နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်အသစ် ဘယ်လိုပုံစံ ဖြစ်လာနိုင်မလဲ၊ ဘာကြောင့် လိုအပ်ချက်တွေ ရှိနေသေးတာလဲ | ပရီးမီးယားလိဂ်

ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကို အကြီးအကျယ် ပြုပြင် ပြောင်းလဲဖို့ ပစ်မှတ်ထား ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက လူအင်အား မလုံလောက်မှုတွေနဲ့ ကက်စ်မဲရိုး ထွက်ခွာသွားတာတွေကြောင့် ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်ဖို့ ယူနိုက်တက်ရဲ့ နွေရာသီ အစီအစဉ်ဟာ ဖြစ်နိုင်ခြေ အမျိုးမျိုးနဲ့ စတင်ခဲ့တာပါ။ ဒါပေမယ့် ၂၀၂၅-၂၆ ရာသီ ပြီးဆုံးခဲ့တာ ၇ ပတ်ပဲ ရှိသေးပေမယ့် အခြေအနေတွေ ကတော့ နေ့စဉ်နဲ့ အမျှ ပြောင်းလဲ လှုပ်ခတ်နေပါတယ်။

ယူနိုက်တက် အနေနဲ့ ကွင်းလယ်ပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ စျေးနှုန်း မတူညီတဲ့ ကွင်းလယ်လူ အသစ် အနည်းဆုံး နှစ်ယောက်၊ သုံးယောက်လောက် အထိ လိုအပ်နေတာ အစကတည်းက ရှင်းနေပါတယ်။ အတ္တလန္တာ ကွင်းလယ်လူ အီဒါဆင်ကို ခေါ်ယူဖို့ မေလ ကတည်းက သဘောတူညီမှု ရခဲ့ပေမယ့် မန်ချက်စတာဘက်က လောလောဆယ် ဒီအစီအစဉ်ကို ဆိုင်းငံ့ထားဖို့ အကြောင်းကြားခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်မချုပ်ခင် အထိ အော်ရီလီယန် ချူအာမေနီ ကလည်း ရွေးချယ်စရာ တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ တစ်ဖက်မှာလည်း တော့တင်ဟမ်ဟော့စပါးက မားတီးယပ်စ် ဖာနန်ဒက်စ်၊ ဆန်ဒရို တိုနာလီတို့ အတွက် သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏမျိုး ဒါမှမဟုတ် မန်စီးတီးက အဲလီယော့တ် အန်ဒါဆန် အတွက် ပေးခဲ့တဲ့ ပြောင်းရွှေ့ကြေးမျိုးကို ယူနိုက်တက် ဘက်က အကုန်အကျမခံလိုခဲ့ပါဘူး။

လက်ရှိ မှာတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကနေ ဘရာဇီးလ် ကွင်းလယ်လူ အန်ဒရီ ဆန်းတိုစ့်ကို ပေါင် သန်း ၅၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီးပါပြီ။ ဒါ့အပြင် အက်စတွန်ဗီလာနဲ့ စာချုပ်ပါ အံ့အားသင့်စရာ စာချုပ် ဖျက်သိမ်းကြေး အခွင့်အရေးကြောင့် ယူရီ တေးလီမန့်စ် ကိုလည်း ပေါင် ၃၅ သန်းနဲ့ မကြာခင် ခေါ်ယူနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။ ဒီကစားသမား နှစ်ယောက်စလုံး အတွက် ကုန်ကျစရိတ်ဟာ စပါးက ဖာနန်ဒက်စ် တစ်ယောက်တည်း အတွက် ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ညီမျှနေတာကြောင့် စမတ်ကျတဲ့ စီးပွားရေး တွက်ချက်မှုလို့ ပြောရမှာပါ။

တကယ်လို့ တေးလီမန့်စ် အပြောင်းအရွှေ့သာ အောင်မြင်သွားမယ် ဆိုရင် နည်းပြ မိုက်ကယ် ကာရစ်ခ် အနေနဲ့ ၄-၂-၃-၁ ကစားကွက်ရဲ့ ကွင်းလယ် ဗဟိုနေရာ နှစ်ခု အတွက် စီနီယာ ကစားသမား သုံးဦး ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရာသီက ကိုဘီ မိန်းနူး၊ ကက်စ်မဲရိုးနဲ့ မန်နျူရယ် အူဂါတေတို့ ရှိခဲ့တဲ့ အရေအတွက်နဲ့ အတူတူပါပဲ။ ဒါပေမယ့် လာမယ့်ရာသီမှာ ပွဲစဉ်တွေ ပိုများလာမှာ ဖြစ်သလို ပြီးခဲ့တဲ့ ရာသီက အူဂါတေး တစ်ယောက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ကွင်းလယ်ပိုင်းမှာ ကစားသမားတွေကို ပိုပြီး လှည့်ပတ် အသုံးပြုလာနိုင်ပါတယ်။

