နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဟန်ဆီ ဖလစ်ခ်ရဲ့ စီမံကိန်းကို ပျက်စီးစေနိုင်တဲ့ အစွဲအလမ်းမျိုး မထားဖို့ ဘာစီလိုနာကို ဂွါဒီယိုလာ သတိပေး | ချန်ပီယံလိဂ်

ပပ် ဂွါဒီယိုလာက ဘာစီလိုနာ အသင်း အနေနဲ့ ချန်ပီယံလိဂ် အပေါ် အလွန်အကျွံ စွဲလမ်းနေခြင်းက နည်းပြ ဟန်ဆီ ဖလစ်ခ်ကို ရာထူး ကနေ ပြုတ်ကျစေမယ့် အကြောင်းရင်း ဖြစ်သွားနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ လာလီဂါ ချန်ပီယံ တို့ဟာ ၂၀၂၆-၂၀၂၇ ရာသီကို ကြီးမားတဲ့ ရည်မှန်းချက် တစ်ခုနဲ့ စတင်ဖို့ ရှိပြီး ချန်ပီယံလိဂ် အောင်မြင်မှု ကိုလည်း ပစ်မှတ်ထားနေပါတယ်။

မကြာသေးမီနှစ်တွေ အတွင်း ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ရေးက ဘာစီလိုနာ အသင်းရဲ့ အဓိက အကျဆုံး မစ်ရှင် တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပပ် ဂွါဒီယိုလာ ကတော့ ဥရောပကို အောင်နိုင်ရမယ် ဆိုတဲ့ အစွဲအလမ်း ကြီးမားလွန်းခြင်းက အန္တရာယ်ရှိပြီး၊ ဒီပြိုင်ပွဲဟာ “အသင်းရဲ့ တည်ဆောက်ဆဲ စီမံကိန်းတွေကို ဖျက်ဆီးပစ်တတ်တယ်” လို့ ယုံကြည်နေပါတယ်။

ဂွါဒီယိုလာက မန်ချက်စတာစီးတီးမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ကတ်တာလိုးနီးယားမြေကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စိန်ခေါ်မှု များစွာ ရှိခဲ့ပေမယ့်လည်း ဂွါဒီယိုလာက မန်စီးတီး အသင်းကို သူ့တို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်းလိဂ်မှာ အစဉ်အမြဲ စိုးမိုးထားနိုင်ခဲ့သလောက် ဥရောပ စင်မြင့်ထက် မှာတော့ ပုံမှန်စိုးမိုးမှုကို မပြသနိုင်ခဲ့ပါဘူး။

အဆိုပါ ဝါရင့် မန်နေဂျာကြီးဟာ သူ့ရဲ့ ဇာတိ ကတ်တာလိုးနီးယား အနီးမှာ ကျင်းပတဲ့ ‘ဂျိုဟန်ခရိုက်ဖ် ဖောင်ဒေးရှင်း’ ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ကနေ ထွက်ခွာပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လူထုရှေ့မှောက်ကို ထွက်ပေါ်လာချိန်မှာ ဘာစီလိုနာ အသင်း အနေနဲ့ ၁၁ နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဖလားကို ပြန်လည် ရရှိဖို့ ဘာတွေ လိုအပ်နေသလဲလို့ မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဟာ အသင်းတွေရဲ့ စီမံကိန်းကို တကယ်ပင် ပျက်စီးစေတတ်ပြီး၊ အဆိုပါ အခြေအနေကို ဘာစီလိုနာ အသင်းက တခြားအသင်းတွေထက် ပိုမို သိရှိပါလိမ့်မယ်။
ဟန်ဆီ ဖလစ်ခ်ရဲ့ ပရိသတ် ဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ ပပ် ဂွါဒီယိုလာ

“ချန်ပီယံလိဂ် ဆိုတာ စီမံကိန်းတွေကို ဖျက်ဆီးပစ်တတ်တဲ့ ပြိုင်ပွဲမျိုးပါ။ ဘာစီလိုနာမှာ အဲဒီလိုမျိုး ဖြစ်မလာပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ချန်ပီယံလိဂ် ဖလား မရရုံနဲ့တင် မိမိတို့ တည်ဆောက်ထားသမျှ အရာအားလုံးက အလကားဖြစ်သွားပြီလို့ မတွေးသင့်ပါဘူး။ လာလီဂါ ကသာ အသင်းကို ပုံမှန်ခြေစွမ်းနဲ့ တည်ငြိမ်မှု ပေးနိုင်တာပါ။”

