ညက ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာတော့ ဘာစီလိုနာက ဒေါ့မန်ကို အိမ်ကွင်းမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူသွားခဲ့ပါတယ်။ ဘာစီလိုနာ အတွက် အရမ်းကြီး လွယ်ကူတဲ့ ပွဲစဉ် တစ်ပွဲ မဟုတ်ခဲ့ပေမယ့် တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေကြောင့် အခုလို ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ၄-၂-၃-၁ အခင်းအကျင်တွေနဲ့ ပွဲထွက်လာခဲ့ပြီးတော့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်သွားခဲ့ကြပါတယ်။ ဘာစီလိုနာရဲ့ ဂိုးမှာ ရှက်ဇီနီပဲ ပွဲထွက်လာခဲ့ပြီးတော့ ခံစစ်မှာ ကူဘာဆီ၊ မာတီနက်ဇ်၊ ကွန်ဒေး၊ ဘဲလ်ဒီ၊ ကွင်းလယ်မှာတော့ ပီဒရီ၊ ဒီယောင်နဲ့ ဖာမင်း လိုပက်ဇ်၊ တောင်ပံ နှစ်ဖက်နဲ့ တိုက်စစ် မှာတော့ ရာဖင်ညာ၊ ယာမယ်၊ လီဝမ်ဒေါစကီး တို့ ကစားသွားခဲ့ကြပါတယ်။ ဒေါ့မန် ကတော့ ထုံးစံ အတိုင်း တိုက်စစ်မှာ ဂူရက်ဆီကို အထောင်ထားပြီး အဒီယီမီ၊ ဂစ်တန်စ်၊ ဘရန့်တ်၊ အန်မီချာ၊ ချူကွယ်မီကာ၊ ချန်၊ အန်တွန်၊ ဘန်ဆီဘိုင်နီ၊ ရိုင်ယာဆန်၊ ကိုဘယ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ဘာစီလိုနာ ကတော့ သူတို့ရဲ့ ကစားဟန် အတိုင်း တစ်ချက်ထိ အမြန်နဲ့ ကစားသွားခဲ့ပြီး တိုက်စစ် လမ်းကြောင်းတွေကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး ဧည့်သည် အသင်း ဘက်ကို တစ်ဖက်သတ် ဖိအားပေးနိုင်ခဲ့ပြီးတော့ ဂိုးပေါက် ကန်ချက် ၁၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒေါ့မန်တို့ ဂိုးသမား ကိုဘယ် ကာကွယ်နေခဲ့သလို ယာမယ်၊ ရာဖင်ညာ၊ ကူဘာဆီ၊ လိုပက်ဇ်နဲ့ လီဝမ်ဒေါစကီး တို့ရဲ့ အဆုံးသတ်ပိုင်းတွေ အနည်းငယ် အားနည်းခဲ့လို့သာ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မန် ကလည်း အခွင့်အရေး ရရင် ရသလို ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် ပွဲချိန် ၂၅ မိနစ် မှာ ဘာစီလိုနာတို့ ရာဖင်ညာရဲ့ အဆုံးသတ်မှုနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဘာစီလိုနာတို့ ပထမပိုင်းလောက် တိုက်စစ်က ပြိုင်ဘက်ကို မခြိမ်းခြောက်နိုင်ဘူး ဆိုပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေ ကိုတော့ တစ်ဂိုးပြီး တစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အတွက် နောက်ထပ် သွင်းဂိုး ၃ ဂိုး ကိုတော့ လီဝမ်ဒေါစကီးက ပွဲချိန် ၄၈ မိနစ်နဲ့ ၆၆ မိနစ်၊ ယာမယ်က ၇၇ မိနစ် တို့မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ဟာ ဘာစီလိုနာ အတွက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့ ရာနှုန်းပြည့်နီးပါး သေချာစေခဲ့သလို ချန်ပီယံ ဖြစ်ဖို့လည်း အာဆင်နယ်နဲ့ အတူ ရေပန်းအစားဆုံး ဖြစ်လာစေခဲ့ပါတယ်။ အသင်းလိုက်ရော၊ တစ်ဦးချင်း မှာပါ ဘာစီလိုနာနဲ့ အကွာကြီး ကွာနေခဲ့တဲ့ ဒေါ့မန် ကတော့ ဒီနှစ် ချန်ပီယံလိဂ်ကို ဒီမှာတင်ပဲ ကျေနပ်သင့်ပြီလို့ ထင်ပါတယ်။ ဒီခြေစွမ်းအတိုင်း ဆိုရင် ဒုတိယအကျော့ အိမ်ကွင်း မှာလည်း အမြင့်ဆုံး သရေရဖို့တောင် မနည်း ကစားရမှာ ဖြစ်ပါတယ်။
အခုပွဲမှာ ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်ခဲ့ပြန်တာ ကတော့ တောင်ပံကစားသမား ရာဖင်ညာပဲ ဖြစ်ပြီး သူကိုယ်တိုင် တစ်ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရာဖင်ညာက ချန်ပီယံလိဂ်မှာ ဂိုးအများဆုံး သွင်းယူထားသူ အဖြစ် ၁၂ ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့သလို ဂိုးဖန်တီးမှု အများဆုံး ၇ ကြိမ်နဲ့လည်း ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ အကယ်၍ ဘာစီလိုနာသာ ဒီရာသီ ချန်ပီယံလိဂ် အပါအဝင် ဖလား ၃ လုံး မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်မယ် ဆိုရင်တော့ အားလုံး ထင်ကြေးပေးနေသလိုမျိုး ရာဖင်ညာ တစ်ယောက် ဘယ်လွန်ဒေါဆုတောင် ရရှိသွားဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.