နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဒီယိုမန်ဒီကို စာချုပ်သက်တမ်းတိုးတော့မယ့် လိုက်ပ်ဇစ် | ဘွန်ဒက်စ်လီဂါ

မန်ချက်စတာယူနိုက်တက် ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ ယူရို သန်း ၁၀၀ တန် လူငယ် ကြယ်ပွင့် ယန် ဒီယိုမန်ဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ အားလုံးလည်း သိကြမှာပါ။ ဒါပေမယ့်လည်း လိုက်ပ်ဇစ်က သူတို့ရဲ့ တောက်ပနေတဲ့ တိုက်စစ် ကစားသမားလေး ဒီယိုမန်ဒီကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် အဆိုပါ စာချုပ်သစ်မှာ “ စာချုပ်ဖျက်သိမ်းကြေး” ထည့်သွင်းမယ့် အချက်က ယူနိုက်တက် အပြင် တခြားသော ဥရောပ ထိပ်သီး ကလပ်တွေ အတွက် ပိုမို စိတ်ဝင်စားလာနေစေပါတယ်။

 

ယူနိုက်တက်ရဲ့ တောင်ပံကစားသမား ရှာပုံတော်

နည်းပြ ရူဘင် အမော်ရင်ရဲ့ ၃-၄-၂-၁ ကစားကွက်အောက်မှာ Natural တောင်ပံ ကစားသမားတွေ နေရာပျောက်သွားခဲ့ပြီးနောက် အခုတော့ သရဲနီတွေက တောင်ပံ တိုက်စစ် ကစားသမားသစ် တစ်ဦးကို အသည်းအသန် ရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ အန်တွန် ဆီမီညိုကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါမှာ ပွဲဦးထွက်ရာသီ အတွင်း ခြေစွမ်းပြနေတဲ့ အသက် ၁၉ နှစ် အရွယ် ဒီယိုမန်ဒီဟာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် ဘက်ကတော့ ဒီယိုမန်ဒီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဝန်းကျင် အထိ လိုချင်နေပါတယ်။ ယူနိုက်တက် အနေနဲ့ စီနီယာအဆင့်မှာ ကစားတာ ၁ နှစ်ကျော်ပဲ ရှိသေးတဲ့ ကစားသမား တစ်ဦး အတွက် အသင်းသမိုင်းတစ်လျှောက် ဒုတိယ ဈေးအကြီးဆုံး အဖြစ် ပေးချေဖို့ ဝန်လေးနိုင်ပေမယ့် စာချုပ်ဖျက်သိမ်းကြေး ပါဝင်လာမယ် ဆိုရင်တော့ ညှိနှိုင်းမှုတွေက ပိုမို လွယ်ကူသွားနိုင်ပါတယ်။

 

ဒီယိုမန်ဒီ အတွက် လမ်းနှစ်သွယ်

ဘွန်ဒက်စ်လီဂါမှာ ၁၀ ဂိုးသွင်း၊ ၇ ဂိုး ဖန်တီးထားတဲ့ ဒီယိုမန်ဒီကို ယူနိုက်တက် အပြင် တခြားအသင်းကြီးတွေ ကလည်း မျက်စိကျနေပါတယ်။
ယန် ဒီယိုမန်ဒီကို အသည်းအသန် ချိတ်ဆက်နေတဲ့ မန်ချက်စတာယူနိုက်တက်

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဒီယိုမန်ဒီ အတွက် အခြေအနေဟာ “ ၅၀-၅၀” ဖြစ်နေပြီး လမ်းနှစ်သွယ် ရှိနေပါတယ်။ ပထမ တစ်လမ်း ကတော့ နွေရာသီမှာ အသင်း ပြောင်းဖို့ ဖြစ်ပြီး လက်ရှိ ခြေစွမ်းပြနေချိန်မှာ အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ဖို့ ဖြစ်ပါတယ်။

နောက်တစ်လမ်း ကတော့ စာချုပ်သစ်ချုပ်ဆိုဖို့ ဖြစ်ပြီး လိုက်ပ်ဇစ်မှာ အနည်းဆုံး ၁ နှစ် ထပ်နေပြီး လစာတိုးမြှင့်ရယူကာ နောင်နှစ်တွေမှာ မိမိစိတ်ကြိုက် အသင်းပြောင်းနိုင်ခွင့် ထည့်သွင်းဖို့ပါ။ ဒီလမ်းစဉ်ဟာ လက်ရှိ ယူနိုက်တက် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို လိုက်ပ်ဇစ်မှာ ရှိစဉ်က လုပ်ဆောင်ခဲ့တဲ့ လမ်းစဉ် အတိုင်း ဖြစ်ပါတယ်။ ဆက်စ်ကို ဟာလည်း အာဆင်နယ်၊ ချဲလ်ဆီး တို့ရဲ့ စိတ်ဝင်စားမှုကို ရနေစဉ်မှာပဲ လိုက်ပ်ဇစ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး နောက်တစ်နှစ်မှာမှ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

 

ပြိုင်ဘက်များပြားလှတဲ့ အပြောင်းအရွှေ့

ဘွန်ဒက်စ်လီဂါမှာ ၁၀ ဂိုးသွင်း၊ ၇ ဂိုး ဖန်တီးထားတဲ့ ဒီယိုမန်ဒီကို ယူနိုက်တက် အပြင် တခြားအသင်းကြီးတွေ ကလည်း မျက်စိကျနေပါတယ်။ ဂျာမန်မြေက ထိပ်တန်း လူငယ်တွေကို လက်မလွှတ်စတမ်း ခေါ်ယူလေ့ရှိတဲ့ ဘေယန်မြူးနစ်ဟာ ဒီယိုမန်ဒီကို အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်ဖို့ စိတ်ဝင်စားနေပါတယ်။

မိုဟာမက် ဆာလာရဲ့ နေရာကို ရေရှည်မှာ အစားထိုးဖို့ အတွက် လစ်ဗာပူးလ် ကလည်း ဒီယိုမန်ဒီကို စောင့်ကြည့်နေပါတယ်။ မိုက်ကယ် အိုလီဆေးကို ဘေယန် ကနေ ခေါ်ယူဖို့ မလွယ်ကူတော့တဲ့ အတွက် လစ်ဗာပူးလ်ဟာ ဒီယိုမန်ဒီ ဘက်ကို အာရုံစိုက်လာတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပြင်သစ် ကလပ် ပီအက်စ်ဂျီ ကလည်း ဒီယိုမန်ဒီရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ရှိပါတယ်။

အကယ်၍ ဒီယိုမန်ဒီသာ လိုက်ပ်ဇစ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ရင် စိတ်ဝင်စားနေတဲ့ အသင်းတွေ အနေနဲ့ ၂၀၂၇ ခုနှစ် အထိ စောင့်ဆိုင်းရနိုင်ပေမယ့် စာချုပ်ဖျက်သိမ်းကြေး ပါဝင်လာခဲ့ရင်တော့ လာမယ့် နှစ်တွေမှာ ညှိနှိုင်းရတာ ပိုမို လွယ်ကူ ရိုးရှင်းသွားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်