ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပထမနေ့ ပွဲစဉ်မှာ အာဆင်နယ် ကတော့ အက်တလက်တီကိုမက်ဒရစ်ကို ဘူကာယို ဆာကာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့ကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂-၁ နဲ့ ဂန်းနားတွေက တီကို,ကို ကျော်ဖြတ်နိုင်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလား ၂ လုံး ချန်ပီယံ ဖြစ်ရေး ၄ ပွဲသာ လိုတော့တဲ့ အာဆင်နယ်က သွင်းဂိုး နည်းပေမယ့်လည်း ခြေစွမ်းအရတော့ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့တာလည်း ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် ဘူကာယို ဆာကာက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၁ဂိုး သွင်းကာ ၁ ဂိုး ဖန်တီးပေးခဲ့ပြီးနောက် ဒီပွဲ မှာလည်း ဆာကာက အသင်းရဲ့ သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာစီးတီးတို့ ရမှတ် လျော့ကျခဲ့တာကြောင့် စိတ်ဓာတ် တက်ကြွနေတဲ့ အာဆင်နယ်က ပွဲချိန် ၄၄ မိနစ်မှာ ဆာကာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ပွဲအစပိုင်းမှာ ဦးဆောင်ဂိုး ရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဒီကလန် ရိုက်စ်ရဲ့ အံ့အားသင့်ဖွယ် တားဆီးမှုကြောင့် ဟူလီယန် အဲလ်ဗာရက်ဇ် တစ်ယောက် ဂိုးသွင်းခွင့် မရခဲ့ပါဘူး။
ကွင်းလယ်လူ အဖြစ် ပွဲထွက်လာတဲ့ မိုင်းလ်စ် လီဝစ်-စကယ်လီရဲ့ တိုက်စစ်ဆင်မှုတွေ ကလည်း ထက်မြက်ခဲ့ပြီး ဂိုးဧရိယာ အတွင်းကို အန္တရာယ်ရှိတဲ့ ဘောလုံးတွေ ပေးပို့နိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၄ မိနစ် မှာတော့ လီအန်ဒရို ထရော့ဆက်ဒ်ရဲ့ ကန်ချက်ကို အက်တလက်တီကိုမက်ဒရစ် ဂိုးသမား ယန် အော်ဘလက်ခ် ပုတ်ထုတ်လိုက်ချိန်မှာ အသင့် စောင့်နေတဲ့ ဆာကာက ပိတ်သွင်းကာ အိမ်ကွင်း ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။

ဂါဘရီရယ်နဲ့ ဆက်စပ်ပြီး VAR စစ်ဆေးမှုတွေ ရရှိခဲ့ပေမယ့်လည်း ပင်နယ်တီ ပေးခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ အန်တွမ် ဂရစ်ဇ်မန်း အတွက် ကတော့ သူ့ရဲ့ နောက်ဆုံး ချန်ပီယံလိဂ် ပွဲစဉ်မှာ အာဆင်နယ်ရဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပဲ ပွဲထွက် ကစားခဲ့ရပါတယ်။ ဒါ့အပြင် တစ်ဖက်က အာဆင်နယ် တိုက်စစ်မှူး ဗစ်တာ ယောကရက်စ် တစ်ယောက် တိုးအား ရုန်းအားကောင်းကောင်းနဲ့ ခြေစွမ်းပြခဲ့သလို အပိုင် ဂိုးသွင်းခွင့် ရခဲ့ပေမယ့်လည်း လွဲချော်ခဲ့ပါတယ်။ မီခဲယ် အာတေးတားရဲ့ အသင်းက ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီ သို့မဟုတ် ဘေယန်မြူးနစ် တို့နဲ့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီက အာဆင်နယ်တို့ အတွက် အလွန် အရေးပါတဲ့ အချိန် ကာလ တစ်ခု ဖြစ်ခဲ့ပါတယ်။ မန်စီးတီးတို့ ရမှတ် လျှော့ကျသွားတာကြောင့် နှစ်ပေါင်း ၂၂ နှစ် အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ ၃ ပွဲသာ လိုတော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလည်း ဘူဒါပက်စ်မှာ ကျင်းပမယ့် နောက်ထပ် ပွဲစဉ်မှာ အနိုင်ရရင်တော့ သူတို့ တစ်ခါမှ မဖြစ်ဖူးတဲ့ ဥရောပ ချန်ပီယံ ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။
ဆာကာ အနေနဲ့ အမ်းမရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ချန်ပီယံလိဂ် ၁၄ ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှု ၁၄ ကြိမ် အထိ ရှိထားပြီး (၉ ဂိုးသွင်း၊ ၅ ဂိုးဖန်တီး) အံ့အားသင့်ဖွယ် ခြေစွမ်းပြထားပါတယ်။ ဒါ့အပြင် ဆာကာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ခုမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး အာဆင်နယ် ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဒီယေဂို ဆီမြွန်နီရဲ့ အသင်း ကတော့ ဒီပွဲမှာ ရုန်းကန်ခဲ့ရပြီး ဂိုးရနိုင်ခြေ (xG) ၀.၅ သာ ရှိခဲ့ပါတယ်။ အန်တွန် ဂရစ်ဇ်မန်း ကတော့ ဥရောပပြိုင်ပွဲပေါင်း ၁၂၈ ပွဲ အထိ ကစားခဲ့ပြီး ပြင်သစ် ကစားသမားတွေထဲမှာ စတုတ္ထမြောက် အများဆုံး ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ စပိန်ကလပ်တွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၉ ပွဲမှာ ရှုံးပွဲ မရှိသေးပါဘူး (၇ ပွဲ နိုင်၊ ၁ ပွဲ သရေ)။ အက်တလက်တီကိုမက်ဒရစ် ကတေ့ အင်္ဂလန် ကလပ်တွေရဲ့ အိမ်ကွင်းကို လာရောက် ကစားခဲ့တဲ့ နောက်ဆုံး ၈ ပွဲမှာ ၇ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


