ဒေါ့မန် ကတော့ အခုတပတ် ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၈ မှာ စတုဂတ်ကို အကြိတ်အနယ် ကစားပြီး အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဒီလို အဖိုးတန် နိုင်ပွဲ ရရှိခဲ့အပြီးမှာ ဒေါ့မန် နည်းပြ နီကို ကိုဗက်က သူ့အသင်းရဲ့ ဒုတိယပိုင်း ခြေစွမ်း တိုးတက်လာမှုကို ချီးကျူး စကားဆိုလိုက်ပါတယ်။
စနေနေ့က ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မန်ဟာ ပွဲပြီးခါနီး နာကျင် အချိန်ပို ဂိုးတွေနဲ့ အတူ စတုဂတ်ကို ၂-၀ နဲ့ အနိုင်ယူပြီး ဇယားထိပ်က ဘေယန်မြူးနစ်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဝါရောင်တွေဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ဒုတိယနေရာ မှာလည်း ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပါတယ်။
ပွဲအစ ပထမပိုင်းမှာ ဒေါ့မွန်ဟာ ရုန်းကန်ခဲ့ရပြီး ဂိုးရနိုင်ခြေ (xG) ၀.၀၇ သာ ရှိခဲ့သလို အိမ်ရှင် စတုဂတ် ကိုလည်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်း နာကျင်အချိန်ပိုတွေမှာ လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ ကာရင်မ် အဒီယီမီနဲ့ ဂျူလီယန် ဘရန့်တ် တို့က အဖိုးတန်ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် အဝေးကွင်းမှာ ၃ မှတ် အပြည့် ရရှိခဲ့တာ ဖြစ်ပါတယ်။
နည်းပြ နီကို ကိုဗက်က “ဒီပွဲက နှစ်သင်းစလုံး အရှုံးမခံချင်တဲ့ ပွဲမျိုးပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ ဘောလုံး ပိုင်ဆိုင်မှု ရဖို့ ရုန်းကန်ခဲ့ရသလို လူချင်းတိုးတာတွေ၊ ဒုတိယ ဘောလုံးတွေကို သိမ်းပိုက်နိုင်တာမျိုးတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ခံစစ်ကို ပိုမိုကောင်းမွန်အောင် ကစားနိုင်ခဲ့ပြီး အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ပါတယ်။ နောက်ဆုံး မှာတော့ ကျွန်တော် တို့ရဲ့ အခွင့်အရေးတွေကို အမိအရ အသုံးချနိုင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အခုပွဲမှာ အဒီယီမီနဲ့ ဘရန့်ဒ်တို့ ဂိုးသွင်းခဲ့တာကြောင့် ဒေါ့မန်ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ လူစားဝင် ကစားသမားတွေ ဆီကနေ ၁၄ ဂိုး အထိ ရရှိထားပါတယ်။ ဒါဟာ ဘေယန်မြူးနစ်နဲ့ အတူ လိဂ်မှာ အများဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ဒီရာသီမှာ ပေးဂိုး မရှိ (Clean Sheet) ၁၃ ပွဲ အထိ ရရှိထားပြီး ဒါဟာ တခြား အသင်းတွေထက် အနည်းဆုံး ၃ ပွဲခန့် ပိုမို များပြားနေတာ ဖြစ်ပါတယ်။ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှု အရ ဒေါ့မန် အနေနဲ့ ဒီရာသီကို ဒုတိယ နေရာနဲ့ အဆုံးသတ်ဖို့ ၉၉.၆ ရာခိုင်နှုန်း အထိ သေချာနေပြီ ဖြစ်ပြီး တတိယနေရာက အသင်းထက် ၁၁ မှတ် အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒေါ့မန်ဟာ ဘွန်ဒက်စ်လီဂါ လက်ကျန် ပွဲစဉ်တွေ အဖြစ် လေဗာကူဆင်၊ ဟော့ဖန်ဟိမ်း၊ ဖရိုင်းဘတ်၊ မိုချန်ဂလာဘတ်၊ ဖရန့်ဖတ်၊ ဝါဒါဘရီမင်နဲ့ ကစားဖို့ ကျန်ရှိနေပါသေးတယ်။
စတုဂတ်နဲ့ ပွဲမှာ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခံစစ်က နီကို ရှလော့တ်တာဘက်ခ်က အဓိကကျခဲ့ပါတယ်။ သူဟာ ဘောလုံး ရှင်းထုတ်မှု ၆ ကြိမ်၊ ဘောလုံး ပြန်လည် ရယူနိုင်မှု ၆ ကြိမ်နဲ့ အောင်မြင်တဲ့ ပေးပို့မှု ၃၄ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
ရှလော့တာဘက်ခ်က “ စတုဂတ်က ကျွန်တော်တို့ကို တော်တော်လေး ဖိအားပေးခဲ့တာပါ။ ဒါပေမဲ့ မိနစ် ၉၀ မှာ ရလာတဲ့ အခွင့်အရေးနှစ်ခုလုံးကို ကျွန်တော်တို့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းက တော်တော်လေး ကောင်းမွန်နေပြီး စတုဂတ်လို ကွင်းမျိုးမှာ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့တာ ဂုဏ်ယူစရာပါပဲ။” လို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


