ဒန်နီ ဝဲလ်ဘက်ခ် ကတော့ မမျှော်လင့်ဘဲ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန် ကတော့ သရဲနီ တိုက်စစ်မှူးဟောင်းကို မန်ချက်စတာ ယူနိုက်တက် ဆီပဲ ပြန်လာဖို့ တိုက်တွန်းလိုက်ပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ အသက် ၃၅ နှစ်အရွယ် ဝဲလ်ဘက်ခ်ဟာ အံ့အားသင့်စရာ အပြောင်းအရွှေ့ အဖြစ် ချဲလ်ဆီးဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေသလို ဂျော်ဒန် ဟန်ဒါဆန် ကလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးဆီ ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။ ဝဲလ်ဘက်ခ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၃ ဂိုး အထိ သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြခဲ့တာပါ။ ဒါဟာ သူ့ရဲ့ အင်္ဂလန် ထိပ်တန်းလိဂ် ကစားသမား ဘဝ တစ်လျှောက် ရာသီ တစ်ခု အတွင်း အများဆုံး သွင်းဂိုး စံချိန်လည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီသွင်းဂိုး အရေအတွက်ဟာ ဘရိုက်တန် အသင်းရဲ့ ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ဂိုးအများဆုံး သွင်းယူမှု စံချိန် (၂၀၁၈-၁၉ ရာသီက ဂလင်း မူရေး သွင်းယူခဲ့တဲ့ ၁၃ ဂိုး) ကို စံချိန်တူ အမီလိုက်နိုင်ခဲ့တာ ဖြစ်ပြီး ဘရိုက်တန်ကို ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ကစားသမား ဘဝ တလျောက် အာဆင်နယ်၊ ဆန်းဒါးလန်း အသင်းတို့ မှာလည်း ပါဝင်ကစားခဲ့ဖူးသူ ဝဲလ်ဘက်ခ်ဟာ မန်ယူနိုက်တက် အတွက် ပွဲပေါင်း ၁၄၂ ပွဲ ပါဝင် ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဝဲလ်ဘက်ခ်ဟာ ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ၁ ကြိမ်၊ ခရာဘောင်ဖလား ၂ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်နဲ့ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။

မန်ယူနိုက်တက်မှာ ဝဲလ်ဘက်ခ်နဲ့ အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ ဖာဒီနန် ကတော့ တိုက်စစ်မှူးကို ဒီနွေရာသီမှာ အိုးထရက်ဖိုဒ်ဆီ ပြန်လာဖို့ အလိုရှိနေတာပါ။ ဖာဒီနန်က သူ့ရဲ့ X (Twitter) အကောင့်မှာ “ဝဲလ်ဘက်ခ်ရေ ချဲလ်ဆီးကို ပစ်ထားလိုက်ပြီး အိမ်ပြန်ခဲ့တော့ မန်ချက်စတာမှာ လာမယ့် ရာသီ ချန်ပီယံလိဂ် ကစားရမယ်” လို့ ရေးသားခဲ့ပါတယ်။
ချဲလ်ဆီး အသင်းရဲ့ နောက်ပိုင်း အလားအလာဟာ လူငယ်ကစားသမားတွေ ကိုပဲ ဦးစားပေး ခေါ်ယူနေတာကြောင့် ဝဲလ်ဘက်ခ် ရောက်ရှိလာတော့မယ့် သတင်းဟာ တကယ်ကို အံ့အားသင့်စရာ ဖြစ်ခဲ့ရတာပါ။ အမှန်တကယ်တော့ ချဲလ်ဆီးဟာ အသက် ၃၉ နှစ် အရွယ် သီယာဂို ဆေးလ်ဗား ၂၀၂၄ မေလမှာ နောက်ဆုံး ပါဝင်ကစားပေးခဲ့ပြီးကတည်းက ပြိုင်ပွဲစုံ နောက်ဆုံး ၁၂၃ ပွဲ ဆက်တိုက် အသက် ၃၀ အထက် ကစားသမား တစ်ဦး ကိုမှ ကွင်း အတွင်း ဝင်ရောက် ကစားခွင့် မပေးခဲ့ပါဘူး။
အကယ်၍ ဝဲလ်ဘက်ခ်သာ လာမယ့်ရာသီမှာ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ပွဲ ပါဝင်ကစားပေးခဲ့ရင် သူဟာ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ယူနိုက်တက် ၃ သင်း စလုံး အတွက် ပါဝင်ကစားဖူးတဲ့ ပထမဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ နည်းပြသစ် ဇာဘီ အလွန်ဆိုနဲ့ အတူ ရာသီသစ်မှာ အောင်မြင်မှုတွေ ပြန်လည် ရယူဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိတော့ လန်ဒန် ကလပ်က အီမန်နျူရယ် အီမက်ဂ်ဟာ၊ မာကို ပါလက်စထရာ၊ ဂျီယိုဗန်နီ ကွင်ဒါ၊ မော်ဂန် ရော်ဂျာစ် တို့ကို ခေါ်ယူထားပြီး ယူရို သန်း ၁၄၀ နီးပါး သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက အပြောင်းအရွှေ့ ဈေးကွက် အတွင်း ကစားသမားသစ် တော်တော်များများကို ခေါ်ယူဖို့ ချိန်ရွယ်နေဆဲ ဖြစ်ကာ အသင်းကို ထပ်မံ အားဖြည့်ဖို့ ရှိနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


