နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ဒီရာသီ ဘေယန်ရဲ့ ပန်းတိုင်က ချန်ပီယံလိဂ်ဖလား အရယူနိုင်ရဖို့ပါပဲ” – ကွန်ပနီ

ညက ဘေယန်မြူးနစ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပြည်တွင်း ပြိုင်ပွဲတွေမှာ အောင်မြင်တဲ့ ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဗင်းန်ဆင့် ကွန်ပနီ ကတော့ အခုအချိန်မှာ ဥရောပ ချန်ပီယံလိဂ် အောင်မြင်မှုဆီကိုပဲ ရှေးရှုနေပြီ ဖြစ်ပါတယ်။

ဒီရာသီ ဘေယန်မြူးနစ်ရဲ့ ပန်းတိုင်ဟာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးဖို့ ဆိုတာ “သံသယ ဖြစ်စရာ မလိုဘူး” လို့ ကွန်ပနီက ယုံကြည်နေတာပါ။ ဘေယန်ဟာ ပြီးခဲ့တဲ့ရာသီ ပြည်တွင်း ပြိုင်ပွဲတွေမှာ လွှမ်းမိုးထားနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို သက်တောင့်သက်သာ ရယူနိုင်ခဲ့သလို ၂၀၁၉-၂၀၂၀ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဂျာမနီ ပိုကယ်ဖလား ကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူတို့ဟာ ၃၅ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပြီး နောက်ဆုံး ၁၄ ရာသီမှာ ၁၃ ကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပနီရဲ့ အသင်းဟာ ဂျာမန် ထိပ်တန်းလိဂ်ရဲ့ တစ်ရာသီအတွင်း သွင်းဂိုး အများဆုံး စံချိန် (၁၂၂ ဂိုး) ကိုလည်း သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ဘေယန်ဟာ ၂၀၁၂-၁၃ ရာသီက စိုက်ထူခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ရမှတ် စံချိန် (၉၁ မှတ်) ကို လိုက်မီဖို့ ၂ မှတ်ပဲ လိုခဲ့တာ ဖြစ်ပြီး ကွန်ပနီ ကိုယ်တိုင်လည်း လိဂ် ချန်ပီယံဆုကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘေယန်ဟာ ချန်ပီယံလိဂ် အောင်မြင်မှု မျှော်လင့်ချက် မှာတော့ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီ အသင်းကို နှစ်ကျော့ပေါင်း ၆-၅ နဲ့ အရေးနိမ့်ပြီး လွဲချော်ခဲ့ရတာပါ။ အက်စတွန်ဗီလာနဲ့ ကစားမယ့် ရာသီကြို ခြေစမ်းပွဲ မတိုင်မီမှာ ကွန်ပနီက ၂၀၂၆-၂၇ ရာသီ အတွက် ဘေယန်ရဲ့ ပန်းတိုင်ကို အခုလို ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ဘေယန်မြူးနစ် ကတော့ ချန်ပီယံလိဂ်မှာ ၆ ကြိမ်အထိ ဗိုလ်စွဲထားပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားတာပါ။
ချန်ပီယံလိဂ်မှာ ၂၀၂၀ ဘောလုံး ရာသီက နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ ဘေယန်မြူးနစ်

“ဒီထက် ပိုကောင်းအောင် လုပ်ပြဖို့ ဆိုတာ မလွယ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ရရှိခဲ့တဲ့ ဆုဖလားတွေတင်မကဘဲ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေပါ ပါဝင်နေလို့ပါ။ ဖြစ်နိုင်ချေတော့ ရှိပါတယ်။ ဒါပေမယ့် ခက်ခဲပါတယ်။ အခုအချိန်မှာ ကျွန်တော် တို့ရဲ့ ပန်းတိုင်က ချန်ပီယံလိဂ် ရယူဖို့ လို့ပဲ ပြောချင်ပါတယ်၊ အဲဒီအပေါ်မှာ သံသယဖြစ်စရာ လုံးဝမရှိပါဘူး။”

“ရာသီတစ်လျှောက်လုံး မှာလည်း နောက်လာမယ့် ပွဲစဉ် တစ်ပွဲချင်းစီ အပေါ်မှာပဲ အာရုံစိုက်ရမယ်လို့ ကျွန်တော် ဆက်ပြောနေမှာပါ။ အဲဒါကို အကောင်အထည်ဖော်ဖို့၊ ဘွန်ဒက်စ်လီဂါ၊ ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်တွေကို အနိုင်ရရှိဖို့ ဆိုရင် အသင်းရဲ့ လူစာရင်း တစ်ခုလုံး ကြံ့ခိုင် ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေကို ထိထိရောက်ရောက် အသုံးချပြီး လူစာရင်းကို တိုးတက်အောင် လုပ်ဆောင်သွားရပါမယ်။ အခုလည်း ကျွန်တော်တို့ ဒါကို လုပ်ဆောင်ထားပြီးပါပြီ၊ ဒီအချက်က ကျွန်တော် တို့ရဲ့ ပန်းတိုင်တွေကို ရောက်ရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။

ဘေယန်မြူးနစ် အသင်းဟာ လာမယ့် ဩဂုတ် ၂၇ ရက်မှာ ချန်ပီယံလိဂ် လိဂ်အဆင့် ပြိုင်ဘက်တွေကို သိရှိရတော့မှာ ဖြစ်ပြီး၊ သူတို့ရဲ့ ရာသီသစ် အဓိက ပွဲစဉ်တွေ ကိုတော့ အဲဒီမတိုင်မီ ၅ ရက် အလိုမှာ ဒေါ့မန်နဲ့ ကစားမယ့် ဂျာမန် စူပါဖလား ပွဲစဉ်နဲ့ စတင်သွားမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကတော့ ချန်ပီယံလိဂ်မှာ ၆ ကြိမ်အထိ ဗိုလ်စွဲထားပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားတာပါ။ ဒါ့အပြင် ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂၀၁၂ ခုနှစ်က နောက်ဆုံး အကြိမ် တက်ရောက်ထားပြီးတော့ အခုဆိုရင်တော့ သူတို့ဟာ ဥရောပရဲ့ အမြင့်ဆုံး အဆင့်နဲ့ ဝေးကွာနေခဲ့တာက ၁၅ နှစ် နီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်