နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ရိုဒရီ (သို့မဟုတ်) ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်တို့ မဖြစ်မနေခေါ်ယူဖို့ လိုအပ်နေတဲ့ ကြယ်စင်စု ကစားသမား | လာလီဂါ

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စပိန် ကွင်းလယ်လူ ရိုဒရီရဲ့ ခြေစွမ်းပြ စိုးမိုးမှုဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အားအနည်းဆုံး နေရာ အတွက် ကွက်တိ ဖြစ်နေပါတယ်။ ဥက္ကဋ္ဌ ဖလောရန်တီနို ပီရက်ဇ်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ရီးရဲလ်မက်ဒရစ်ဆီ ခေါ်ယူပေးမယ့် သူ့ရဲ့ ထုံးစံကို ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ 

မက်ဒရစ် မြို့တော် မှာလည်း လူးဝစ် ဖီဂို ကနေ ကီလီယန် အမ်ဘာပေး အထိ ပီရက်ဇ် လက်ထက် ခေါ်ယူခဲ့တဲ့ နာမည်ကြီး ကစားသမားတွေရဲ့ ပိုစတာတွေကို “ဆက်ရန်” ဆိုတဲ့ စာသားနဲ့ အတူ အကြီးအကျယ် ချိတ်ဆွဲပြသခဲ့ပါတယ်။ ဒါ့အပြင် ပီရက်ဇ်ဟာ မဲခွဲခါနီး နောက်ဆုံး အချိန်မှာ နာမည်မဖော်လိုတဲ့ “ကြယ်စင်စု ကစားသမား” တစ်ယောက် အတွက် ယူရို သန်း ၁၅၀ အထိ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါသေးတယ်။

ပြိုင်ဘက် ဖြစ်သူ အင်းနရစ်ခ် ရီကွယ်လ်မီကို အနိုင်ရပြီးကတည်းက အသက် ၇၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဥက္ကဋ္ဌကြီးဟာ ဂျူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သလို၊ ဘေယန်မြူးနစ်ရဲ့ မိုက်ကယ် အိုလီဆေး ကိုလည်း မျက်စိကျနေခဲ့ပါတယ်။ ပြီးတော့ အာလင်း ဟာလန်း ဟာလည်း ကားတွေ၊ နာရီတွေ စုဆောင်းရတာ ဝါသနာပါတဲ့ လူချမ်းသာ အဖိုးကြီးတွေလို စူပါစတာတွေကို စုဆောင်းရတာ ဝါသနာ ပါတဲ့ ပီရက်ဇ် အတွက် စောင့်ကြည့်ချင်စရာ ဖြစ်နေဆဲပါ။

အသင်းမှာ အမ်ဘာပေး၊ ဗင်နီးစီးယပ်စ် တို့လို ကစားသမားတွေ နေရာလုနေရတဲ့ ကြားက နောက်ထပ် နာမည်ကြီး တိုက်စစ်မှူး တစ်ယောက် တကယ် လိုအပ်လို့လားလို့ မေးမြန်းတဲ့ အခါမှာတော့ ပီရက်ဇ်က “မက်ဒရစ်မှာ ဆိုရင် အမြဲတမ်း ပိုရှိနေလို့ ရပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

 

