နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“အာဆင်နယ်ကို ပြောင်းရွှေ့ဖို့က လွယ်ကူတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်” – ဇိုးလစ် | ပရီးမီးယားလိဂ်

ခရစ္စတို ဇိုးလစ် ကတော့ ၂၀၂၁ ခုနှစ်တုန်းက နောဝစ်ချ်စီးတီးနဲ့ အတူ အမ်းမရိတ်စ်ကွင်းမှာ သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံး ပွဲစဉ်ကို စတင် ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အခုချိန် မှာတော့ တခြား ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရသည့်တိုင်အောင် အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ “အလွန် လွယ်ကူတဲ့” ရွေးချယ်မှု တစ်ခု ဖြစ်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂရိ တောင်ပံ ကစားသမား ဇိုးလစ်ဟာ ကလပ် ဘရုဂေး အသင်း ကနေ ပေါင် ၃၄ သန်း (ယူရို သန်း ၄၀) နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းဆီ ရောက်ရှိလာခဲ့တာပါ။ အာဆင်နယ်ဟာ သူ့ကို လီအန်ဒရို ထရော့ဆက်ဒ်ရဲ့ နေရာမှာ တိုက်ရိုက် အစားထိုး ကစားသမား အဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဘရုဂေး အသင်းကို ဘယ်လ်ဂျီယံ ပရိုလိဂ် ချန်ပီယံဆု ရရှိအောင် ကူညီပေးခဲ့တဲ့ ဇိုးလစ်ဟာ ၂၀၂၅-၂၆ ရာသီမှာ ပြိုင်ပွဲစုံ ၂၂ ဂိုး သွင်း၊ ၂၉ ဂိုး ဖန်တီးပေးခဲ့ကာ အထူး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဥရောပ ထိပ်တန်း အမှတ်ပေးလိဂ် ၁၀ ခုစလုံးမှာ ကြည့်မယ် ဆိုရင် ဇိုးလစ်ဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ပွဲစဉ်တွေမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမား (၂၃ ကြိမ်) ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံ လိဂ်မှာ တိုက်ရိုက် ဂိုးပါဝင်ပတ်သက်မှု အများဆုံး (၄၀ ကြိမ်) စံချိန်နဲ့ အောင်မြင်တဲ့ ဖြတ်တင်ဘော အများဆုံး (၉၇ ကြိမ်) စံချိန်တွေကိုပါ စိုက်ထူနိုင်ခဲ့သူပါ။

သူ့ရဲ့ ပရီးမီးယားလိဂ် နေ့သစ်ဟာ အမ်းမရိတ်စ်ကွင်းမှာပဲ စတင်ခဲ့တာ ဖြစ်လို့ အခု အာဆင်နယ် ကစားသမား ဖြစ်လာတာကို ကြမ္မာစက်ဝိုင်း တစ်ပတ် ပြန်လည်လာတဲ့ အခိုက်အတန့် အဖြစ် ဇိုးလစ်က ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။ “တကယ်ကို ရူးသွပ်စရာ ပါပဲ” လို့ ဇိုလစ်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ “အဲဒီတုန်းက နှစ်သင်းလုံး (အာဆင်နယ်နဲ့ ဘရုဂေး) အတွက် ခက်ခဲတဲ့ ကာလ ဖြစ်ခဲ့ပေမယ့် တကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံပါ။ အမ်းမရိတ်စ်မှာ ပထမဆုံး ပွဲထွက်ခဲ့ပြီး အခု အာဆင်နယ်ရဲ့ ကစားသမား တစ်ယောက် ဖြစ်လာတာက သိပ်ကို အထူးခြားဆုံးပါပဲ။”

“ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြတဲ့ အသင်း တချို့ ရှိခဲ့ပေမယ့် အာဆင်နယ် ကတော့ အတိကျဆုံး အလေးနက်ဆုံး ဆက်သွယ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော့် ဘက်ကလည်း ‘ဒီအသင်းကိုပဲ သွားချင်တယ်၊ တခြား ဘာမှ မကြားချင်ဘူး’ ဆိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လွယ်ကူသွားခဲ့တာပါ။ အခြား အသင်းတွေ ကြိုးစားခဲ့ကြပေမယ့် ဒီကို လာဖို့က အလွန် လွယ်ကူပြီး ရှင်းလင်းတဲ့ ရွေးချယ်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။” လို့ ခရစ္စတို ဇိုးလစ်က ပြောကြားခဲ့ပါတယ်။

ဇိုးလစ်ဟာ ၂၀၂၁ ခုနှစ် သြဂုတ်လတုန်းက အသက် ၁၉ နှစ် အရွယ်နဲ့ နောဝှစ်ချ်စီးတီး အသင်းဆီ ရောက်ရှိခဲ့ပေမယ့် ပထမဆုံး ရာသီမှာ ပြိုင်ပွဲစုံ ၁၇ ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီး နောဝှစ်ချ် ကလည်း တန်းဆင်းခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ချန်ပီယံရှစ်မှာ ဆက်လက် ကစားခဲ့သလို အက်ဖ်စီ တွမ်တီးနဲ့ ဖော်တူနာ ဒူဆယ်ဒေါ့ဖ် တို့ဆီ အငှား ပြောင်းရွှေ့ခဲ့ရပြီး ၂၀၂၄-၂၅ ရာသီ မတိုင်ခင် မှာတော့ ဘရုဂေးဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

