစ်ခုပါပဲ။” လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
ဟာလန်းဟာ ဒီဟက်ထရစ်ကြောင့် ၂၀၂၅-၂၀၂၆ ရာသီမှာ ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားပြီး ၃၃ ဂိုးအထိ ရရှိထားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် ကတော့ လတ်တလောမှာ ခြေစွမ်းပိုင်း မတည်ငြိမ်ဖြစ်နေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ “ခြေစွမ်းက တက်လိုက်ကျလိုက် ဖြစ်နေတာဟာ မကောင်းပါဘူး။ လက်ရှိ မှာတော့ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ မပါဝင်ရတော့တာက စိတ်ပျက်စရာ ကောင်းပေမဲ့ ရှေ့မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားရမှာပါ။” လို့ ဟာလန်းက ပြောဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