မက်ဒရစ်ရဲ့ ကွင်းလယ်ပြဿနာ

ဥက္ကဋ္ဌကြီးရဲ့ စိတ်အာရုံဟာ လျှပ်စီးလက်သလို တောက်ပတဲ့ တိုက်စစ်မှူးတွေဆီမှာပဲ ရှိနေပေမယ့် အထက်ပါ နာမည်တွေထဲက တစ်ယောက်မှ မက်ဒရစ်ရဲ့ အလိုအပ်ဆုံး နေရာ ဖြစ်တဲ့ “ကွင်းလယ်” ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ လာလီဂါ ကလပ်ဟာ ဂန္ထဝင်တွေ ဖြစ်တဲ့ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ်တို့ ထွက်ခွာသွားပြီးနောက် ကွင်းလယ်မှာ ကွက်လပ်ကြီး ဖြစ်ကျန်ခဲ့ပါတယ်။ ပထမ အသင်းမှာ သီးသန့် ခံစစ် ကွင်းလယ်လူ အဖြစ် အော်ရီလီယန် ချူအာမေနီ တစ်ဦးပဲ ရှိပါတော့တယ်။ ပိုဆိုးတာက ဒီပြင်သစ် ကစားသမားဟာ ပြည်တွင်းရော နိုင်ငံတကာပွဲတွေ မှာပါ သူ့ရဲ့ အကောင်းဆုံး ပုံစံကို မပြသနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ မေလတုန်းကလည်း ဗယ်လ်ဒီဘီဘတ်စ် လေ့ကျင့်ရေးကွင်းမှာ ဖာဒီနန်ဒို ဗယ်လ်ဗာဒီနဲ့ စကားများခဲ့ရာ ကနေ ဗယ်လ်ဗာဒီ ဆေးရုံတက်ခဲ့ရတဲ့ အထိ အဝတ်လဲခန်းတွင်း အက်ကြောင်းထင်မှုတွေ လူသိရှင်ကြား ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် အသက် ၂၆ နှစ် အရွယ် ချူအာမေနီဟာ ခရူးစ်နဲ့ မိုဒရစ် တို့လို ကွင်းလယ် အနိမ့်ပိုင်း ကနေ ကစားကွက် တည်ဆောက်နိုင်တဲ့သူ မဟုတ်ပါဘူး။

နည်းပြသစ် ဟိုဆေး မော်ရင်ညို ရောက်ရှိလာပြီး အသင်းရဲ့ စည်းကမ်းနဲ့ စနစ်ကို ပြန်လည် ဆန်းစစ်နေပါတယ်။ ခံစစ်ပိုင်းမှာ မာ့ခ် ကူကူရယ်လာကို ခေါ်ယူပြီး ဘယ်နောက်ခံလူနေရာကို အဆင့်မြှင့်တင်ခဲ့သလို၊ အီဘရာဟီမာ ကိုနတေး၊ ဒန်ဇဲလ် ဒမ်းဖရီးစ်တို့နဲ့လည်း ခံစစ်အင်အားကို ဖြည့်တင်းထားနိုင်ပါတယ်။ ဒါပေမယ့် ကွင်းလယ် အားနည်းချက် ကတော့ အားလုံးမြင်နေရတဲ့ ပြဿနာကြီး တစ်ခု အဖြစ် ရှိနေဆဲပါ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ပီရက်ဇ်ရဲ့ ပြိုင်ဘက် ဖြစ်ခဲ့သူ ရီကွယ်လ်မီ ကသာ ရွေးကောက်ပွဲ မဲဆွယ်စဉ်တုန်းက မန်စီးတီး ကြယ်ပွင့် ရိုဒရီကို ဟာလန်းနဲ့ အတူ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ပြီး သူနိုင်ရင် ခေါ်ယူပေးမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ရီကွယ်လ်မီရဲ့ မဲဆွယ်မှုမှာ အမှားအယွင်းတွေ ရှိခဲ့ရင်တောင် ရိုဒရီကို ပစ်မှတ်ထားခဲ့တာ ကတော့ လုံးဝ မမှားပါဘူး။ မက်ဒရစ်ရဲ့ ကွင်းလယ်ကို ပြုပြင်ပြီး အသင်းကို နောက်တစ်ဆင့်ဆီ ပို့ဆောင်ပေးဖို့ ရိုဒရီထက် ပိုကိုက်ညီတဲ့သူ ရှာဖို့ ခက်ခဲပါတယ်။

 

ကမ္ဘာ့ဖလားမှာ တောက်ပနေတဲ့ ရိုဒရီ

အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ ဒီတစ်ပတ် ပိတ်ရက်မှာ သူ့ရဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ဆင်နွှဲရတော့မယ့် စပိန် အသင်းရဲ့ အဓိက နှလုံးသည်းပွတ် သို့မဟုတ် နည်းပြ လူဝစ် ဒီလာဖွန်တေး ခေါ်သလို ဆိုရင်တော့ “ကွန်ပျူတာ” တစ်လုံး ဖြစ်ပါတယ်။

သူဟာ ဖီဖာရဲ့ ခံစစ်စွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးက ရပ်တည်နေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုထဲမှာ ဘောလုံးပေးပို့မှု အများဆုံး စံချိန် (လက်ရှိ ၆၉၄ ကြိမ်) ကိုလည်း တင်ရှိထားပါတယ်။