“အဲဒီတုန်းက ကျွန်တော့် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝ ဒုတိယမြောက် ရာသီပဲ ရှိပါသေးတယ်။ အသင်း ကလည်း ပရီးမီးယားလိဂ် အတွက် တကယ် အဆင်သင့် မဖြစ်သေးပါဘူး” လို့ ဂျီရိုနာကို အနိုင်ရခဲ့တဲ့ အာဆင်နယ်ရဲ့ ခြေစမ်းပွဲမှာ ဂိုးသွင်းယူခဲ့သူ ဇိုလစ်က သူ့ရဲ့ ယခင် အတွေ့အကြုံနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ရီးရဲလ်မက်ဒရစ်မှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။
အာဆင်နယ်က ကျစ်လျစ် ခိုင်မာတဲ့ အသင်း ဖြစ်လို့ ပြောင်းရွှေ့ဖို့ အလွယ်တကူ ဆုံးဖြတ်ခဲ့တဲ့ ခရစ္စတို ဇိုးလစ်

“ကျွန်တော်က ဘောလုံးကို ကိုင်ကစားပြီး အခွင့်အရေးတွေ အများကြီး ဖန်တီးပေးနိုင်တဲ့ အသင်းမှာ ကစားချင်တဲ့ တိုက်စစ် ကစားသမား ဖြစ်တာကြောင့် နော့ဝှစ်ချ်မှာ အဆင်ပြေအောင် အလိုက်သင့် ကစားဖို့ ခက်ခဲခဲ့တာပါ။ ဘောလုံးမှာ အမြဲတမ်း တိုက်ရိုက် ထိပ်တန်း အဆင့်ဆီ ရောက်သွားဖို့ မလွယ်ပါဘူး။ လူငယ် ကစားသမား တစ်ယောက် အနေနဲ့ တိုးတက်ဖို့ ကစားချိန် လုံလုံလောက်လောက် မရခဲ့တာက နော့ဝှစ်ချ်မှာ ကြုံခဲ့ရတဲ့ ဆိုးရွားတဲ့ အချက်ပါ။ အဲဒါကြောင့် ဒူဆယ်ဒေါ့ဖ်ဆီ သွားပြီး ယုံကြည်မှု ပြန်ရှာခဲ့တာပါ။ ဘာလို့လဲ ဆိုတော့ ဂိုးတွေ သွင်းနိုင်တဲ့ အရည်အသွေးနဲ့ ကျွမ်းကျင်မှု ရှိတယ် ဆိုတာ ကျွန်တော် သိလို့ပါ။ အမြင့်ဆုံး အဆင့် မဟုတ်ခဲ့ရင်တောင် ပွဲတိုင်း ကစားရပြီး ဂိုးသွင်းနိုင်၊ ဖန်တီးနိုင်၊ ခြေစွမ်းပြနိုင်တယ်ဆိုတဲ့ ခံစားချက်ရတာ ကောင်းပါတယ်။”

“အခုဆိုရင် အသင်းတွေ အတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ၃ နှစ် ဆက်တိုက် ပါဝင်ခဲ့ပြီးပါပြီ။ ပရီးမီးယားလိဂ်မှာ ကစားဖို့ အရင်ကထက် ပိုမို အသင့် ဖြစ်နေပါပြီ။ နောဝစ်ချ်မှာတုန်းက ကစားသမား မဟုတ်တော့တာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ဓာတ်ပိုင်းပါ ပိုမို ကြံ့ခိုင်လာပါပြီ။ အခုချိန်ဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်စွမ်း ရှိတယ်ဆိုတာ ပြသရမယ့် အချိန်ပါပဲ” လို့ ဇိုးလစ်က ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ရီးရဲလ်မက်ဒရစ်မှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲ ရောက်ရှိနေတာ ဖြစ်ပြီး ရီးရဲလ်ဘက်က စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပေမယ့်လည်း အာဆင်နယ် ကတော့ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

တကယ်လို့ ဗင်နီးစီးယပ်စ်သာ အမ်းမရိတ်စ်ဆီ ရောက်ရှိလာခဲ့ရင် ဇိုးလစ်နဲ့ ပွဲထွက်နေရာ အတွက် အပြိုင်အဆိုင် ဖြစ်လာမှာ ဖြစ်ပေမယ့် ဂရိ လက်ရွေးစင် ကတော့ သူ့ရဲ့ နေရာကို အရယူဖို့ အသင့် ဖြစ်နေပါတယ်။ “ကစားသမား တစ်ယောက် အနေနဲ့ ကျွန်တော့်မှာ ယုံကြည်မှု အပြည့် ရှိတာကြောင့် အနာဂတ်မှာ အသင်းက ဒီနေရာ အတွက် ဘာလုပ်မလဲဆိုတာ မတွေးပါဘူး။ ကျွန်တော် စဉ်းစားတာက ရာသီ အစတည်းက အသင်းနဲ့ အတူ တိုက်ရိုက် လေ့ကျင့်ခွင့်ရပြီး ခြေစမ်းပွဲတွေ၊ တရားဝင်ပွဲတွေ ကစားရမှာ ဖြစ်လို့ ကလပ် အသင်းနဲ့ မြန်မြန်ဆန်ဆန် အသားကျအောင် ဘယ်လို တိုးတက်အောင် လုပ်မလဲ ဆိုတာပါပဲ။” 

“ဒါဟာ ရာသီ အစတည်းက ပွဲထွက်ခွင့်ရဖို့ အခွင့်အရေး တစ်ခု ဖြစ်ပြီး အသင်းဆီ ဘာတွေ ယူဆောင်ပေးနိုင်မလဲ ဆိုတာ ပြသဖို့က ကျွန်တော့်အပေါ်ပဲ မူတည်ပါတယ်။ နောက်လာမယ့် ပွဲတွေမှာ ဒါကို ပြသသွားနိုင်မယ်လို့လည်း ယုံကြည်မှု အပြည့် ရှိပါတယ်။”လို့ ဇိုးလစ်က ယုံကြည်ချက်ရှိရှိ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်