ဟော့ဖန်ဟိမ်း – စတုဂတ်
အခုတစ်ပတ် သောကြာနေ့ ညမှာတော့ ဘွန်ဒက်စ်လီဂါရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဟော့ဖန်ဟိမ်းတို့ စတုဂတ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ လက်ရှိမှာ ပုံစံကောင်း တစ်ခုနဲ့ အတူ ရလဒ်တွေ ကောင်းတွေ ပြန်လည် ရှာဖွေထားနိုင်တဲ့ ဟော့ဖန်ဟိမ်းတို့ တန်းဆင်းဇုန်ထဲက စတုဂတ်ကို အလွယ်တကူ အနိုင်ယူသွားနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဟော့ဖန်ဟိမ်းတို့ ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ အပြီး ပြီးခဲ့တဲ့ ၂ ပွဲဆက် နိုင်ပွဲတွေ ပြန်လည် ရှာဖွေထားနိုင်ခဲ့ပါတယ်။ ဟော့ဖန်ဟိမ်းတို့ လက်တလော ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာက လိုက်ပ်ဇစ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေလို့ ချန်ပီယံလိဂ် ဝင်ခွင့်တောင် မျှော်လင့်လို့ ရနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဟော့ဖန်ဟိမ်းရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည် ဖြစ်ပြီး ၇ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံး ဆိုတဲ့ ရလဒ်က မဆိုးဘူး ဆိုတာထက် ပိုတဲ့ အနေအထားမှာ ရှိပါတယ်။ အခုလာမယ့် ပွဲကိုတော့ စကော့ဗ်၊ ဗော့ဂ်၊ အဆာလာနီ၊ ဘီကာကစ်၊ စတေလာတို့ အားလုံး ဒဏ်ရာပြသနာနဲ့ ဖျားနာမှုတွေကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ရက်တာ၊ ဘူအမ်ဂတ်နာ၊ အန်ဒရီ ကရာမာရစ်၊ ဂရီလစ်ရှ်၊ ဟဘ်နာ၊ ပေါ့ရှ် တို့ကိုတော့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။




စတုဂတ် ဟာ ဘွန်ဒက်စ်လီဂါရဲ့ အစဉ်အလာရှိ အသင်း တစ်သင်း ဖြစ်ပေမယ့် လက်ရှိ ရာသီ မှာတော့ တော်တော်လေးကို ရုန်းကန်နေရပြီး ၄ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၁၂ ပွဲရှုံးထားလို့ တန်းဆင်းဇုန်ထဲ ရောက်ရှိနေခဲ့ပါတယ်။ တန်းဆင်းဇုန် အထက်က ဟာသာဘာလင်နဲ့ ၄ မှတ်သာ ကွာဟနေလို့ လက်ကျန် ပွဲတွေမှာသာ လိုအပ်နေတဲ့ ရမှတ်တွေ ရှာဖွေနိုင်ခဲ့မယ် ဆိုရင် နောက်ရာသီ ဘွန်ဒက်စ်လီဂါမှာ ဆက်ပြီး ကစားရနိုင်ချေ ရှိနေသေးပါတယ်။ ပြသနာက စတုဂတ်တို့ ဘယ်လိုပဲ ကစားကွက်တွေ ပြောင်းပြီး ကစားနေပါစေ အသင်းနဲ့ အသားကျဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ နောက်တစ်ချက် ကတော့ ခံစစ် ပြသနာ ဖြစ်ပြီး အမြင့်ဘောနဲ့ တန်ပြန် တိုက်စစ်ကို တားဆီးတဲ့နေရာမှာ တော်တော်လေး အားနည်းနေတာ တွေ့ရပါတယ်။ အခုလာမယ့် ပွဲကိုတော့ အမ်ဗမ်ပါ၊ နာတေး၊ ဒီဒါဗီ တို့ လွဲချော်မှာ ဖြစ်ပြီး ပွဲထွက်လူစာရင်း မှာတော့ ကာလက်ဂျစ်၊ အန်ဒို၊ မန်ဂါလာ၊ အမ်ဗရိုပါးနို့စ်၊ စတန်ဇဲလ် တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ အရပ်ရပ် ထိပ်တိုက်တွေ့ဆုံမှု ၁၉ ကြိမ်မှာ စတုဂတ်တို့ ၉ ကြိမ် အနိုင်ရခဲ့ပြီး ဟော့ဖန်ဟိမ်း ကတော့ ၆ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံထားတဲ့ ၅ ကြိမ်မှာလည်း ဟော့ဖန်ဟိမ်းတို့ ၂၀၁၈ ခုနှစ်က နောက်ဆုံး တစ်ကြိမ် အနိုင်ရထားခဲ့ပြီး အဲ့နောက်ပိုင်း ကစားခဲ့တဲ့ ၄ ပွဲ မှာတော့ စတုဂတ်က ၂ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေ ကစားထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၇ မှာလည်း စတုဂတ်တို့ အိမ်ကွင်းမှာ ဟော့ဖန်ဟိမ်းကို ၃-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP 1X2 ရဲ့ ကြေးဖွင့်မှု အရ ဟော့ဖန်ဟိမ်း အတွက် ၁.၅၄ ဆ၊ သရေ အတွက် ၄.၅၀ ဆ၊ စတုဂတ် အတွက် ၅.၂၀ ဆ ဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ ဟော့ဖန်ဟိမ်း အသာကြီး သာနေတယ် ဆိုတာ အားလုံးလည်း သိပြီးသားပါ။ စတုဂတ်ရဲ့ တန်းဆင်းဇုန် ရုန်းအားကို သတိထားရဖို့ ရှိပေမယ့် ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ဓာတ်ပိုင်း ဆိုရင် အရပါ အတက်ဘက် ရောက်နေပြီး ရာသီအကုန်မှာ ဥရောပဝင်ခွင့် အတွက် ရမှတ်တွေ ရှာဖွေနေတဲ့ ဟော့ဖန်ဟိမ်းကိုပဲ အပြည့်အဝ ယုံကြည်ထားချင်ပါတယ်။ အရနည်းပေမယ့် အနိုင်သေချာတဲ့ ဧည့်သည် ကိုပဲ ရွေးချယ်ရပါလိမ့်မယ်။
ခန့်မှန်းရလဒ် (၂-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.