ပြင်သစ်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မန်စီးတီး ကြယ်ပွင့်ဟာ ဘောလုံးပိုင်ဆိုင်မှု ထိန်းချုပ်ခြင်း၊ ကစားကွက်ကို စိတ်ကြိုက် ပုံဖော်ခြင်းတွေနဲ့ အတူ အိုလီဆေးနဲ့ အမ်ဘာပေး တို့လို စူပါစတား တိုက်စစ်မှူးတွေရဲ့ ခြိမ်းခြောက်မှုကို လုံးဝ အစဖျောက် ပိတ်ဆို့နိုင်ခဲ့ပြီး စပိန် အသင်းကို ၂-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရစေခဲ့ပါတယ်။ တက္ကဆက်မှာ ကစားခဲ့တဲ့ အဲဒီ မိနစ် ၉၀ အတွင်းမှာ ဘယ်ကစားသမားမှ ရိုဒရီထက် ပိုမပြေးနိုင်ခဲ့ဘဲ သူဟာ ၁၂.၆၃ ကီလိုမီတာ (၇.၈ မိုင်) အထိ အကွာအဝေး ပြေးလွှားခဲ့တာပါ။

တစ်ဖက် မှာတော့ ဒဏ်ရာ ကနေ လုံးဝ သက်သာခြင်း မရှိသေးတဲ့ ချူအာမေနီ ရုန်းကန်နေရတာကို ကြည့်ခြင်းအားဖြင့် ရီးရဲလ်မက်ဒရစ် အသင်းမှာ ဘာတွေ လိုအပ်နေလဲ ဆိုတာ ပိုပြီး အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ရွှေဘောလုံးဆု အတွက် လီယွန်နယ် မက်ဆီက ရေပန်းအစားဆုံး ဖြစ်နေနိုင်ပေမယ့်၊ တကယ်လို့ တနင်္ဂနွေနေ့မှာ စပိန် အသင်းသာ ဗိုလ်စွဲခဲ့မယ် ဆိုရင် အဖိုးတန်ဆုံး ကစားသမား (MVP) က ရိုဒရီပဲ ဖြစ်လာမှာ သံသယဖြစ်စရာ မရှိပါဘူး။

 

ပီရက်ဇ်နဲ့ ရိုဒရီကြားက ဆက်ဆံရေးကြောင့် အပြောင်းအရွှေ့ ခက်ခဲနိုင်ခြင်း

ကမ္ဘာ့ဖလား မစတင်မီကတည်းက ရိုဒရီဟာ သူ့ရဲ့ ကလပ် အနာဂတ်နဲ့ ပတ်သက်ပြီး ဝေဝေဝါးဝါးပဲ ဖြေကြားခဲ့ပါတယ်။ “ကျွန်တော် လက်ရွေးစင် အသင်း အတွက် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ ဒါက ကျွန်တော့်ရဲ့ လမ်းစဉ်ပါ။ အပြင်က ကောလာဟလတွေကို နားလည်ပါတယ်၊ ဒါပေမယ့် အဲဒါတွေ အတွက် အချိန်အကုန်မခံနိုင်ပါဘူး။ ကမ္ဘာ့ဖလား အပြီးကျမှပဲ ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့။”

အစီရင်ခံစာ အတော်များများရဲ့ အဆိုအရ လာလီဂါ ကလပ် ဘက်က လက်ရှိမှာ စိတ်ဝင်စားမှု သိပ်မရှိတာကြောင့် ဥက္ကဋ္ဌကြီး ကျော်ဖြတ်ရမယ့် အဟန့်အတား တချို့ ရှိနေပုံ ရပါတယ်။
နှစ်ရာသီ ဆက်တိုက် အောင်မြင်မှုတွေနဲ့ လွဲချော်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

သူ့ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တာ ဖြစ်ပြီး ပပ် ဂွါဒီယိုလာ မန်စီးတီး ကနေ ထွက်ခွာတော့မယ့် အချိန်ဟာ မန်စီးတီးရဲ့ ခေတ်တစ်ခေတ် ကုန်ဆုံးခြင်းလည်း ဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ ၇ ရာသီကြာ ဖြတ်သန်းခဲ့တဲ့ ရိုဒရီ အနေနဲ့ စိန်ခေါ်မှုအသစ်ကို ရှာဖွေဖို့ အချိန်ကောင်း ရောက်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း မက်ဒရစ်မြို့ဖွား ရိုဒရီဟာ ဘာနေဗျူးဆီ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး Cadena SER ကို အခုလို အရိပ်အမြွက် ပြောခဲ့ဖူးပါတယ်။ “သမိုင်းတစ်လျှောက် အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ကလပ် အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ဆက်သွယ်လာရင် ဒါဟာ တကယ့်ကို ဂုဏ်ယူစရာဖြစ်ပြီး အမြဲတမ်း အလေးအနက် ထည့်သွင်း စဉ်းစားရမှာ သေချာတာပေါ့။” လို့ ရိုဒရီက ဆိုပါတယ်။