“ချန်ပီယံလိဂ်မှာ ကျတော့ ပြိုင်ပွဲ နောက်ဆုံး အဆင့် အထိ ကစားသမားတွေ ဒဏ်ရာ အနာတရ မရှိဘဲ ကြံ့ခိုင်မှုအပြည့် ရှိနေဖို့ လိုအပ်သလို၊ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် သက်ရောက်မှု ကလည်း ဒီပြိုင်ပွဲမှာ အလွန်ကြီးမားပါတယ်။ အဓိကအရေးကြီးတာက အသင်းရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေ ကောင်းမွန်နေဖို့နဲ့ အသင်းဟာ ဆက်လက် တိုးတက်နေဖို့ပါပဲ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတက်လှမ်းနိုင်လို့ ဒါမှမဟုတ် ဖလားမရလို့ ဆိုပြီး ဒီရာသီက စုတ်ပြတ်သတ်သွားပြီလို့ မယူဆလိုက်ပါနဲ့။ ရာသီတစ်ခု ကောင်းမွန်သလား၊ မကောင်းဘူးလား ဆိုတာကို ဆုံးဖြတ်ပေးတာက လာလီဂါသာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

တကယ်တော့ ဂွါဒီယိုလာ ပြောဆိုချက်က မှန်ကန်တယ်လို့ ဆိုရမှာပါ။ ချန်ပီယံလိဂ်ဟာ အသင်းတွေရဲ့ စီမံကိန်းကို တကယ်ပင် ပျက်စီးစေတတ်ပြီး၊ အဆိုပါ အခြေအနေကို ဘာစီလိုနာ အသင်းက တခြားအသင်းတွေထက် ပိုမို သိရှိပါလိမ့်မယ်။

နည်းပြ အာနက်စတို ဗယ်လ်ဗာဒီ လက်ထက် ၂၀၁၇ ကနေ ၂၀၁၉ ခုနှစ် အတွင်း ဘာစီလိုနာ အသင်းက ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံး လာလီဂါ ချန်ပီယံဆု (၂) ကြိမ်ကို စိုးမိုးရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ် ကနေ ဆိုးဆိုးရွားရွား (၂) ကြိမ်တိုင်တိုင် လှည့်ပြန်ခဲ့ရမှုကြောင့် လိဂ်ပွဲစဉ်တွေမှာ (၇) ပွဲသာ ရှုံးနိမ့်ခဲ့ဖူးတဲ့ သူ့ရဲ့ နည်းပြ ရာထူးကို ၂ နှစ်ခွဲ အတွင်း မှာတင် လက်လွှတ်ခဲ့ရပါတယ်။

ဘာစီလိုနာကို ပြည်တွင်းလိဂ် အောင်မြင်မှုတွေနဲ့သာ တန်ဖိုးဖြတ်ရန် ဂွါဒီယိုလာက စေတနာရှေ့ထားပြီး ပြောကြားနေပေမယ့်လည်း ဒါဟာ လက်တွေ့ မှာတော့ ဖြစ်နိုင်ခြေ မရှိတဲ့ စိတ်ကူးယဉ်ဆန်မှု တစ်ခုသာ ဖြစ်ပါတယ်။ အဓိက ကတော့ ဘာစီလိုနာ အသင်း ချန်ပီယံလိဂ်နဲ့ ဝေးကွာနေတဲ့ ဆယ်စုနှစ် တစ်ခုကျော် အတွင်း သူတို့ရဲ့ ခါးသီးတဲ့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ဖလား (၅) ကြိမ် အထိ သိမ်းပိုက်သွားခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟန်ဆီ ဖလစ်ခ်ရဲ့ ဘာစီလိုနာ စီမံကိန်းမှာတော့ လက်ရှိမှာ ကျောက်ဆောင်လိုမျိုး ခိုင်မာနေဆဲ ဖြစ်ပါတယ်။ ဂျာမန် လူမျိုး နည်းပြဟာ ကတ်တာလန် ကလပ်ကို အခု ဆယ်စုနှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပစင်မြင့်မှာ ကြောက်မက်ဖွယ် အသင်း တစ်သင်း ဖြစ်အောင် ဖန်တီးပေးထားနိုင်ပြီး ဂွါဒီယိုလာ ကိုယ်တိုင်လည်း ဖလစ်ခ်ရဲ့ ဘာစီလိုနာ အသင်း ကစားပုံ အပေါ် သဘောကျလျက် ရှိနေပါတယ်။

“သူတို့ (၂) နှစ်တာအတွင်း ထူးခြားပြောင်မြောက်တာတွေကို လုပ်ပြနိုင်ခဲ့ပါတယ်။ ရလဒ်တွေထက်ကို သူတို့ ကစားသွားတဲ့ ပုံစံက အရမ်းကောင်းပြီး ကြည့်ရတာ အရသာရှိလှပါတယ်။ ကျွန်တော် ကတော့ ဟန်ဆီ (ဖလစ်ခ်) ရဲ့ ကစားကွက် ပုံစံကို သဘောကျတဲ့ ပရိသတ် တစ်ဦးပါပဲ။ သူ ဒီမှာ နှစ်ပေါင်း များစွာ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်