လိုအပ်ရင် ဘရူနို ဖာနန်ဒက်စ်ကို ကွင်းလယ်အနိမ့်ပိုင်း အထိ ဆွဲချ ကစားစေနိုင်ပြီး ဒါဟာ ပြီးခဲ့တဲ့ ရာသီက ရုဘင် အမော်ရင် လုပ်ချင်ခဲ့တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင် ဘရူနိုကို နံပါတ် ၁၀ နေရာ ကနေ ဖယ်ထုတ်လိုက်ရင်တော့ ပြီးခဲ့တဲ့ရာသီ ဝက်ဝက်ကွဲ ဖန်တီးမှုတွေ လုပ်ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်တင်ခဲ့တဲ့ သူ့ရဲ့ တိုက်စစ် စွမ်းဆောင်ရည် လျော့ကျသွားနိုင်ပါတယ်။

 

ခံစစ် အသားပေး ကွင်းလယ်လူတစ်ဦး လိုအပ်နေဆဲ

ကစားကွက်စနစ်အရရော၊ အသင်းမှာ မရှိမဖြစ် ခြေစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကြောင့်ပါ တေးလီမန့်စ်၊ ဆန်းတို့စ်နဲ့ မိန်းနူးတို့ သုံးယောက်စလုံးကို ပွဲထွက်လူစာရင်းမှာ တစ်ပြိုင်နက် မြင်တွေ့ရဖို့ ကတော့ မလွယ်ပါဘူး။ ကစားသမားတွေရဲ့ အရည်အသွေးနဲ့ ကစားပုံချင်း တူညီနေတာကြောင့် ပွဲထွက်တွဲဖက် နှစ်ယောက်ကို အသေသတ်မှတ်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ် အပြင် ကြားရက် ပွဲစဉ်တွေပါ ဆက်တိုက် ကစားရမယ့် ယူနိုက်တက် အတွက် ကစားသမားတွေကို အလှည့်ကျ သုံးနိုင်တာက ကောင်းတဲ့အရာပါ။

ယူနိုက်တက် ပရိသတ်တွေ ကတော့ မိန်းနူးကို ပွဲတိုင်းနီးပါး ပွဲထွက်ကစားစေချင်ကြမှာ သေချာပါတယ်။ ကာရစ်ခ် ကိုယ်တိုင် ကလည်း မိန်းနူးကို သဘောကျပြီး ၂၀၂၆ ဇန်နဝါရီကတည်းက သူ့ကို ပွဲထွက် လူစာရင်းမှာ ပထမဆုံး ရွေးချယ်လေ့ ရှိပါတယ်။ မိန်းနူးရဲ့ ရှေ့ကို ပေးပို့နိုင်စွမ်းနဲ့ ထိုးဖောက် ဆွဲပြေးနိုင်တဲ့ အရည်အချင်းတွေက ခံစစ် အသားပေး ကစားသမား တစ်ယောက်နဲ့ တွဲဖက်မှသာ အဆင်ပြေမှာ ဖြစ်ပြီး ၂၀၂၆ အစောပိုင်း ကာရစ်ခ်ရဲ့ လက်ထက်မှာ ကက်စ်မဲရိုးနဲ့ တွဲပေးလိုက်တဲ့အခါ အလုပ်ဖြစ်ခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ် အပြင် ကြားရက် ပွဲစဉ်တွေပါ ဆက်တိုက် ကစားရမယ့် ယူနိုက်တက် အတွက် ကစားသမားတွေကို အလှည့်ကျ သုံးနိုင်တာက ကောင်းတဲ့အရာပါ။
ကွင်းလယ် ခံစစ် ကစားသမား တစ်ဦး ထပ်မံ ခေါ်ယူဖွယ် ရှိနေတဲ့ ယူနိုက်တက်

ဆန်းတို့စ် ကတော့ မိန်းနူးအတွက် ‘ဘေးကင်းစိတ်ချရတဲ့’တွဲဖက် တစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒီဘရာဇီးလ်သားဟာ ချဲလ်ဆီး မှာတုန်းက တခြား ကစားသမားတွေ ခြေစွမ်းပြနိုင်အောင် ကွင်းလယ် ကနေ ဘယ်လို ထိန်းကျောင်းပေးရမလဲ ဆိုတာ သက်သေပြခဲ့ပြီးသားပါ။ သူက ဘောလုံးလက်ခံပြီး ရှေ့ကို ဆွဲတင်ပေးနိုင်သလို ကွင်းလယ် ဟန်ချက်ညီဖို့ အတွက်လည်း အဓိကကျပါတယ်။ သတိကြီးကြီးထားပြီး ထိန်းကစားတတ်တဲ့ ဆန်းတို့စ် ကွင်းလယ်မှာ ရှိနေရင် မိန်းနူး တစ်ယောက် အတားအဆီးမရှိ တိုက်စစ်ကို ပိုမိုလိုက်ပါနိုင်မှာ ဖြစ်ပါတယ်။

ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူပြီး ခံစစ်ပိတ် ကစားမယ့် အသင်းတွေကို ရင်ဆိုင်ရမယ့် ပွဲစဉ်မျိုးတွေ မှာတော့ အမြင်ကျယ်ပြီး ဖန်တီးမှု အားကောင်းတဲ့ မိန်းနူးနဲ့ တေးလီမန့်စ် တွဲဖက်က အလုပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်က ပိုတောင့်တင်းပြီး ရုန်းကန်ရမယ့်ပွဲမျိုးတွေ မှာတော့ ဦးနှောက် သုံးပြီး ကစားတတ်တဲ့ ဒီနှစ်ယောက်တွဲဟာ လူချင်းတိုးပြီး ဘောလုံးလုယူနိုင်စွမ်းနဲ့ ဖျက်ထုတ်နိုင်စွမ်းပိုင်းမှာ အားနည်းသွားနိုင်ပါတယ်။ ဆန်းတိုစ့် ကလည်း ဘောလုံး ဖျက်ထုတ်တာထက် ကြားဖြတ် လုယူတာကို ပိုအားသန်သူ ဖြစ်လို့ ဒီပြဿနာ အတွက် တိုက်ရိုက်အဖြေ မဟုတ်ပါဘူး။

တေးလီမန့်စ်နဲ့ ဆန်းတို့စ် တွဲဖက် ကလည်း တစ်ဦးကို တစ်ဦး အပြန်အလှန် အထောက်အကူ ပြုနိုင်ပေမယ့် မာမာထန်ထန် ခံစစ် ကစားဖို့ လိုအပ်တဲ့ ပွဲမျိုးတွေ အတွက်တော့ အားကိုးလို့ မရနိုင်ပါဘူး။

 

ကားလို့စ် ဘာလီဘာကို ပြန်လည် စိတ်ဝင်စားလာခြင်း

ယူနိုက်တက် အနေနဲ့ ခံစစ်ပိုင်းမှာ ကြံ့ခိုင်မှု ရှိပြီး အားကိုးရမယ့် ကွင်းလယ် အဖျက် ကစားသမား တစ်ဦး လိုအပ်နေဆဲ ဖြစ်လို့ပဲ ချူအာမေနီကို စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ကစားပုံ ကြမ်းတမ်းပြီး အားကိုးရတဲ့ အီဒါဆင်ရဲ့ အပြောင်းအရွှေ့ ကလည်း လက်ရှိမှာ ရပ်တန့်နေပေမယ့် အပြီးသတ် ဖျက်သိမ်းလိုက်တာ မဟုတ်ဘဲ စက်တင်ဘာလ မတိုင်ခင်မှာ ပြန်လည် စကားပြောလာနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီက ဘရိုက်တန်ရဲ့ စျေးကြီးကြီး တောင်းမှုကြောင့် လက်လျှော့ခဲ့ရတဲ့ ကားလို့စ် ဘယ်လီဘာ့ ကိုလည်း ပြန်လည် ပစ်မှတ်ထားဖို့ အကြောင်းပြချက် ရှိလာပါတယ်။ ဘယ်လီဘာ့ အတွက် ၂၀၂၅-၂၆ ရာသီက ခြေစွမ်းသိပ်မပြနိုင်ခဲ့သလို ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာလည်း ခြေစွမ်းပြခွင့် မရခဲ့တာကြောင့် သူ့ရဲ့တန်ကြေးက ကျဆင်းသွားနိုင်ပါတယ်။

အဒမ် ဝှာတန် ကတော့ မိန်းနူး ဒါမှမဟုတ် တေးလီမန့်စ် တို့နဲ့ ကစားပုံဆင်တူတာကြောင့် လက်ရှိအချိန်မှာ ခေါ်ယူဖို့ မလိုအပ်တော့ပါဘူး။ ဘုန်းမောက်က အဲလက်စ် စကော့တ် ကတော့ ခံစစ် ကွင်းလယ်လူ စစ်စစ် မဟုတ်ပေမယ့် သူ့ရဲ့ ပြိုင်ဘက်ကို ဖိအားပေးနိုင်စွမ်းနဲ့ အချိန်ကိုက် ဖျက်ထုတ်နိုင်စွမ်းတွေကြောင့် ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ဒါပေမယ့် တစ်ခုတည်းသော ပြဿနာ ကတော့ သူ့ရဲ့ တန်ကြေးက လက်ရှိမှာ အဆမတန် မြင့်တက်နေတာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်