 

ဒါဆိုရင် ပီရက်ဇ်က ဘာလို့ ဒီလို ကွက်တိ ဖြစ်မယ့် ကစားသမားကို အရမခေါ်ယူတာလဲ။

 အစီရင်ခံစာ အတော်များများရဲ့ အဆိုအရ လာလီဂါ ကလပ် ဘက်က လက်ရှိမှာ စိတ်ဝင်စားမှု သိပ်မရှိတာကြောင့် ဥက္ကဋ္ဌကြီး ကျော်ဖြတ်ရမယ့် အဟန့်အတား တချို့ ရှိနေပုံ ရပါတယ်။

ပထမအချက်က ရိုဒရီဟာ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်တာကြောင့် ပီရက်ဇ် သဘောကျတဲ့ နာမည်ကြီး ကြယ်ပွင့်မျိုး မဟုတ်ပါဘူး။ ၂၀၁၄-၁၅ ရာသီမှာ တိုနီ ခရူးစ်ကို ခေါ်ယူခဲ့ပြီးကတည်းက ပီရက်ဇ်ဟာ ကွင်းလယ်ပိုင်း အတွက် ကာမာဗင်ဂါ၊ ချူအာမေနီနဲ့ ဆယ်ဘာယော့စ်တို့လောက် ကိုပဲ ငွေကြေး အမြောက်အမြား သုံးစွဲခဲ့ပြီး ကျန်တဲ့ ငွေတွေကို တခြားနေရာတွေ အတွက်ပဲ ချန်ထားလေ့ ရှိပါတယ်။ ရိုဒရီလို ကွင်းတွင်းမှာ အမြဲတမ်း အနိုင်ရနေပြီး အသင်း အတွက် ကွက်တိ ကစားပေးတတ်ပေမယ့် လူအများရဲ့ အာရုံစိုက်မှုကို မခံယူချင်တဲ့သူမျိုးက ပီရက်ဇ် အတွက်တော့ ကြယ်စင်စု အဆင့် မမီဘူးလို့ ယူဆပုံရပါတယ်။

ဒုတိယအချက် ကတော့ ၂၀၂၄ ခုနှစ်ရဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲ ကိစ္စ ဖြစ်ပါတယ်။ ရိုဒရီက ဗင်နီးစီးယပ်စ်ကို ကျော်ပြီး ဆုရရှိသွားခဲ့လို့ ပီရက်ဇ်က အသင်း တစ်သင်းလုံးကို ဆုပေးပွဲ မတက်ဖို့ သပိတ်မှောက်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။

တခြားသော အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ရိုဒရီဟာ အသက် ၃၀ ကျော်သွားပြီ ဖြစ်သလို ၂၀၂၄ တုန်းကလည်း ACL ရရှိခဲ့ဖူးပါတယ်။ ဒါကြောင့် မက်ဒရစ် အနေနဲ့ ရိုဒရီ အတွက် ငွေအများကြီး ရင်းနှီးမြှပ်နှံရင် ပြန်ရောင်းတဲ့အခါ အရင်းကျေဖို့ မလွယ်ကူသလို၊ ရေရှည် အတွက် ဖြေရှင်းချက် မဟုတ်မှာကိုလည်း စိုးရိမ်နေနိုင်ပါတယ်။ ဒါပေမယ့် အကြီးမားဆုံး အဟန့်အတား ကတော့ ရိုဒရီဟာ ပီရက်ဇ်ကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ရီကွယ်လ်မီရဲ့ အဓိက ကစားသမား ဖြစ်နေတာကြောင့်ပါပဲ။ ပီရက်ဇ် အနေနဲ့ သူ့ကို စိန်ခေါ်ခဲ့တဲ့သူရဲ့ မူဝါဒကို ထောက်ခံသလိုမျိုး အဖြစ်မခံချင်တာလည်း ဖြစ်နိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်