ဗလင်စီယာ – ဘာစီလိုနာ
ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ဗလင်စီယာက ဘာစီလိုနာကို မက်စတဲလ်လား ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကပဲ ဘာစီလိုနာက ဗလင်စီယာကို အိမ်ကွင်းမှာ ၇-၁ ရလဒ်နဲ့ အပြတ်အသတ် ချေမှုန်းထားနိုင်တာကြောင့် ဒီတစ်ကြိမ် တွေ့ဆုံမှုမှာရော ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်း အလွယ်တကူ အသာရသွားနိုင်ဦးမှာလည်း ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီနှစ် ဗလင်စီယာက တော်တော်လေး အခြေအနေ ဆိုးရွားနေပါတယ်။ လာလီဂါမှာ တန်းဆင်းဇုန်ထဲ ရောက်ရှိနေသလို ဖိအားတွေ များနေတဲ့ အသင်း ဖြစ်ပါတယ်။ ကိုပါဒယ်ရေး မှာတော့ ဗလင်စီယာက လွယ်ကူတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဒီအဆင့် အထိ ရောက်ရှိလာတာ မထူးဆန်းပါဘူး။ ကားလို့စ် ကော်ဘာရန်ရဲ့ အသင်းက ပြီးခဲ့တဲ့ ၁၀ ရက်ကျော် ကပဲ ဘာစီလိုနာကို အရှက်တကွဲ ရှုံးနိမ့်ထားခဲ့တာ ဖြစ်လို့ အဲဒီပွဲတုန်းက အမှားတွေ ထပ်မလုပ်မိအောင် ပြင်ဆင်လာမယ်လို့တော့ ထင်ပါတယ်။ ဒါပေမယ့် ဗလင်စီယာရဲ့ လက်ရှိ လူစာရင်းက ဘာစီလိုနာကို ယှဉ်ဖို့ ဆိုတာ မဖြစ်နိုင်လို့ မျှော်လင့်ချက် အများကြီးထားနိုင်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။
ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းက နောက်ထပ် ပြည်တွင်း ပြိုင်ပွဲ တစ်ခုမှာ အောင်မြင်မှု ရရှိဖို့ ပစ်မှတ်ထားနေပုံပါပဲ။ ဘာစီလိုနာက ကိုပါဒယ်ရေး ပြီးခဲ့တဲ့ အဆင့်မှာ ဘက်တစ်ကို ၅-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူပြီး ဒီအဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာက ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ လုံးဝ မရှိထားသလို ပုံစံကောင်း ပြန်ရနေတဲ့ အသင်းပါ။ ဘာဆာက ၂၀၂၁ ခုနှစ် နောက်ပိုင်း ကိုပါဒယ်ရေး ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ဖြစ်လို့ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ပြန်လည် သိမ်းပိုက်နိုင်ဖို့ အားခဲနေတယ် ဆိုတာ သိသာပါတယ်။ တစ်သင်းလုံး နေရာစုံမှာ အပြစ် ပြောစရာ မရှိဖြစ်နေတဲ့ ဘာစီလိုနာ အတွက် လွယ်ကူတဲ့ ပွဲစဉ် ဖြစ်ဖို့လည်း များနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း

ဗလင်စီယာ – ဒီမီထရစ်ဗ်စကီး၊ ဖောင်လ်ကွိုင်ယာ၊ တာရီဂါ၊ မော့စ်ကီယာ၊ ဂါယာ၊ ဂူအာရာ၊ ဘာရန်ချီယာ၊ လိုပက်ဇ်၊ အဲလ်မေးဒါး၊ ရိုင်အိုဂျာ၊ ဒူရို
ဘာစီလိုနာ – ပီနာ၊ ကွန်ဒေး၊ ကူဘာဆီ၊ ဂါစီယာ၊ ဘဲလ်ဒီ၊ ပီဒရီ၊ ဒီယောင်၊ ဖာမင်း၊ ယာမယ်၊ ရာဖင်ညာ၊ လီဝမ်ဒေါစကီး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၃၇ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ဘာစီလိုနာက ၂၃ ကြိမ် အနိုင်ရခဲ့ပြီး ၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဒီပြိုင်ပွဲ မှာတော့ ၇ ကြိမ် တွေ့ဆုံထားပြီး ဗလင်စီယာက ၁ ကြိမ်နိုင်၊ ဘာစီလိုနာက ၄ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ဗလင်စီယာ အိမ်ကွင်းမှာ ကစားတဲ့ နောက်ဆုံး ၅ ပွဲမှာတော့ ဘာစီလိုနာက ၄ ပွဲနိုင်ပြီး ၁ ပွဲ သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ဗလင်စီယာက ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ဘာစီလိုနာ ကတော့ ၃ ပွဲ နိုင်၊ ၂ ပွဲ သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဗလင်စီယာ နိုင်ရင် ၆.၁၀ ဆ၊ ဘာစီလိုနာ နိုင်ရင် ၁.၃၉ ဆ၊ သရေ ဆိုရင်တော့ ၄.၅၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ ဘာစီလိုနာက သရေ တစ်ဝက်ရှုံး၊ တစ်လုံး အရှုံးကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကလည်း ကြေးပြင်းပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ဗလင်စီယာတို့ ဘာစီလိုနာကို ဘယ်လိုမှ ယှဉ်ကစားနိုင်စွမ်း မရှိပါဘူး။ အိမ်ကွင်းမှာ ဂိုးပြတ် မရှုံးဖို့ပဲ မျှော်လင့်ရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ အတွက် ဂိုးပြတ် နိုင်ပွဲ သေချာပါတယ်။ ဂိုးပေါ်လည်း ရွေးချယ်ထားသင့်ပါတယ်။
ခန့်မှန်းရလဒ်
ဗလင်စီယာ ၁-၃ ဘာစီလိုနာ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.